Mobile Gaming Industry ဟာပိုပိုပြီး ကျယ်ပြန့်လာတာနဲ့အမျှ PC, Consoler, Xbox လို Platform တွေမှာ အောင်မြင်နေတဲ့ ဂိမ်းတော်တော်များများဟာ Mobile Industry ဘက်ကိုစတင် ချဲ့ထွင်လာကြပါတယ်။ Battle Royal ဂိမ်းတွေခေတ်စားလာတဲ့ ဒီလိုအချိန်မျိုးမှာလည်း Melee တိုက်ခိုက်ရတာကို အခြေခံထားတဲ့ Fighting, Shooter Video Game နဲ့ Action-adventure ဂိမ်းအမျိုးအစား NARAKA: BLADEPOINT ဟာလည်း Mobile Device တွေ အတွက် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။
NARAKA: BLADEPOINT MOBILE ကို Android နဲ့ iOS အတွက် Develop ပြုလုပ်နေပြီလို့ 24 Entertainment နဲ့ NetEase Games ဘက်က Announce ပြုလုပ်ထားပါတယ်။ ထွက်ရှိလာမယ့်ရက်ကိုတော့ ကြေငြာထားခြင်း မရှိသေးပါဘူး။ NARAKA: BLADEPOINT ရဲ့ တစ်ခြား Battle Royal ဂိမ်းတွေနဲ့မတူတဲ့အချက်ကတော့ ခေတ်ပေါ်လက်နက်တွေဆိုတာထက် Martial Arts ကိုအဓိကအသုံးပြုပြီး တိုက်ခိုက်ရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Melee နဲ့ Ranged လက်နက်တွေပါဝင်တဲ့အပြင် အသုံးပြုတဲ့ Character ပေါ်မူတည်ပြီး Ability တွေပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ 
Photo Source NARAKA: BLADEPOINT MOBILE
Beta Test တွေအတွက်ရက်ကို မဖော်ပြထားပေမယ့် NARAKA: BLADEPOINT MOBILE website မှာတော့ ထွက်ရှိလာမယ့် Beta Test နဲ့တခြား သတင်းအချက်အလက်တွေအတွက် Subscribe ပြုလုပ်ထားနိုင်ပါပြီ။ Website မှာ Subscribe ပြုလုပ်ထားတဲ့သူတွေအနေနဲ့ Exclusive in-game Rewards တွေလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ Steam မှာတော့ အခကြေးငွေပေးပြီး ဝယ်ဆော့ရပေမဲ့ Mobile Version အတွက်ကတော့ ဝယ်ဆော့ရမလား အခမဲ့ဆော့ကစားနိုင်မလား မသိရသေးပါဘူး။
NARAKA: BLADEPOINT MOBILE နဲ့ပက်သက်တဲ့ အချက်အလက်တွေအတွက် Twitter ကနေလည်း စောင့်ကြည့်နိုင်ပါတယ်။