OPPO မှ Reno Series အသစ်ဖြစ်သော Reno5 ကို မြန်မာနိုင်ငံတွင် မကြာခင် မိတ်ဆက်ပေးတော့မည်

OPPO မှ မိမိချစ်ခင်သော မိသားစုများ၊ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စရာ အခိုက်အတန့်များဖြင့် ဘဝကို ပုံဖော်လို သောသူများအတွက် “Picture Life Together” ဟူသော ဆောင်ပုဒ်ဖြင့် Reno5 စမတ်ဖုန်းအသစ်ကို မကြာခင် မြန်မာနိုင်ငံတွင် မိတ်ဆက် ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။
OPPO ၏ Reno Series သည် လူငယ်များ ကြိုက်နှစ်သက်စေရန် အထူးမွမ်းမံ ပြုလုပ်ထားသော ထုတ်ကုန်ဖြစ်ပြီး လူအများကြားတွင် သူမတူဘဲ ထင်ပေါ်လိုသော သူများအတွက် ရွေးချယ်စရာကောင်းတစ်ခုဖြစ်စေရန် ဖန်တီးထုတ်လုပ်ထား ခြင်းဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1832360796921800

OPPO Reno Series သည် ဆန်းသစ်သော နည်းပညာ၊ ခေတ်မီသောဒီဇိုင်းများဖြင့် စမတ်ဖုန်း Industry တွင် စဉ်ဆက်မပျက် ဦးဆောင်လာခဲ့သည်။ မကြာမီ မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးတော့မည့် OPPO Reno5 ကို လည်း တောက်ပသော Reno Glow Effect အပြင် Free Color Expression Theme ဖြင့် ဖန်တီးပြုလုပ်ထား၍ ကမ္ဘာ့ပထမဆုံး Diamond Spectrum ပုံစံဖြင့် စမတ်ဖုန်းတစ်ခုထဲတွင် မိမိစိတ်ကူးသမျှ အရောင်မျိုးစုံကို ဖုန်းတစ်လုံးထဲတွင် တွေ့မြင် နိုင်စေရန် ဆန်းသစ်တီထွင်ထားသည်။ ထိုကဲ့သို့ ဖွံဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် OPPO မှ လပေါင်းများစွာ ဖြတ်သန်း၍ ဖန်တီးမှုများပြုလုပ်ခဲ့ပြီး အကြိမ်ပေါင်းများစွာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။
OPPO Reno5 တွင် အလင်းရောင်အခြေအနေပေါ်လိုက်ပြီး အရောင်ထောင်ပေါင်းများစွာ ဖြစ်ပေါ်စေရန် Picasus ရောင်စုံ ဖလင်ကို ထည့်သွင်းထားပြီး အလင်းရောင်ပြန်ဟပ်မှုကို တိုးမြှင့်နိုင်ရန် Fresnel မှန်ဘီလူးကို ပထမဆုံးအကြိမ် ထည့်သွင်း ပြုလုပ်ထားသည်။ ထို့ပြင် အလင်းယိုင်ခြင်းနှင့် အရောင်ကြွယ်ဝမှုကို ထိန်းသိမ်းရန် Indium-plated Reflective Film ကို ထည့်သွင်းကာ အထူးပြုလုပ်ထားသည်။ OPPO မှ အထူးဖန်တီးပြုလုပ်ထားသော Exclusive Reno Glow Effect ကို Reno 5 တွင် အသုံးပြုထားသောကြောင့် နေရောင်အောက်တွင် သန်းပေါင်းများစွာသော စိန်ပွင့်လေးများကဲ့သို့ လင်းလက် တောက်ပနေမည်ဖြစ်ကာ အမြဲတမ်း ဆန်းသစ်လှပနေမည်ဖြစ်သည်။ ထိုကဲ့သို့ မတူညီသော အရောင်များကို မတူညီသော ရှုထောင့်မှ ကြည့်ရှုလိုက်တိုင်း လင်းလက်တောက်ပနေစေရန်အတွက် Reno5 ကို 3D Back Design ဖြင့် ဖန်တီးထားပြီး ၁၀၀ ရာခိုင်နှုန်း လက်ဗွေရာ မထင်စေရန် ပြုလုပ်ထားသည့်အတွက် ကိုင်ဆောင်ရာတွင် အလွန် သက်သောင့်သက်သာ ရှိသော ထိတွေ့မှုကို တွေ့ကြုံစေမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1832360796921800

