OPPO Reno5 ကို မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်

OPPO မှ “Picture Life Together” ဟူသော ဆောင်ပုဒ်နှင့်အတူ ထွက်ရှိလာသော OPPO Reno5 ကို ဇန်နဝါရီလ (၁၄) ရက်နေ့တွင် OPPO Myanmar Facebook Page ၌ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် “Starry Night in Your Universe” အမည်ရှိ OPPO Reno5 တရားဝင် အွန်လိုင်းမိတ်ဆက်ပွဲမှ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။
OPPO Reno5 သည် စိန်ကဲ့သို့ တောက်ပနေသည့် ဒီဇိုင်း၊ AI Mixed Portrait၊ Dual-view Video နှင့် AI Highlight Video စသည့် တမူထူးခြားသော ဗီဒီယိုလုပ်ဆောင်ချက်များနှင့် ပြောင်မြောက်သော ဗီဒီယိုရိုက်ချက်များ ပေးစွမ်းနိုင်အောင် ဖန်းတီးပြုလုပ်ထားခြင်းဖြစ်သည်။
OPPO Reno Series သည် ခေတ်မီသော ထုတ်ကုန်များဖြင့် စမတ်ဖုန်းနယ်ပယ်ထဲတွင် အစဉ်အမြဲဦးဆောင်လျက်ရှိသည့် အလျောက် ယခုအသစ်ထွက်ရှိလာသည့် Reno5 ကိုလည်း တောက်ပသော အသွင်အပြင်၊ ကောင်းမွန်သော ဓာတ်ပုံပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များနှင့် စွမ်းဆောင်ရည် ကောင်းမွန်သော စနစ်များဖြင့် အထူးမွမ်းမံ ပြုလုပ်ထားသည်။ OPPO Reno5 ကို 6.4-inches AMOLED Display နှင့်အတူ 90Hz Screen Refresh Rate ကို ထည့်သွင်းထုတ်လုပ်ထားပြီး ပါးလွှာပေါ့ပါးစေရန် 171g အလေးချိန်နှင့် 7.7mm/7.8mm ဖုန်းအထူသာရှိအောင် ဖန်တီးပြုလုပ်ထားကာ 3D Back Body Design ကြောင့် ကောင်းမွန်သော ထိတွေ့မှုကို တွေ့ကြုံခံစားနိုင်စေမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar

OPPO Reno5 ကို ထွန်းလင်းခြင်း၊ တောက်ပခြင်း၊ ခေတ်မီခြင်းတို့နှင့်အတူ စိတ်ကူးသမျှ ထောင်ပေါင်းများစွာသော အရောင်များကို ဖုန်းတစ်လုံးထဲတွင် တွေ့မြင်စေနိုင်မည့် Fantasy Silver အရောင်နှင့် မတူညီသော ရှုထောင့်က ကြည့်လိုက်တိုင်း ညအချိန်ကောင်းကင်တွင် လင်းလက်သော ကြယ်လေးများကို တွေ့မြင်ရသကဲ့သို့ ရုပ်လုံးကြွအောင် ဖန်တီးထားသည့် Starry Night အရောင် နှစ်ရောင်တို့ဖြင့် ရရှိနိုင်မည် ဖြစ်ပြီး မြန်မာငွေ 499,900 ကျပ်ဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ Pre-order များ စတင်မှာယူနိုင်ပြီဖြစ်ကာ ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ OPPO အရောင်းဆိုင်များတွင် ဝယ်ယူအားပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် Shop.com.mm မှလည်း ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။
Picture Life Together ဟူသော ဆောင်ပုဒ်နှင့်အတူ ထွက်ရှိလာသော OPPO Reno5 ကို Pre-order မှာယူကြသည့် OPPO ချစ်ပရိသတ်များအတွက် Smart Band ကို လက်ဆောင်ပေးအပ်သွားမည်ဖြစ်ပြီး Reno5 Pre-order Card နှင့် လာရောက် ထုတ်ယူသူများကို OPPO Enco W11 ဝယ်ယူလျှင် ၁၀,၀၀၀ ကျပ် လျှော့ဈေးများ ပြုလုပ်ပေးသွားမည်ဖြစ်သည့်အပြင် Mytel SIM Card အသစ်အသုံးပြုသူများအနေဖြင့် 10GB Internet Free Data လက်ဆောင်များကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။
Starry Night in Your Universe အမည်နှင့် OPPO Reno5 အွန်လိုင်းမိတ်ဆက်ပွဲ အခမ်းအနားတွင် OPPO Brand Ambassador ဝတ်မှုံရွှေရည်မှ တက်ရောက် ပါဝင်အားဖြည့်ခဲ့ပြီး အဆိုတော် အောင်ထက်က Opening Performance အမိုက်စားနှင့် အတူ ဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ ထို့ပြင် Street King ၏ စိတ်ဝင်စားဖွယ် Magic Show အစီအစဉ်ကြီးနှင့် အတူ OPPO ပရိသတ်များအနေဖြင့် တေးသီးချင်းများနှင့်အတူ စီးမျောလိုက်ပါ ခံစားနိုင်သည့် Jimmy Ko Ko၊ Zuko နှင့် Meow Meow တို့၏ ဆန်းသစ်သော ကကွက်များဖြင့် အောင်မြင်ခမ်းနားစွာ ကျင်းပခဲ့ကြသည်။ ထို့ပြင် မိတ်ဆက်ပွဲ အခမ်းအနား၌ ဓာတ်ပုံပညာရှင် ကိုပြည့်ဖြိုးသက်ပိုင်မှလည်း Reno5 ကင်မရာလုပ်ဆောင်ချက်များအကြာင်း ရှင်းလင်းပြောကြားပေးခဲ့ပြီး OPPO Architecture Gallery Campaign ၏ အမှတ်တရများကို မျှဝေပြောကြားပေးခဲ့သည်။ Game Streamer တစ်ယောက် ဖြစ်သူ Ice Ice မှ ၎င်း၏ Reno5 Performance အတွေ့အကြုံနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားသွားခဲ့သည်။
အွန်လိုင်းမှ Livestream ကြည့်ရှုအားပေးနေသော ပရိသတ်များအတွက် အသစ်စက်စက် OPPO Reno5၊ OPPO Watch (46mm) နှင့် OPPO Watch (41mm) တို့ ကံထူးနိုင်မည့် အထူးအစီအစဉ်များအပြင် 500,000 ကျပ်တန်ဖိုးရှိ ဖုန်းငွေဖြည့်ကတ်များကို ပေးအပ်သည့် Peak Viewer Challenge အစီအစဉ်များကို ပြုလုပ်ပေးခဲ့သည်။

