Samsung Galaxy S21 Ultra စမတ်ဖုန်းတွင် နောက်ဆုံးပေါ်တီထွင်ထားမှုများအကြောင်း

Galaxy S21 series ၏ အကြီးဆုံးမားဆုံးသောဖုန်းမော်ဒယ်အမျိုးအစားဖြစ်သည့် Samsung Galaxy S21 Ultra တွင် ၆.၈” Dynamic AMOLED 2X မျက်နှာပြင်ပါရှိသည့်အပြင်ပထမဦးဆုံးအကြိမ်အဖြစ် 120Hz refresh rate လုပ်ဆောင်ချက်နှင့် Quad HD+ display နှစ်မျိုးစလုံးအားရွေးချယ်အသုံးပြုသွားနိုင်မည်ဖြစ်သည်။ Galaxy S20 နှင့်နှိုင်းယှဉ်ပါက Galaxy S21 Ultra စမတ်ဖုန်း၏ပုံရိပ်တောက်ပမှု (Brightness) ပမာဏသည် ၂၅ ရာခိုင်နှုန်း အထိပိုမိုမြင့်မားလာပြီး Galaxy စမတ်ဖုန်းများအနက် အမြင့်ဆုံးသောတောက်ပမှုပမာဏဖြစ်သည့် ၁၅၀၀ nits အထိရရှိနိုင်မည်ဖြစ်သည်။။
အလားတူပင်Contrast Ratioအချိုးအစားသည်လည်း ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာသည့်အတွက် ပြင်ပပတ်ဝန်းကျင်တွင် ရောက်ရှိနေသည့်တိုင် ကြည်လင်ပြတ်သားပြီး အရောင်စိုလွင်သောအမိုက်စားဓါတ်ပုံများအားရိုက်ကူးသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် Galaxy S21 နှင့် Galaxy S21+ စမတ်ဖုန်းများကဲ့သို့ပင် Galaxy S21 Ultra တွင်လည်း မျက်စိထိခိုက်မှုလျော့နည်းစေရန်အတွက် Eye Comfort Shield စနစ်အားထည့်သွင်းပေးထားသည်။

Photo Source https://www.facebook.com/SamsungMyanmar
Galaxy S21 Ultra စမတ်ဖုန်းတွင်အဆင့်အမြင့်မားဆုံးသောပရော်ဖက်ရှင်နယ် အဆင့်ကင်မရာစနစ်အားထည့်သွင်း တည်ဆောက်ပေးထားသည်။ စမတ်ဖုန်း၏ကျောဖက်တွင်ကင်မရာလေးလုံး (Ultra-wide၊wide နှင့် tele-lenses နှစ်လုံး) ပါဝင်ပြီး 108 MP pro sensor တပ်ဆင်ပေးထားသည့်အတွက် သုံးစွဲသူများအနေဖြင့် ၆၄ ဆပိုမိုစိုပြေတောက်ပသော အရောင်ဖွဲ့စည်းမှုနှင့် Dynamic range သုံးဆကျော်ပိုမိုကျယ်ပြန့်သောအနေအထားဖြင့် 12 bit HDR ပုံရိပ်များ အားရိုက်ကူးသွားနိုင်မည်ဖြစ်သည်။
ထို့အပြင် Galaxy စမတ်ဖုန်းများတွင်ပထမဦးဆုံးအကြိမ်အဖြစ် ရှေ့ဖက်ကင်မရာနှင့် ကျောဖက်ကင်မရာလေးလုံး အပါအဝင်ပါဝင်သမျှ ကင်မရာမှန်ဘီလူးတိုင်းအား 60fps ဖြင့် 4K ဗီဒီယိုများအား ရိုက်ကူးနိုင်ရန် တည်ဆောက်ပေးထား သည့်အတွက် ထောင့်မျိုးစုံမှရွေ့ပြောင်းရိုက်ကူးလျှင်လည်း ဗီဒီယိုအရည်အသွေးကျဆင်းသွားမှုအလျှင်းမရှိပဲ ရိုက်ကူးသွားနိုင်မည်ဖြစ်သည်။ အလားတူပင် 12-bit RAW file optionလုပ်ဆောင်ချက်လည်းပါဝင်လာ သောကြောင့် ဓါတ်ပုံ၊ ဗီဒီယိုများတည်းဖြတ် (Edit) သည့်အခါတိုင်းတွင်အသေးစိတ်အချက်အလက်များမှစ၍ တစ်စုံတစ်ရာလှစ်ဟင်းမှု မရှိဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