OPPO မှ Reno Series စမတ်ဖုန်းများမှ တစ်ဆင့် ယူဆောင်ပေးသော ဆန်းသစ်တီထွင်မှုများသည် လူအများအား နေ့စဉ်ဘဝတွင် အဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ ပြုလုပ်ပေးထားခြင်းဖြစ်သည်။ OPPO မှ ၂၀၁၉ ခုနှစ်၊ ဇွန်လ၌ ပထမဆုံးသော Reno Series စမတ်ဖုန်း ဖြစ်သော OPPO Reno နှင့် OPPO Reno 10x Zoom ကို “I am Reno” ဟူသော ခေါင်းစဉ်နှင့်အတူ မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးခဲ့သည်။ ပထမဦးဆုံး ထွက်ရှိခဲ့သော OPPO Reno နှင့် OPPO Reno 10x Zoom တွင် အထူးဆန်းသစ်တီထွင်ထားသော ကမ္ဘာ့ပထမဆုံး Shark Fin Pivot ကင်မရာစနစ် ထည့်သွင်းပါဝင်လာခဲ့ပြီး ထိုအချိန်မှစတင်ကာ စမတ်ဖုန်း Industry တစ်ခုလုံးတွင် အသစ်အသစ်သော ဒီဇိုင်းစိတ်ကူးများ ပေါ်ပေါက်လာစေရန် လှုံဆော်ပေးနိုင်ခဲ့သည်။ ထို့နောက် Reno2 တွင်လည်း Shark Fin Pivot ကင်မရာစနစ်ကို အသုံးပြု၍ ထုတ်လုပ်ခဲ့ပြီး ဆန်းသစ်သော နည်းပညာများဖြစ်သည့် 5x Hybrid Zoom နှင့် Anti-Shake Video လုပ်ဆောင်ချက်များ ပါဝင်လာခဲ့သည်။ OPPO သည် Reno Series ကို ခေတ်ရှေ့ပြေးသော ဒီဇိုင်းနှင့် တီထွင်ဆန်းသစ်မှုများ ပြုလုပ်ထားပြီး စမတ်ဖုန်းမှ တစ်ဆင့် ပြောင်မြောက်သော ကင်မရာစွမ်းဆောင်ရည်နှင့် အကောင်းဆုံး ဖျော်ဖြေရေးကဏ္ဍများကို လူအများ တွေ့ကြုံခံစားနိုင်ရန် အထူးစီမံ ဆောင်ရွက်လျက်ရှိသည်။

Photo Source https://www.facebook.com/oppomyanmar/posts/1832360796921800

OPPO Reno2 သည် ကမ္ဘာ့ပထမဆုံး Ultra Steady Video လုပ်ဆောင်ချက် ပါဝင်သော ဖုန်းဖြစ်လာခဲ့ပြီး Reno2 F သည် ကမ္ဘာ့ပထမဆုံး Pop-up ကင်မရာ ပါဝင်သော ဖုန်းဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ကမ္ဘာ့ပထမဆုံးသော ဆန်းသစ် တီထွင်မှုများနှင့်အတူ Reno Series ကို အထူးစီမံဆောင်ရွက်ခဲ့သည့်အလျောက် Reno3 Series တွင်လည်း ကမ္ဘာ့ ပထမဆုံး Ultra Steady Video Pro ကို ထည့်သွင်းပြုလုပ်ခဲ့ပြီး Reno4 Series သည်လည်း ပေါ့ပါး၍ အားသွင်းမြန်သော ဖုန်းများထဲမှ တစ်ခုဖြစ်လာခဲ့သည်။ OPPO Reno Series စမတ်ဖုန်းမျိုးဆက်တိုင်း၏ Hardware၊ Software မှ စ၍ ဒီဇိုင်းနှင့် အခြားထပ်ဆောင်း လုပ်ဆောင်ချက်များကို အစဉ်အမြဲ တိုးတက်မှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်ထားခြင်း ဖြစ်၍ OPPO Reno5 သည် ခေတ်မီဆန်းသစ်၍ သူမတူသော အသွင်ဖြင့် ထွက်ရှိလာမည်ဖြစ်ကာ ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများကို ခေတ်နှင့် အညီ ထင်ပေါ်စေမည်ဖြစ်သည်။
OPPO မှ ၂၀၂၀ ပြည့်နှစ်တွင် OPPO Reno Series ဖုန်းများဖြင့် ရိုက်ကူးမှတ်တမ်းတင်ထားသည့် အမှတ်တရများကို OPPO Annual Film (https://fb.watch/2Q1lMVuAu8/) ဗီဒီယိုတွင်လည်း ကြည့်ရှုနိုင်သည်။