အကောင်းဆုံး Study Guide များစုဝေးရာ MMtutors

ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ပညာရှာဖွေနေသူတွေအတွက် ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခုကိုရရှိသွားစေဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။ လိုချင်တဲ့ပညာရပ်တစ်ခုဟာ နည်းစနစ်တကျသင်ယူမှတ်သားနိုင်မှ ပိုမိုထူးချွန်မှာဖြစ်သလို သင်ကြားပြသမှုဆိုင်ရာကလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ရပ်မှာပါဝင်ပါတယ်။ အဲ့ဒီအတွက်လည်း ကောင်းမွန်တဲ့ပညာ ရပ်တစ်ခုကို သင်ကြားတက်မြောက်စေဖို့ နည်းစနစ်မှန်မှန်သင်ကြားပြသပေးနေတဲ့ နေရာတစ်ခုကိုတော့ စိစစ်ရွေးချယ်တတ် ဖို့လိုပါတယ်။
ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့လည်း အတန်းပညာရပ်တွေကို ထိရောက်စွာသင်ကြားနိုင်သလို ကောင်းမွန်တဲ့ ဘာသာစကားသင်တန်းတွေကိုတက်ရောက်သင်ကြားသူတွေအတွက်တော့ Study Guide များစုဝေးရာ MMtutors ကို တော့ သိထားရင်အဆင်ပြေစေမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/mmtutorseducation/

ရန်ကုန်မြို့မှာတော့ အကောင်းဆုံး Stydy Guide များစုဝေးရာ နေရာတစ်ခုကတော့ MMtutors ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက မိဘတွေနဲ့ ကျောင်းသားတွေ ကြုံတွေ့ရလေ့ရှိတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကူညီဖြေရှင်းဖို့နဲ့ မြန်မာ့ပညာရေးစနစ်ကို ပိုမိုကောင်းမွန်တိုးတက်ဖို့ ရည်ရွယ်ချက်နဲ့တည်ထောင်သူတွေရဲ့ နှစ်ပေါင်းများစွာ စာသင်အတွေ့ အကြုံကိုအခြေခံပြီး ၂၀၁၇ ခုနှစ် မေလမှာ MMtutors ကိုစတင်တည်ထောင်ခဲ့တာလည်းဖြစ်ပါတယ်။
MMtutors ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ စင်ကာပူနိုင်ငံမှာလည်း တရားဝင်ကုမ္ပဏီ တည်ထောင်ခဲ့တဲ့အတွက် အာရှမှာ အကောင်းဆုံးပညာရေးစနစ်ကို ပိုင်ဆိုင်ထားတဲ့ စင်ကာပူနိုင်ငံရဲ့ အဆင့်မြင့်ပညာရေးစနစ်နှင့် နည်းစနစ်တွေကို မြန်မာနိုင်ငံတွင် ပြန်လည်အသုံးချကာ အကောင်းဆုံး သင်ကြားရေး ဝန်ဆောင်မှုတစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်နေ ပါတယ်။

Photo Source – https://www.facebook.com/mmtutorseducation/

လက်ရှိမှာ အစိုးရကျောင်းနဲ့ International School တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းစာဘာသာရပ်တွေ၊ ဘာသာစကားအမျိုးမျိုးအပြင် Company တွေနဲ့ ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်အရည်အ ချင်း လေ့ကျင့်ပေးရေးအပိုင်းတွေမှာ ထိရောက်မှုရှိတဲ့ အဆင့်မြင့် သင်ကြားရေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးလျက်ရှိပါတယ်။
MMtutors မှာတော့ အလယ်တန်း Study Guide ဝန်ဆောင်မှု၊ အထက်တန်း Study Guide ဝန်ဆောင်မှု၊ International School Study Guide ဝန်ဆောင်မှု၊ IGCSe Study Guide ဝန်ဆောင်မှု၊ GCE A Level, 0 Level Study Guide ဝန်ဆောင်မှု၊ ဘာသာစကားအမျိုး မျိုးအတွက် Tutor ဝန်ဆောင်မှုတွေရရှိနိုင်မှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စိတ်ချယုံကြည်ရပြီး အရည်အသွေးမြင့် အတန်းပညာရေး Study Guide များ (Academic Subject Tutors)၊ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မြန်မာ အစရှိတဲ့ ဘာသာစကား Tutor များ (Language Tutors)၊ လုပ်ငန်းခွင် အရည်အချင်း တိုးတက်မှုအတွက်လိုအပ်သော ပညာရပ်ဆရာများ (Soft Skill Mentors) ကိုချိတ်ဆက်ရယူနိုင်တဲ့အပြင် ကျောင်းသားနဲ့ ကိုက်ညီတဲ့၊ ကျောင်းသားမိဘလိုလားတဲ့ ဆရာ၊ဆရာမများကိုသာ ပံ့ပိုးကူညီပေးတဲ့နေရာတစ်ခုလည်းဖြစ်ပါ တယ်။ စာသင်သားတွေရဲ့ လစဉ်စွမ်းဆောင်ရည်ကို Student Progress Report များနှင့် အကြောင်းကြားပေးသလို စာသင်သားရဲ့ စာလိုက်နိုင်နှုန်း အပေါ်မူတည်ပြီး စာသင်ကြားပုံ အလိုက်သင့်ပြောင်းလဲ ညှိနှိုင်းပေးမှုကိုလည်းလုပ်ဆောင်ပေး ပါတယ်။ ကျောင်းသူ၊ကျောင်းသားမိဘတွေရဲ့ အကြံပြုချက်တွေကို မှတ်သားထားပြီး လိုအပ်သလို ပြင်ဆင်မှုကိုလည်းပြုလုပ် ပေးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/mmtutorseducation/

အဲ့ဒီလိုဝန်ဆောင်မှုတွေအပြင် တက္ကသိုလ်ဝင်တန်းပြီးသွားတဲ့အခါ ထူးချွန်ကျောင်းသားတွေကို IELTS, TOFEL တက်ရောက်ခွင့်ပညာသင်ဆုများ၊ နိုင်ငံခြားမှာ ကျောင်းတက်ချင်သူတွေအတွက်လည်း ကျောင်းစုံစမ်းပေးခြင်း၊ ဆွေးနွေးတိုင်ပင်ပေးတာတွေနဲ့ ကျောင်းသားနဲ့ကိုက်ညီတဲ့တက္ကသိုလ်ပညာရေးကို ရွေးချယ်နိုင်အောင် အကြံပေးဆွေးနွေး တာတွေကိုပါ ပြုလုပ်ပေးနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်တွေကိုတော့ အောက်ပါ Link တွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/mmtutorseducation/
https://bit.ly/35wXEPs