သုံးစွဲသူများအနေနှင့် Galaxy S21 Ultra စမတ်ဖုန်းဖြင့်အနီးကပ် zoom ဆွဲ၍ရိုက်ကူးသည့်အခါများတွင်လည်း ထည့်သွင်းတည်ဆောက်ထားသည့် Samsung ၏ပထမဦးဆုံးသော dual-tele မှန်ဘီလူးစနစ် (Dual Pixel (2PD) AF ပါဝင်သည့် Optical3x တစ်လုံးနှင့် Optical 10x တစ်လုံး) ပါရှိသည့်100x Space Zoom လုပ်ဆောင်ချက်နှင့် အတူကြည်လင်ပြတ်သားမှုအရှိဆုံးပုံရိပ်များအားလှုပ်ရှားနေသည့်အချိန်တွင်ပင်ဖမ်းယူရိုက်ကူးသွားနိုင်မည်ဖြစ်သည်။
ထို့အပြင် Galaxy S21 Ultra တွင်Samsung ၏ နောက်ဆုံးပေါ် ခေတ်အမီဆုံးသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် အဆင့်မြင့်တင်ထားသော Bright Night sensor သည်လည်း အလင်းရောင်ရရှိမှုနည်းပါးသည့် အခြေအနေများတွင် အကောင်းဆုံးပုံရိပ်များရရှိနိုင်ရန်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ ပိုမိုကောင်းမွန်လာသော Night Mode၊ noise reduction နှင့် 12MP Nona-binningနည်းပညာများနှင့်အတူသုံးစွဲသူများသည် အလင်းရောင်ရရှိမှုနည်းပါးသော အခန်း သို့မဟုတ် ညအချိန်များတွင် ရိုက်ကူးလျှင်လည်း ပုံရိပ်များအားကောင်းမွန်သော အရည်အသွေးဖြင့် မြန်ဆန်စွာဖမ်းယူ သိမ်းဆည်းသွားနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/SamsungMyanmar
S Series စမတ်ဖုန်းများအနက်ပထမဆုံးအနေဖြင့်လူအများကြိုက်နှစ်သက်သည့် S Pen လုပ်ဆောင်ချက်ကိုလည်း Wacom’s နည်းပညာဖြင့် Galaxy S21 Ultra တွင်အသုံးပြုနိုင်စေရန် ထည့်သွင်းပေးထားသည်။ အဆိုပါ လုပ်ဆောင်ချက် အားလက်ရှိ Galaxy Note၊ Galaxy Tab တို့တွင်ပါဝင်သည့် S pen များ၊သီးသန့်ဝယ်ယူနိုင်သည့် S pen များအပြင် သတ်မှတ်ထားသောဖုန်း case များအားအသုံးပြု၍လည်းအသုံးပြုသွားနိုင်မည်ဖြစ်သည်။
သူမတူသောပြီးပြည့်စုံမှုအရှိဆုံး ကင်မရာစွမ်းဆောင်ရည်၊ မျက်နှာပြင်နှင့်ဆက်သွယ်ချိတ်ဆက်သုံးစွဲနိုင်မှု လုပ်ဆောင် ချက်များအား အကောင်းဆုံးမွန်ဆုံးထောက်ပံ့ပေးနိုင်ရန်အတွက် Galaxy ထုတ်ကုန်များအနက် စွမ်းဆောင်ရည် အမြင့်မားဆုံးသော chipset အား Galaxy S21 Ultra စမတ်ဖုန်း၌ထည့်သွင်းပေးထားသည်။ ထို့အပြင်Galaxy S21 Ultra စမတ်ဖုန်း၏ ဘက်ထရီပမာဏလျော့နည်းနေသည့်အခါမျိုးတွင်လည်း စမတ်ဖုန်းအားမိနစ် (၃၀) အားသွင်းရုံမျှဖြင့် ဘက်ထရီပမာဏ ၅၀ ရာခိုင်နှုန်းအထိ အလွန်လျင်မြန်စွာအားဖြည့်ပေးနိုင်မည်ဖြစ်သည်။