အသုံးများသော VPN (၅) ခုအကြောင်း

VPN ဆိုတာကတော့ Encrypted Tunnel တွေကနေတစ်ဆင့် အင်တာနက်ကနေ အချက်အလက်တွေကို ကာကွယ်ပေးပြီးတော့ ချိတ်ဆက်ပေးနိုင်တဲ့ Virtual Private Network တစ်ခု ဖြစ်ပါတယ်။ VPN တွေကိုတော့ အများပြည်သူအသုံးပြုကြတဲ့ Wi-Fi Hotspot တွေမှာ ကိုယ်ပိုင်အချက်အလက်တွေကို ကာကွယ်ဖို့အတွက် စိတ်ချရတဲ့ အင်တာနက်ကွန်ယက်တစ်ခုဖန်တီးတဲ့နေရာမှာ အသုံးပြုကြတာ ဖြစ်ပါတယ်။

Photo source https://nordvpn.com/

(၁) NordVPN

NordVPN ဆိုတာကတော့ ရက် ၃၀ အခမဲ့အသုံးပြုနိုင်ပြီးတော့ ငွေပြန်လည်ရယူနိုင်တဲ့ အာမခံစနစ်ပါဝင်တဲ့ ပရီမီယမ်ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၅၉ နိုင်ငံကျော်ကနေ ဆာဗာပေါင်း ၅၅၁၀ ကျော်ကို အသုံးပြုနိုင်ပြီးတော့ Streaming တွေ P2P Optimized Servers တွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Netflix နဲ့ Hulu တို့လိုအသုံးများတဲ့ Streaming service တွေကို အသုံးပြုလို့ရပါတယ်။ Play Store မှာလည်းနိုင်ငံတကာအသုံးပြုနိုင်တဲ့ Application တွေကို အသုံးပြုခွင့် ရသွားမှာလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ၆ ယောက်အထိ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။

NordVPN ကတော့ 256-bit encryption ကိုအသုံးပြုထားပြီးတော့ kill switch နဲ့ DNS Protection ကိုလည်း အသုံးပြုထားပါတယ်။ ရှုပ်ထွေးတဲ့ ဆာဗာတွေပေးထားပြီးတော့ မူဝါဒတွေတော့ တင်းကျပ်ထားတာမျိုး မရှိပါဘူး။ သူ့ရဲ့ CyberSec နည်းပညာက သံသယရှိတဲ့ဝက်ဆိုဒ်တွေ၊ malware တွေ ကြော်ငြာတွေကို ပိတ်ပင်ထားပေးမှာပါ။ Windows, macOS, Android, iOS, Android TV, Linus, Chrome နဲ့ Firefox တို့မှာ အသုံးပြုလို့ရပါတယ်။

Photo source https://www.hotspotshield.com/

(၂) Hotspot Shield

Hotspot Shield အသုံးပြုသူတွေအတွက် တစ်ရက်ကို 500 MB အခမဲ့ပေးထားပြီးတော့ အချက်အလက်ရှာဖွေတာ မေးလ်တွေစစ်တာ တွေကို မိနစ် ၃၀ လောက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

256-bit encryption ကိုအသုံးပြုထားပါတယ်။ Free version မှာတော့ Ad တွေပါဝင်နေမှာြဖစ်ပြီးတော့ ဆာဗာ နှစ်ခုအသုံးပြုခွင့်ရမှာပါ။ Free Version ကဆာဗာတွေကတော့ streaming site တွေကိုဝင်ရောက်ခွင့်ရှိဦးမှာတော့ မဟုတ်ပါဘူး။

ပရီမီယမ်ဗားရှင်း ကိုအသုံးပြုမယ်ဆိုရင်တော့ အကန့်အသတ်မရှိ ဒေတာနဲ့ ဆာဗာပေါင်း ၁၈၀၀ ကျော်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၄၅ ရက် money-back စနစ်နဲ့ ၇ ရက်အခမဲ့လည်း ပရီမီယမ်ဗားရှင်း ကိုစမ်းသပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows, macOS, Android, iOS, Chrome နဲ့ Firefox တို့မှာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Photo source https://speedify.com/

