Vivo စမတ်ဖုန်းကြိုက်နှစ်သက်သူများ သိထားသင့်တဲ့ ၂၀၂၀ ခုနှစ်အတွင်း ထွက်ရှိခဲ့သော vivo စမတ်ဖုန်းများအကြောင်း

၂၀၂၀ ခုနှစ်အတွင်း ထွက်ရှိလာတဲ့ vivo စမတ်ဖုန်းများသည် နည်းပညာပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန် လာခဲ့သလို သုံးစွဲသူများသည်လည်း အကြိုက်တွေ့ခဲ့ကြသည်။ ထို့အတွက်ကြောင့် vivo စမတ်ဖုန်းချစ်သူများအတွက် ၂၀၂၀ ခုနှစ်အတွင်းမှာထွက်ရှိခဲ့တဲ့ vivo စမတ်ဖုန်းများလုပ်ဆောင်ချက်များကို ဖော်ပြပေးလိုက်ပါသည်။

Photo Source https://web.facebook.com/vivomobileMM

V20 SE
V20 series ဖြစ်သော V20 SE ၏ 32 MP Super Night Selfie camera တွင် Aura မျက်နှာပြင်အလင်းစနစ် ပါဝင်ပြီး သုံးစွဲသူများ ညဘက်/အလင်းရောင်နည်းသောပတ်ဝန်းကျင်တွင် ဓာတ်ပုံရိုက်ရာတွင်ပင် ကြည်လင်ပြတ်သားပြီး အလင်းရောင်အားကောင်း မွန်စွာဖြင့် မှတ်တမ်းတင်နိုင်သော စမတ်ဖုန်းတစ်လုံးဖြစ်သည်။
vivo V20 SE ၏ အနောက်ကင်မရာသည် 48MP AI ကင်မရာ (၃) လုံးပါဝင်သည်။ နေ့ရော ညပါ၊ Landscapes နှင့် Portraits ကြိုက်နှစ်သက်သည်ဖြင့် ရိုက်ကူးနိုင်ပြီး တိကျသော ရောင်စဉ်များကို ဖမ်းယူနိုင်သည်။ Super Wide-Angle and Super Macro mode တို့ဖြင့် ဓါတ်ပုံ (သို့) ဗီဒီယို ရိုက်ကူးနိုင်မည်ဖြစ်သည်။ 3D ကိုယ်ထည်နှင့် 7.83 mm ရှိ အလွန်ပါးလွှာသည့် sleek ဒီဇိုင်း ကြောင့် တစ်မူထူးခြားစွာကွဲထွက်နေသည်။ V20 SE သည် အလွန်ပေါ့ပါးပြီး လက်ထဲတွင် သက်တောင့်သက်သာရှိအောင် ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်သည်။
V20 SE သည် 4,100 mAh ဘက်ထရီ၊ 33 W Flash Charge ဖြင့် ထောက်ပံ့ပေးထားသည်။ ကြာရှည်ခံသော ဘက်ထရီနှင့် Flash charge ပံ့ပိုးထောက်ပံ့မှုဖြင့် အသုံးပြုသူများသည် ပိုမိုလွယ်ကူသည့် မိုဘိုင်းသုံးစွဲမှု အတွေ့ အကြုံနှင့် မည်သည့်အခြေအနေမျိုးမဆို ကိုယ်တိုင်မှတ်တမ်းတင်နိုင်ပါသည်။ မိနစ် ၃၀ အတွင်း ၆၂ ရာခိုင်နှုန်း ဖြင့် ဘက်ထရီကို ပြန်လည်အားသွင်းနိုင်ပြီး အားအပြည့်သွင်းရန် တစ်နာရီအောက်သာ ကြာမြင့်မည် ဖြစ်သည်။

