ဇွန်လမှာ Free-to-play ဂိမ်းတစ်ခုဖြစ်လာမဲ့ Fall Guys

PC Version တစ်ခုဖြစ်တဲ့ Fall Guys ဟာ ဇွန်လ ၂၁ ရက်နေ့မှာ Steam Platform ကနေ ဖြုတ်ချခံရမယ်လို့ သိရပါတယ်။ လက်ရှိဆော့ကစားနေတဲ့ ကစားသူတွေကတော့ Valve Platform ကနေတစ်ဆင့် ဆက်ကစားလို့ရနေဦးမှာပါ။ 

Photo Source www.fallguys.com

Steam ကနေ Download ပြုလုပ်လို့ မရတော့တဲ့အတွက် ကစားသူအသစ်တွေဟာ Epic Games Store ကတစ်ဆင့်ပဲ Download ပြုလုပ်ဆော့ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ Steam မှာမရှိတော့ပေမယ့် Steam ကနေလက်ရှိကစားနေတဲ့သူတွေကတော့ Update တွေအပြင် Season အသစ်တွေ၊ Patch တွေနဲ့ Feature တွေကိုတော့ ဆက်လက်ရရှိနေဦးမှာဖြစ်ပါတယ်။

Fall Guys ဟာ Knockout Battle Royal ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး ဂျွန်လ ၂၁ ရက်နေ့ကစလို့ free-to-play ဂိမ်းအမျိုးအစားဖြစ်လာမယ်လို့ Developer ဘက်က ကြေငြာထားပါတယ်။ ကစားသူတွေအချိန်အတော်ကြာ စောင့်စားနေကြတဲ့ Switch နဲ့ Xbox Version လဲထွက်ပေါ်လာမဲ့အပြင် PlayStation 5 အသစ်အတွက်ပါ ထွက်ရှိမှာ ဖြစ်ပါတယ်။ 

Free-to-Play ဂိမ်းအဖြစ်ပြောင်းလဲတဲ့အနေနဲ့ Fall Guys ရဲ့ ၂နှစ်ပြည့်အထိန်းအမှတ်ကျင်းပရင်း Season 1 ကနေစတင်ဖို့အတွက် Reset ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ Challenge နဲ့ Reward အသစ်တွေလည်း ပါဝင်လာမှာပါ။ Fall Guys ကိုအသစ်ထပ်မံရောက်ရှိလာတဲ့ Paid Premium Season Pass ဟာလည်း Show-Bucks လို့ခေါ်တဲ့ In-game Currency အသုံးပြုပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။ Fall Guys ရဲ့ Free-to-Play ဂိမ်းအဖြစ်ပြောင်းလဲတဲ့အချိန်မှာ လက်ရှိကစားနေကြတဲ့ ကစားသမားတွေကို Special Legacy Pack အပြင် Cosmetic Item အများအပြားနဲ့ ပထမဆုံး Season Pass ကိုလည်း အခမဲ့ပေးအပ်သွားမယ်လို့ သိရပါတယ်။ 

Photo Source www.fallguys.com

ဇွန်လ ၂၁ ရက်နေ့ကစပြီး Fall Guys ကို Epic Games Store ကနေ Download ပြုလုပ်နိုင်မဲ့အပြင် Switch, PS4, PS5, Xbox One, Xbox Series S/X တွေမှာပါဆော့ကစားနိုင်ပြီ ဖြစ်ပါတယ်။ ဆော့ကစားနိုင်တဲ့ နေရာအားလုံးကနေလည်း Cross-Platform ကစားခွင့်ပြုထားပါသေးတယ်။ 

Fall Guys – Free for All Trailer ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။