IJ Marketplace ပလက်ဖောင်းအသစ် မိတ်ဆက်ပွဲကို အွန်လိုင်းမှကျင်းပမည်

အင်တာနက်ဂျာနယ်မှ အိုင်စီတီ၊ မိုဘိုင်းနှင့် ပညာရေးလုပ်ငန်း၊ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုစတဲ့ လုပ်ငန်းဝန်ဆောင်မှုတွေကို အချိန်နဲ့တပြေးညီ ကိုယ်တိုင်ပြင်ဆင်ဖော်ပြနိုင်မယ့် directory ပုံစံဝက်ဘ်ဆိုက်ပလက်ဖောင်းမိတ်ဆက်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီမှ စတင်ကာ အွန်လိုင်းမှ မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
IJ Marketplace ပလက်ဖောင်း မိတ်ဆက်ပွဲနှင့်အတူ တရှိန်ထိုးကူးပြောင်းနေတဲ့ မျက်မှောက်ခေတ် အကြောင်းအရာများအား ပညာရှင်များမှ Digital Economy and Myanmar 4.0 ခေါင်းစဉ်နဲ့ ဆွေးနွေးမည့် Panel Discussion ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Photo Source https://www.facebook.com/InternetJournal

အဆိုပါ Panel Discussion တွင် moderator အနေနှင့် Information Matrix Co., Ltd. မှ CEO ဦးသောင်းစုငြိမ်း၊ Panelist တွေအနေနဲ့မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်၊ မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးထင်အောင်ခိုင် ၊ AYA Bank ,Digital Payments မှ မန်နေဂျင်းဒါရိုက်တာဦးငြိမ်းချမ်းစိုးဝင်း တို့ကပါဝင်ဆွေးနွေးမည်လည်းဖြစ်သည်။
Panel Discussion အပြင် စိတ်ဝင်စားဖွယ်ရာ Lucky Draw အစီအစဉ်များကိုလည်းထည့်သွင်းပြုလုပ်သွားမည်လည်းဖြစ် သည်။ IJ Marketplace ပလက်ဖောင်း မိတ်ဆက်ပွဲတွင် Launching Partner အနေဖြင့် AYA PAY နဲ့ Huawei တို့မှလည်းကောင်း၊ Media Partner အနေဖြင့် 7Day TV မှလည်းကောင်း၊ Lucky Draw Partner အနေဖြင့် Ooredoo Myanmar , REMAX နှင့် Ajax Click Photography တို့မှလည်းကောင်း ပါဝင်ကူညီပံ့ပိုးပေးထားပြီး Listing Partner အနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်သည်။
ယခုမိတ်ဆက်မည့် IJ Marketplace (ijmarketplace.com) ပလက်ဖောင်းမှာ အင်တာနက်ဂျာနယ်မှ အသစ်မိတ်ဆက်မည့် ဝန်ဆောင်မှု အသစ်ဖြစ်သည်။

Photo Source https://ijmarketplace.com/

ယခုအခါတွင် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းများ၊ မီဒီယာများနှင့် ကျန်းမာရေး၊ ပညာရေး အစရှိသည့် လူမှုစီးပွား ကဏ္ဍအသီးသီးသည် အရှိန်အဟုန်ဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးသို့ ဦးတည်ရွေ့လျားလျက်ရှိသော စပ်လျဉ်းသောအကြောင်းအရာများ၊ ဒီဂျစ်တယ်တော်လှန် ရေးတွင် သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) များကို မလွှဲမသွေ အသုံးပြုရမည့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်း အသီးသီးနှင့် မိဘပြည်သူများအတွက် အိုင်စီတီ၊ မိုဘိုင်း၊ ပညာရေးဆိုင်ရာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို တစ်စုတစ်စည်းတည်း အလွယ်တကူ ရှာဖွေရယူနိုင်ရန် လိုအပ်ချက်များကို ဖြည့်တင်းရန်၊ အိုင်စီတီ၊ မိုဘိုင်း နှင့် ပညာရေးလုပ်ငန်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများပါဝင်သည့် လမ်းညွှန်တစ်ရပ်ကို မိတ်ဖက်အသင်း အဖွဲ့များ၊ အိုင်စီတီလုပ်ငန်းများနှင့်ပူးပေါင်း၍ လွှင့်တင်ခြင်းဖြစ်သည်။
အခမ်းအနားတက်ရောက်ရန်အတွက် Zoom meeting  မှ တစ်ဆင့်ဝင်ရောက်၍ အခမ်းအနားတက်ရောက်နိုင်သလို အခြားပရိသတ်များသည် Facebook Live မှတစ်ဆင့်ထုတ်လွှင့်မည့် ဤစာမျက်နှာများတွင် facebook.com/InternetJournal, facebook.com/7DayOnlineTV နှင့် facebook.com/IJMarketplace တက်ရောက်နိုင်မည်ဖြစ်သည်။
အောက်ပါ Facebook Link များမှလည်း Live ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

https://www.facebook.com/InternetJournal
https://www.facebook.com/7DayOnlineTV
https://www.facebook.com/IJMarketplace