Photo Source https://web.facebook.com/vivomobileMM

Vivo V19
Vivo V19 စမတ်ဖုန်းကို မြန်မာပြည်တွင်ဈေးကွက်တွင် ၂၀၂၀ ခုနှစ် မေလ ၈ ရက်နေ့တွင်စတင်မိတ်ဆက်ခဲ့သည်။ V19 တွင် dual front 32MP+ 8 MP Super wide-angle ကင်မရာနှင့် AMOLED FHD+Ultra O မျက်နှာပြင်ဒီဇိုင်း တို့ပါဝင်သည်။
အရှေ့ဘက်ကင်မရာနှစ်လုံးအနေဖြင့် 32 MP ပင်မကင်မရာနှင့် 8MP အထူးမြင်ကွင်းကျယ်ကင်မရာတို့ပါရှိသည့် အတွက် အကောင်းဆုံး Selfie ကိုပေးစွမ်းနိုင်သည်။ AI algorithm ပါဝင်သော ရှေ့ကင်မရာသည် wide-angle selfie ကို 105 degrees အထိ ရိုက်ကူးနိုင်သည်။ ထို့ အပြင် Ultra-Stable Selfie Video ပါဝင်သည့်အတွက် မြင်ကွင်းကျယ် selfie ဗီဒီယိုများကို တည်ငြိမ်စွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။ Vivo V19 ၏ အနောက်ဘက်အခြမ်းတွင် 48 MP ပင်မကင်မရာ၊ 8MP အထူးမြင်ကွင်းကျယ်ကင်မရာ၊ 2MP macro ကင်မရာ နှင့် 2MP bokeh ကင်မရာတို့ပေါင်းစပ်ထားသည့် စွမ်းဆောင်ရည်မြင့် AI Quad Camera ပါဝင်သည်။ V19 တွင် Ultra Stable Video အပြင် ပညာရှင်တစ်ဦးကဲ့သို့ လွယ်ကူစွာတည်းဖြတ်နိုင်ရန် AI Video Filter, AI Video Editor, AI Image နှင့် AI Image Matting ကဲ့သို့ AI ရုပ်ပုံနှင့်ဗီဒီယိုလုပ်ဆောင်ချက်များ ပါဝင်သည်။
4500mAh Super Capacity ဘက်ထရီကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး နေ့စဉ်လှုပ်ရှားသွားလာနေသော သုံးစွဲသူများအတွက် 33W Vivo FlashCharge 2.0 နည်းပညာက 0 ရာခိုင်နှုန်းမှ ၅၄ ရာခိုင်နှုန်း သို့ မိနစ် ၃၀ အတွင်းမြန်ဆန်စွာ အားသွင်းပေးနိုင်သည်။ 8 GB RAM နှင့် 128 GB ROM တို့ပါဝင်သဖြင့် အသုံး ပြုသူအနေဖြင့် အလုပ်၊ အနားယူမှု၊ ကစားခြင်းစသည်တို့အတွက် လိုအပ်သမျှ အားလုံးကို သိမ်းဆည်းနိုင်မည်ဖြစ်သည်။ စတင်မိတ်ဆက်ချိန်ဈေးှုနှုန်း မှာ မြန်မာငွေကျပ် ၅၇၉၈၀၀ ကျပ်ဖြစ်သည်။

Photo Source https://web.facebook.com/vivomobileMM

Vivo Y30
Vivo Y30 စမတ်ဖုန်းသည် ၆ ဒဿမ ၄၇ မျက်နှာပြင်မှာ ဖြင့်ထုတ်လုပ်ထားသည်။ အဆိုပါဖုန်းတွင်ပါဝင်သော Eye Protection mode က Display ၏ အရောင်များမှာ အပြာအလင်းတန်းကိုလျှော့ကျစေပြီး မျက်လုံးထိခိုက်မှု သက်သာစေသည်။
128GB RAM က သုံးစွဲသူများအား ပမာဏများများ သိမ်းဆည်းနိုင်ရန် ကူညီပေးသည်။ App များကို စိတ်ကြိုက်ထည့်သွင်းနိုင်သည်။ 500mAh ဘက်ထရီပါရှိသည်။ Y30 တွင် 13 MP ပင်မကင်မရာ၊ 8 MP အထူးမြင်ကွင်းကျယ်ကင်မရာ၊ 2 MP Super-Macro ကင်မရာနှင့် 2 MP Bokeh ကင်မရာတို့ ပါရှိသည်။ 8MP အထူးမြင်ကွင်းကျယ် ကင်မရာက 120 degree အထိ ချဲ့ထွင်ပေးနိုင်သည်။

