HUAWEI Y9s စမတ်ဖုန်းတွင်ပါဝင်သော စွမ်းရည်မြင့်လုပ်ဆောင်ချက်များ

HUAWEI Y9s ကလည်း Huawei စမတ်ဖုန်းတွေထဲမှာ အရည်အသွေးမြင့်ပြီး သုံးစွဲလို့ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံး လည်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း HUAWEI Y9s စမတ်ဖုန်းရဲ့ စွမ်းရည်မြင့်လုပ်ဆောင်ချက်များအကြောင်းကို သုံးစွဲသူတွေ အနေနဲ့ ပိုမိုသိရှိနားလည်ထားသင့်ပါတယ်။
၆.၅၉ လက်မ HUAWEI Ultra FullView Display က Screen-to-body ratio ၉၁ ရာခိုင်နှုန်း အထိ အတွေ့အကြုံကို ပေးစွမ်းနိုင်မှာ ဖြစ်ပြီး Notch ပါဝင်မှာမဟုတ်ပါဘူး။ 2340 x 1080 FHD+ အရည်အသွေးရှိ မျက်နှာပြင်က 391PPI ထိရရှိမှာမို့ ကြည်လင်ပြတ်သားပြီး အရောင်အသွေး စိုစိုနဲ့ အမြင်အာရုံခံစားရစေမှာ ဖြစ်ပါတယ်။ ဂိမ်းဆော့ကစားခြင်းမှစလို့ ရုပ်ရှင် ဗီဒီယိုများကြည့်ရှုခြင်း အလယ်၊ စာဖတ်ခြင်းအဆုံး အမြင်အာရုံ အတွေ့အကြုံသစ်ကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/mm

အလင်းရောင်ပြေးများနှင့် အရိပ်များရဲ့ ပြောင်းလဲမှုပေါ်ကို အခြေခံပြီး HUAWEI Y9s ရဲ့ အရောင် နှစ်မျိုးကို ဖန်တီးထားခြင်း ဖြစ်ပါသည်။ အနောက်ဘက်ကာဘာရှိ အရောင်များဟာ ပတ်ဝန်းကျင် အရောင်တွေပေါ်မူတည်ပြီး ပြောင်းလဲသွားတာကို သတိထားမိမှာပါ။ 3D အခုံးနည်းပညာ ဒီဇိုင်းက အထိအတွေ့ပိုင်းမှာ အတွေ့အကြုံသစ်နဲ့ အတူ ကိုင်တွယ်ရ အဆင်ပြေ စေမှာပါ။
HUAWEI Y9s ရဲ့ လက်ဗွေစနစ်ကတော့ 0.3 စက္ကန့်အတွင်း3 ဖုန်းကို Unlock လုပ်နိုင်မယ့် အဆင့်မြင့် ဘေးဘောင်ဖက် လက်ဗွေစနစ် ကို ခံစားနိုင်ပါပြီ။ ပါဝါခလုတ်နှင့် လက်ဗွေစနစ်ကို ပေါင်းစပ်ထားပြီး Voice Assistant ကို တစ်စက္ကန့်ဖိထားရုံနှင့် ပွင့်နိုင်ပြီး ၃ စက္ကန့်ကြာနှိပ်ထားပါက ပါဝါပိတ်သွားမှာ ဖြစ်ပါတယ်။
ကင်မရာသုံးလုံးအရည်အသွေးအားဖြင့်48 MP အဓိကကင်မရာနဲ့ အတူ 8 MP Ultra Wide Angle နဲ့ 2 MP depth ကင်မတရာတို့ရဲ့ ပေါင်းစပ်မှုက ကြည်လင်ပြတ်သားတဲ့ ပုံရိပ်များကို ရိုက်ကူးဖန်တီးနိုင်စေမှာပါ။ မြင်မားတဲ့ ပုံထွက် အရည်သွေးကို ယူဆောင်လာမယ့် 48 MPအဓိက Lens နဲ့ AI နည်းပညာတို့ရဲ့ ပေါင်းစပ်မှုက မြင်သူတိုင်း အံ့သြမှင်သပ်သွားစေမယ့် ပုံရိပ်ကောင်းတွေကို ရရှိနိုင်စေမှာပဲဖြစ်ပါတယ်။ ၁၂၀ ဒီဂရီအထိကို HUAWEI Y9s ရဲ့ 8 MP ultra-wide angle lens ဖြင့် ရိုက်ကူးနိုင်ပြီ ဖြစ်ပါတယ်။ အုပ်စုလိုက်ပုံတွေဖြစ်ဖြစ်၊ တောင်တန်းတွေရဲ့ အလှတရားပဲဖြစ်ဖြစ် ကိုယ်ရဲ့ မြင်ကွင်းကျယ် အတွေ့အကြုံကို အားလုံးနဲ့ ဝေမျှနိုင်ပါတယ်။
အချိန်တိုအတွင်းမှာ ပွင့်တက်လာမယ့် 16 MP အရှေ့ကင်မရာ နဲ့ အတူ အမှတ်တရတွေကို အမိအရ သိမ်းယူထားလိုက်ပါ။ AI Beauty algorithm က လည်း မျက်နှာအနေအထားပေါ်လိုက်ပြီး အကောင်းဆုံးဆယ်လ်ဖီ တစ်ပုံရရှိဖို့ကူညီ ပေးမှာဖြစ်ပါတယ်။ ကြီးမားတဲ့ သိုလှောင်နိုင်စွမ်း အမှတ်တရတွေအားလုံးကို 128 GB သိုလှောင်နိုင်စွမ်းနဲ့အတူ ကိုယ့်လက်ထဲမှာပဲ တနေရာတည်းမှာ တစုတစည်းတဲ့ ထားလိုက်လို့ရပါပြီ။ EROFS ဖိုင် နည်းပညာကလည်း ဖိုင်အကူးအပြောင်းမှာ မြန်ဆန်စေတဲ့အပြင် မလိုလားအပ်တဲ့ ဝန်ပွသိုလှောင်မှုတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ 6GB RAM ပါဝင်မှုကလည်း နေ့စဉ်လုပ်ငန်းဆောင်တာနဲ့ App အများကြီး တပြိုင်နက်အသုံးပြုမှု ပိုင်းကို အဆင်ပြေချော မွေ့စေမှာပါ။