Photo Source https://www.facebook.com/oppomyanmar

OPPO Reno5 တွင် စုံလင်သော ကင်မရာလုပ်ဆောင်ချက်များဖြစ်သည့် Ultra-clear 108MP Image၊ Ultra Night Mode၊ Ultra Dark Mode၊ AI Sense Enhancement၊ AI Color Portrait နှင့် Night Flare Portrait တို့အပြင် ဆန်းသစ်ကောင်းမွန်သော တမူထူးခြားသည့် AI Mixed Portrait၊ Dual-view Video နှင့် AI Hightlight Video လုပ်ဆောင်ချက်များပါဝင်သောကြောင့် ဖန်တီးမှုကောင်းသော ဗီဒီယိုများကို လွယ်ကူစွာရိုက်ကူးစေနိုင်မည်ဖြစ်သည်။
ထို့အပြင် Reno5 တွင် TÜV Rheinland Safe Fast-charge System အသိအမှတ်ပြုထားသည့် 50W Flash Charge နည်းပညာကို အသုံးပြုထားပြီး 5 Layer Charging Protection ပါဝင်သောကြောင့် လုံခြုံစိတ်ချစွာ အားသွင်းနိုင်မည်ဖြစ်သည်။ သုံးစွဲသူများ၏ လူနေမှုဘဝကို အဆင်ပြေ၍ သက်သောင့်သက်သာရှိစေရန်လည်း Smart Message Privacy နှင့် Smart Air Control စသော AI-enhanced Sensing Algorithm များကိုလည်း တိုးမြှင့် ထည့်သွင်းထားသည်။ ဂိမ်းကစားခြင်းကို နှစ်သက်သူတို့အတွက် Gaming Shortcut Mode၊ Bullet Screen Message၊ Gamer Mode နှင့် Adjustable Gaming Touch တို့က ကောင်းမွန်သည့် ဂိမ်းအတွေ့အကြုံများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar

OPPO Reno5 ကို ၂၀၂၁ ခုနှစ်၏ Trendsetter ဖုန်းအဖြစ် အရောင်အသွေး စုံလင်မှုကို ယူဆောင်လာပြီး 6.4-inch AMOLED Display ကို 90Hz Screen Refresh Rate နှင့်အတူ ထည့်သွင်းတပ်ဆင်လာသည်။ ထို့ပြင် ဖုန်းအနောက်ဘက်ကို ကာဗာမတပ်ဘဲ ဆန်းသစ် တောက်ပနေစေရန်နှင့် ၁၀၀ ရာခိုင်နှုန်း လက်ဗွေရာမထင်စေရန် ဖန်တီးထားသည်။ OPPO Reno5 တွင် 44MP Selfie Camera နှင့်အတူ 64MP Main Camera၊ 8MP Wide Angle Lens၊ 2MP Macro Lens နှင့် 2MP Mono Lens ဟူ၍ Rear Camera (၄) လုံး တပ်ဆင်ထားသည်။
ထို့ပြင် 4310mAh ဘက်ထရီနှင့်အတူ 50W Flash Charge ကို ထည့်သွင်းထားသောကြောင့် ၅ မိနစ်အားသွင်းရုံနှင့် ၃ နာရီကြာ ဗီဒီယိုများကို ကြည့်ရှုနိုင်မည်ဖြစ်သည့်အပြင် မိနစ် ၃၀ အားသွင်းရံဖြင့် ဘက်ထရီ ၈၀ ရာခိုင်နှုန်းကို လည်းကောင်း၊ ၄၈ မိနစ် အားသွင်းရုံဖြင့် အားအပြည့်အထိလည်းကောင်း ဘက်ထရီ အားဖြည့်သွင်းနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မြန်ဆန် ချောမွေ့သည့် မိုဘိုင်းဖုန်းအတွေ့အကြုံကို ရရှိစေရန်လည်း စွမ်းဆောင်ရည်ကောင်းမွန်သော Qualcomm Snapdragon 720G နှင့် အတူ ကြီးမားသည့် Storage 8GB RAM+128GB ROM ကို တပ်ဆင်ပေးထားသည်။ Reno5 ကို ColorOS 11.1 ဖြင့် အားဖြည့်ထားပြီး အလွယ်တကူ ဘာသာပြန်မှုများပြုလုပ်နိုင်စေရန် Three Finger Translate with Google Lens လုပ်ဆောင်ချက်ကို ဖြည့်သွင်း ပေးထားသည်။