Photo Source https://web.facebook.com/vivomobileMM

Vivo Y20
Vivo ၏ Y စီးရီး နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်သည့် Y20 စမတ်ဖုန်းသည် 5000mAh အားရှိသည့် ဘက်ထရီကို ထည့်သွင်းတပ်ဆင်ပေးထားပြီး နောက်ကျောပြင် ကင်မရာစနစ်တွင် AI Macro Triple ကင်မရာ (13MP + 2MP + 2MP) တပ်ဆင်ပေးထားသည်။ အသေးစိတ်ရိုက်ကူးပေးနိုင်သည့် macro နှင့် bokeh ကင်မရာလုပ် ဆောင်ချက်များနှင့် Selfie စွမ်းရည်များလည်းပါဝင်သည်။ ကြာရှည်သုံးစွဲနိုင်သည့် ဘက်ထရီသက်တမ်း သည် Vivo Y20 ၏ အဓိက အားသာချက်ပင်ဖြစ်ပြီး reverse charging လုပ်ဆောင်ချက် ပါဝင်သည့် AI သုံး ဘက်ထရီပါဝါ ချွေတာမှုစနစ် ပါဝင်သည်။ ထို့အပြင် ဖုန်းဖွင့်ခြင်း (Unlock) ကို စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်နိုင်ပြီး ဆန်းသစ်ကောင်းမွန် စွာဖြင့် ဖန်တီးထားသည့် ဖုန်း၏ဘေးဘက်တွင် တပ်ဆင်ထားသည်လည်း ပါဝင်သည်။
Obsidian Black နှင့် Dawn White အရောင် (၂) ရောင်ဖြင့် ထုတ်လုပ်ထားသည်။ Y20 ၏ နောက်ကျောပြင် ကင်မရာစနစ်သည် အဆင့်မြင့် နည်းပညာသုံး ကင်မရာ (၃) လုံးတပ် AI Macro Triple ကင်မရာစနစ်ဖြစ်ပြီး 13MP+2MP Macro ကင်မရာနှင့် 2MP Bokeh လုပ်ဆောင်ချက်များ ပါဝင်သည်။ 3GB RAM မှတ်ဉာဏ်နှင့် 64 GB သိုမှီးမှုပမာဏ (microSD ကဒ်ဖြင့် 256GB အထိတိုးချဲ့နိုင်) ထည့်သွင်းတပ်ဆင်ပေးထားသည်။ ချိတ်ဆက်အသုံးပြုရန် Micro USB၊ Wi-Fi, Bluetooth 5.0, FM နှင့် OTG စသည့် နည်းပညာများ Y20 စမတ်ဖုန်းတွင် ပါဝင်သည်။ ဖုန်းအာရုံခံ ကိရိယာများအနေဖြင့် Accelerometer, Ambient Light Sensor, Proximity Sensor, Virtual Gyroscope, E-Compass, Side-Mount Fingerprint Scanner တို့ပါဝင်သည်။ Obsidian Black နှင့် Dawn White အရောင် (၂) ရောင်ဖြင့် ထုတ်လုပ်ထားပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ၂၂၉,၈၀၀ ကျပ်ဖြင့်ရောင်းချခဲ့သည်။

