Ooredoo ၏ Supernet ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအား ရန်ကုန်နှင့်မန္တလေးမြို့များတွင် ပိုမိုပေးအပ်လျက်ရှိ

အူရီဒူးမြန်မာမှ ၎င်း၏ဝန်ဆောင်မှုကိုအသုံးပြုသူများအတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များအား ပေးအပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အကန့်အသတ်မဲ့ မြန်နှုန်းမြင့် Supernet ဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှုအား ရန်ကုန်နှင့် မန္တလေးမြို့များရှိ အသုံးပြုသူများအတွက် ပေးအပ်လျက်ရှိကြောင်းသိရသည်။
သို့ဖြစ်၍ ရန်ကုန်မြို့တွင်းရှိ မြို့နယ် ၃၀ မြို့နယ်နှင့် မန္တလေးမြို့တွင်းရှိ မြို့နယ် ၆ မြို့နယ်ရှိ အိမ်သုံး၊ ရုံးသုံး အသုံးပြုသူ (SOHO) များ အနေနှင့် ကွန်ပျူတာနှင့် ဟန်းဆက်များစွာကို ၎င်းတို့ နှစ်သက်ရာ အင်တာနက် bandwidth များအား ရွေးချယ်ချိတ်ဆက်၍ တည်ငြိမ်မှု အပြည့်ရှိသော မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုအား အသုံးပြုသွားနိုင်မည် ဖြစ်သည်။
အူရီဒူးမြန်မာသည် လက်ရှိတွင် လစဉ် ငွေကျပ် ၃၇,၀၀၀ ကျသင့်မည့် အင်တာနက် အမြန်နှုန်း 10 Mbps မှစ၍ လစဉ် ငွေကျပ် ၁၂၀,၀၀၀ ကျသင့်မည့် အင်တာနက် အမြန်နှုန်း ၁၀၀ Mbps အထိရှိသည့် bandwidth အမျိုးအစား ၆ မျိုးအား postpaid ငွေပေးချေမှုစနစ်ဖြင့် စတင်ပေးအပ်လျက် ရှိသည်။ အဆိုပါ အစီအစဉ် အသီးသီး၏ ကျသင့်ငွေနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီးဖြစ်သည့်အပြင် အူရီဒူးသည် ဤဝန်ဆောင်မှုအတွက် ကနဦးတပ်ဆင်ခနှင့် router စက်များကိုလည်း အခမဲ့ ပေးအပ်ထားသည်။ အသုံးပြုသူများ အနေနှင့် ဤ ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအား ဝန်ဆောင်မှုရယူရန်လျှောက်လွှာ နှင့်အတူ လျှောက်ထားနိုင်မည် ဖြစ်ပြီး အဆိုပါ လျှောက်လွှာအား အင်္ဂလိပ်ဘာသာနှင့် ရယူလိုပါက http://ore.do/fsror နှင့် မြန်မာဘာသာနှင့် ရယူလိုပါက http://ore.do/fsrorm မှတဆင့် ရယူနိုင်မည် ဖြစ်သည်။

