Limited Regional Launch ထွက်ရှိလာတော့မယ့် Apex Legends Mobile

Beta Version တွေကို ဖြတ်ကျော်ပြီး အားလုံးစောင့်မျှော်နေကြတဲ့ Apex Legends Mobile ဟာမကြာမှီ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ EA ဂိမ်းကုမ္ပဏီကထုတ်လုပ်ထားတဲ့ ဂိမ်းအများအစားတစ်ခုဖြစ်ပြီး အရင်နှစ်ကတည်းက Beta Stage ကပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မကြာခင်အချိန်အတွင်းမှာ သတ်မှတ်ထားတဲ့ နိုင်ငံ ၁၀ နိုင်ငံအတွက် Apex Legends Mobile ကို Limited အနေနဲ့ဆော့ကစားခွင့် ပေးသွားမယ်လို့သိရပါတယ်။ နိုင်ငံ ၁၀ နိုင်ငံအနေနဲ့ ဩစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ပီရူး၊ အာဂျင်တီးနားနဲ့ ကိုလမ်ဘီယာနိုင်ငံတွေ ပါဝင်ပါတယ်။ ထွက်ရှိလာတာနဲ့ သတ်မှတ်ထားတဲ့နိုင်ငံအသီးသီးက ကစားသမားတွေဟာ Google Play Store နဲ့ iOS App Store တွေကနေတစ်ဆင့် Download ပြုလုပ်နိုင်ပါတယ်။

Limited Regional Launch ကာလအတွင်းမှာ ကစားသမားတွေအနေနဲ့ Bloodhound, Gibraltar, Lifeline, Wraith, Bangalore, Octane, Mirage, Pathfinder နဲ့ Caustic ဆိုတဲ့ Game Character တွေအသုံးပြုပြီး ကစားနိုင်မှာပါ။ Regional Launch မှာစမ်းသပ်စစ်ဆေးတာတွေပြီးတာနဲ့ Global Version ထွက်ရှိလာမယ်လို့ သိရပါတယ်။ တခြားနိုင်ငံတွေအတွက် Pre-registration ကိုလည်းပြုလုပ်ထားနိုင်ပါပြီ။ Mobile အတွက်ပဲ သီးသန့်ထုတ်ဝေ ထားတာ ဖြစ်တဲ့အတွက် PC ဒါမှမဟုတ် Console တွေနဲ့ cross-play တော့ ကစားလို့ရမှာ မဟုတ်ပါဘူး။ 

Photo Source: Apex Legends

ဆော့ကစားဖို့အတွက် ဒီကာလမှာ 2GB RAM ထက်နည်းတဲ့ iOS Device တွေအပါအဝင် 3GB RAM ထက်နည်းတဲ့ Android Device တွေပေါ်မှာ ဆော့ကစားလို့ မရနိုင်ပါဘူး။ 2GB RAM နဲ့ Android Device အမျိုးအစားတွေဖြစ်တဲ့

  • Vivo
  • Oppo
  • Huawei
  • Motorola
  • Samsung
  • Lenovo
  • Xiaomi တွေမှာတော့ ဆော့ကစားလို့ရနိုင်ပါတယ်။ ဆော့ကစားနိုင်ဖို့အတွက် အနည်းဆုံးရှိထားသင့်တဲ့ လိုအပ်ချက်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Minimum Requirements

Android Device များအတွက်:

  • Android 8.1
  • Open GL 3.0 သို့ အထက်
  • 3 GB နေရာလွတ်
  • အနည်းဆုံး 3 GB RAM
  • ဖုန်းမျက်နှာပြင်အရွယ်အစား: N/L/XL

iOS Device များအတွက်:

  • iPhone 6S သို့ နောက်ပိုင်း Device များ
  • OS version: 10.0 သို့ နောက်ပိုင်း Device များ
  • CPU: A9
  • 3 GB နေရာလွတ်
  • အနည်းဆုံး 2GB RAM