Photo Source https://web.facebook.com/vivomobileMM

Vivo S1 Prime
Vivo S1 Prime စမတ်ဖုန်းကို Nebula Blue နှင့် Jade Black ဟူသော အရောင်များဖြင့် ထုတ်လုပ်ထားသည်။ AI နည်းပညာဖြင့် ထောက်ပံ့ပေးထားသော Face Beauty, Pose Master နှင့် Super Night Selfie Cameras နည်းပညာများစွာပါဝင်သည်။16 MP ရှေ့ကင်မရာနှင့် နောက်ဘက်တွင် 48 MP (ပင်မကင်မရာ) + 8 MP (မြင်ကွင်းကျယ် ကင်မရာ) + 2 MP Macro ကင်မရာ + 2 MP (အနီးကပ်ရိုက်နိုင်သည့် ကင်မရာ) တို့ ပါဝင်ပြီး စိန်ပွင့်ပုံစံကင်မရာ ဒီဇိုင်းဖြစ်သည်။ S1 Prime တွင် 8 GB RAM နှင့် အချက်အလက်အများဆုံး သိမ်းဆည်းနိုင်သည့်ပမာဏ 128 GB တပ်ဆင်ထားသည်။ 18W Dual-Engine Fast Charging စနစ်၊ 4,500 mAh Battery နှင့်အတူ Type-C Charger ကို အသုံးပြုထားသောကြောင့် တာရှည်ခံပြီး Gaming အတွေ့အကြုံများတွင်လည်း အနှောင့်အယှက်ကင်းစွာ ဆော့နိုင်ပါသည်။ S1 Prime ၏ ဈေးနှုန်းမှာ ၃၈၉,၈၀၀ ကျပ်ဖြစ်သည်။

Photo Source https://web.facebook.com/vivomobileMM

vivo V20
V20 ၏ 2.5D ကိုယ်ထည်၊ 7.38 mm ရှိ အလွန်ပါးလွှာသည့် ultra-sleek ဒီဇိုင်း နှင့် 171g ရှိ ပေါ့ပါးသည့် ကိုယ်ထည်တို့အပြင် တစ်မူထူးခြားသည့် AG glass နည်းပညာကို အသုံးပြုထားသည်။
V20 ၏ ကျောဘက် (back cover) အတွက် AG glass နည်းပညာကို အသုံးပြုထားခြင်းကြောင့် ပရီမီယံအသွင် ရရှိနေစေပြီး ချော်ထွက် ခြင်းမရှိဘဲ မြဲမြံစွာ ကိုင်တွယ်နိုင်စေမည်ဖြစ်သည်။ V20 ၏ ရိုးစင်းသော်လည်း ဖက်ရှင်ကျသော ဒီဇိုင်းတွင် သဘာဝ၏ အလှတရားနှင့် သဘာဝ၏ ရိုးရှင်းမှုတို့ကို မှီငြမ်း ထားသော Midnight Jazz နှင့် Sunset Melody အရောင် (၂) မျိုးဖြင့်ပြုလုပ်ထားသည်။
နောက်ကင်မရာ (rear camera) သည် 64MP Main Camera၊ 8MP Multi-Function Camera (Super Wide Angle/Bokeh/ Super Macro) နှင့် 2MP Mono Camera တို့ ပေါင်းစည်းထားခြင်းနှင့် ထပ်တူညီပြီး Main lens တွင် Super Night Mode လုပ်ဆောင်ချက်ကို ရရှိစေနိုင်ကာ Tripod Night Mode, Super Wide Angle Night Mode နှင့် အခြားသော ဓာတ်ပုံအကူကိရိယာများဖြစ်သည့် ပုံရိပ်ကြည်လင်ပြတ်သားမှုကို အားပေးသော AI noise cancellation algorithm၊ စိတ်ကြိုက် ဖန်တီးနိုင်စေရန်အတွက် နောက်ခံကိုသီးသန့်ခွဲထုတ်ရာတွင် ချောမွေ့စေသော Sky Divider algorithm စသည်တို့ကိုလည်း အထောက်အကူဖြစ်စေသည်။
4,000mAh ဘက်ထရီနှင့် vivo ၏ ထင်ရှားကျော်ကြားသည့် 33W Flash Charge နည်းပညာတို့သည် အချိန်ကြာကြာ အသုံးခံစေနိုင် (solid durability) ပြီး လျင်မြန်သော အားပြည့်နှုန်း (fast charging time) တို့ဖြင့် အသုံးပြုသူတို့အကြိုက် တွေ့စေမည်ဖြစ်သည်။ ဈေးနှုန်းမှာ မြန်မာငွေကျပ် ၄၉၉၈၀၀ ဖြစ်သည်။