(၃) Speedify

Speedify Android Application ကတော့အသုံးပြုရလွယ်ကူပြီးတော့ တစ်လကို 5GB ဒေတာအခမဲ့ ရမှာ ဖြစ်ပါတယ်။

Speedify က အသုံးပြုထားတဲ့ မှတ်တမ်းတွေကို မှတ်ယူမထားပေမယ့် အသုံးပြုသူရဲ့ အချက်အလက်နဲ့ ချိတ်ဆက်ထားတဲ့ အချိန်တွေကိုတော့ မှတ်ယူထားပါတယ်။ Wifi နဲ့ ဖုန်းအင်တာနက်ကို ပေါင်းစပ်ပြီးတော့ အင်တာနက်မြန်နှုန်းကို တိုးမြှင့်ပေးနိုင်တဲ့အပြင် Netflix US, Hulu နဲ့ Spotify တို့ကိုလည်း အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။

ပရီမီယမ် ကိုအဆင့်မြင့်တင်လိုက်မယ် ဆိုရင်တော့ ပိုပြီးမြန်ဆန်တဲ့အင်တာနက် မြန်နှုန်းနဲ့ အကန့်အသတ်မဲ့ ဒေတာကိုရယူနိုင်မှာ ဖြစ်ပါတယ်။ ရက် ၃၀ အတွင်းငွေပြန်ထုတ်ယူနိုင်တဲ့ အစမ်းသုံးခွင့်နဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows, Android, macOs နဲ့ iOS တို့မှာ Speedify ကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Photo source https://surfshark.com/

(၄) Surfshark

ငွေကြေးအကုန်အကျ နည်းနည်းနဲ့ ပရီမီယမ်ဝန်ဆောင်မှုတွေကို သုံးချင်တယ်ဆိုရင်တော့ Surfshark က အသင့်ရှိနေပါတယ်။ တစ်လကို ၂.၄၉ ဒေါ်လာနဲ့ အကန့်အသတ်မရှိချိတ်ဆက်အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ပရီမီယမ်ဗားရှင်း မှာဆိုရင်တော့ နိုင်ငံပေါင်း ၅၀ ကျော်က ဆာဗာပေါင်း ၈၀၀ ကျော်ကို ချိတ်ဆက်အသုံးပြုနိုင်မှာပါ။

အင်တာနက်နဲ့ပက်သက်လာရင် Surfshark က မြန်ဆန်ပြီးတော့ လုံခြုံစိတ်ချတဲ့ အင်တာနက်ကို ထောက်ပံ့ပေးနိုင်မှာပါ။ အသုံးပြုသူရဲ့ တည်နေရာကို ဖုန်းကွယ်ထားပေးနိုင်ပြီးတော့ အရေးကြီးတဲ့အချက်အလက်တွေကိုလည်း လုံခြုံအောင် ပြုလုပ် ထားပေးနိုင်မှာပါ။

Photo source https://protonvpn.com/

(၅) ProtonVPN

ProtonVPN ဆိုတာကတော့ ဘယ်သူမှမသိအောင် အင်တာနက်ကို အသုံးပြုနိုင်ပြီးတော့ ပိတ်ထားတဲ့ website တွေကိုအသုံးပြုခွင့်နဲ့ အင်တာနက်ကို လုံလုံခြုံခြုံအသုံးပြုနိုင်အောင် ပြုလုပ်ပေးတဲ့ Android App တစ်ခု ဖြစ်ပါတယ်။ အသုံးပြုသူကို ကာကွယ်ပေးနိုင်တဲ့ မြန်နှုန်းမြင့် swiss VPN Server ကိုအသုံးပြုပေးထားပါတယ်။

နိုင်ငံပေါင်း ၃၃ နိုင်ငံကျော်က ဆာဗာပေါင်း ၄၃၆ ကျော်ကို ချိတ်ဆက်အသုံးပြုနိုင်မယ့် အပြင် စောင့်ကြည့်တာမျိုးတွေ မခံရအောင် ကာကွယ်ပေးနိုင်တဲ့ VPN အင်တာနက် ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။