Photo Source https://web.facebook.com/OoredooMyanmar/

လျှောက်လွှာအား ဖြည့်သွင်းအတည်ပြုပြီးသည်နှင့် တပြိုင်နက် အူရီဒူး၏ အရောင်းအဖွဲ့သည် လျှောက်ထားသူအား ဆက်သွယ်၍ ၎င်း၏ နေအိမ်တွင် ဖိုင်ဘာသွယ်တန်းမှု လုပ်ငန်းစဉ်များအား စတင် လုပ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုအတွက် စာချုပ်ပါအချက်အလက်များအရ လုပ်ငန်းစဉ်အား အပြီးသတ် ဆောင်ရွက်ရန် အိမ်သုံးအသုံးပြုသူများ အနေနှင့် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ သို့မဟုတ် ပတ်စ်ပို့ မိတ္တူနှင့် ရုံးသုံး အသုံးပြုသူများ အနေနှင့် ၎င်းတို့၏ လုပ်ငန်း မှတ်ပုံတင် လိုင်စင်မိတ္တူ များအား ပေးအပ်ရမည် ဖြစ်သည်။ အသုံးပြုသူတစ်ဦးချင်းစီသည် ၎င်းတို့ရယူထားသော ဝန်ဆောင်မှုအတွက် ကျသင့်ငွေပမာဏနှင့် နောက်ဆုံးထား ပေးချေရမည့်ရက် စသည့် အသေးစိတ် အချက်အလက်များ ပါဝင်သော လစဉ်ငွေတောင်းခံလွှာအား ၎င်းတို့ ဖြည့်သွင်းထားသည့် မိုဘိုင်းဖုန်းနံပါတ်နှင့် အီးမေးလ် လိပ်စာများ မှတဆင့် လက်ခံရရှိသွားမည် ဖြစ်သည်။ ထို့အပြင် အူရီဒူးမြန်မာသည် ငွေပေးချေနိုင်မည့် အောက်ဖော်ပြပါ နည်းလမ်းအမျိုးမျိုးကိုအသုံးပြုပြီး ကျသင့်ငွေအား ပေးဆောင်နိုင်သကဲ့သို့ အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်များတွင်လည်း ကျသင့်ငွေအား အဆင်ပြေလွယ်ကူမှုရှိစွာ ပေးဆောင်သွားနိုင်မည်ဖြစ်သည်။
-ငွေပေးသွင်းနိုင်သောဘဏ်များ – AYA, KBZ and CB
-မိုဘိုင်းဘဏ်စနစ်အသုံးပြုခြင်း – AYA, KBZ and CB pay
-စားသောက်ကုန်အရောင်းဆိုင်များ – City Mark Supermarket, Ocean Supercenter, Sein Gay Har Supercenter, Marketplace by City Mart, City Express, Near Me, OK Dollar, Grab & Go
“အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် လူတော်တော်များများဟာ အိမ်မှာပဲ နေထိုင်နေရတဲ့ အတွက် အင်တာနက်အသုံးပြုသူတွေအားလုံးဟာ လိုင်းတည်ငြိမ်မှုရှိတဲ့ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုကို ရယူ အသုံးပြုဖို့ လိုအပ်လာတဲ့အချက်ကို ကျွန်တော်တို့ နားလည်သဘောပေါက်ထားပါတယ်။ အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်နေတဲ့ အူရီဒူးမြန်မာအနေနဲ့ အခုအချိန်မှာလည်း ကျွန်တော်တို့ရဲ့ အိမ်သုံး၊ ရုံးသုံး အသုံးပြုသူတွေ အတွက် မြန်နှုန်းမြင့် Supernet ဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို သင့်တင့်တဲ့ နှုန်းထားနဲ့ ပေးအပ်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကနဦး ခြေလှမ်းအနေနဲ့ ဒီ ဝန်ဆောင်မှုကို ရန်ကုန်နဲ့ မန္တလေးမြို့များက သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ ရယူ အသုံးပြုသွားနိုင်မှာ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ နိုင်ငံတဝန်းကို တိုးချဲ့ဖြန့်ကြက်သွားဖို့ကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အူရီဒူးရဲ့ Supernet ဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှုနဲ့အတူ အသုံးပြုသူတွေ အနေနဲ့ အရည်အသွေးမြင့် ဗီဒီယိုတွေ ကြည့်ရှုခြင်းနဲ့ ဂိမ်းကစားခြင်းတွေကို အထစ်အငေါ့ အပြတ်အတောက် အနည်းဆုံးနဲ့ ကြည့်ရှုနိုင်မှာဖြစ်သလို ဖိုင်တွေကို upload နဲ့ download လုပ်ဆောင်နိုင်တဲ့ နှုန်းကလဲ ကြာချိန်အနည်းဆုံးနဲ့ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Chief Business Officer ဖြစ်သူ Mr. Anadi Agnihorti က ပြောကြားသည်။

Photo Source https://web.facebook.com/OoredooMyanmar/

အူရီဒူးအနေနှင့် ၎င်း၏ အသုံးပြုသူများအတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများအား အသေးစိတ် အချက်အလက် များအား +959 97 0000 216 သို့ ဆက်သွယ်မေးမြန်းသွားနိုင်ကြောင်းသိရသည်။