Photo Source https://consumer.huawei.com/mm

4000 mAh ပမာဏရှိ စွမ်းဆောင်ရည်ပြည့်ဘက်ထရီကို တပ်ဆင်ပေးထားတဲ့ HUAWEI Y9s ဟာ ဆိုရင် တောက်လျှောက်ဖုန်းခေါ်ဆိုမှုအတွက် နာရီပေါင်း ၄၀၊ သီချင်းနားဆင်မှုအတွက် နာရီပေါင်း ၈၀ နှင့် ဗီဒီယိုကြည့်ရှုမှုအတွက် ၉နာရီအထိ တာရှည်ခံစေမှာဖြစ်ပါတယ်။အဆင့်မြှင့်တင်ထားတဲ့ Kirin 710 octa-core chip ဟာ အလုပ်လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး ပါဝါအသုံးပြုမှုပိုင်းကို လျှော့ချပေးပါတယ်။ ဖုန်းကို သွက်သွက်လက်လက် လုပ်ဆောင်စေနိုင်ပြီး ဂိမ်းဆော့ခြင်းနှင့် Live Stream ကြည့်ရှုခြင်းတွေမှာ အထစ်အငေါ့ရှိစေမှာ မဟုတ်ပါဘူး။
EMUI 9.1 ကို အသုံးပြုထားတဲ့ HUAWEI Y9s ဟာရိုးရှင်းပြီး အသုံးပြုရလွယ်ကူစေတဲ့ အတွေ့အကြုံကို ပေးစွမ်းမှာပဲဖြစ်ပါတယ်။ AI ချိတ်ဆက်မှုများ၊ ကြိုးမဲ့ ပရင်တာစနစ် အသုံးပြုနိုင်ခြင်း၊ ဖုန်းအဟောင်းမှ အသစ် အချက်အလက်များရွှေ့ပြောင်းရာတွင် လွယ်ကူမြန်ဆန်မှုနှင့် HUAWEI share နည်းပညာတို့က နေထိုင်မှုပုံစံကို အဆင့်မြင့်သွားစေမယ့် နည်းပညာများပဲဖြစ်ပါတယ်။ Smart Antenna နည်းပညာကလည်း အွန်လိုင်းဂိမ်းနှှုင့် ဗီဒီယိူကြည့်ရှုမှု များ အတွက် အဆင်ပြေချောမွေ့စေမှာပဲဖြစ်ပါတယ်။