AGD Bank မှ အမြင့်ဆုံးအတိုးနှုန်း ၉.၃၅ ရာခိုင်နှုန်းဖြင့် အတိုးကိုငွေသားချက်ချင်း ထုတ်ယူနိုင်သော အစီအစဉ်စတင်

AGD Bank မှ အမြင့်ဆုံးအတိုးနှုန်း ၉.၃၅ ရာခိုင်နှုန်းဖြင့် အတိုးကိုငွေသားချက်ချင်း ထုတ်ယူနိုင်သော အစီအစဉ်စတင်လိုက် ပြီဖြစ်ကြောင်းသိရသည်။
ကြိုယူအကောင့် အပ်နှံမည်ဆိုလျှင် အတိုးကို ငွေသားချက်ချင်း ထုတ်ယူနိုင်သည့်အပြင် ငွေစုသက်တမ်းပြည့်ချိန်တွင် Customer မှ ငွေသားဖြင့်အပ်နှံထားလျှင် ငွေသားအပြည့်အဝ ထုတ်ယူနိုင်ပြီး interbank transfer ဖြင့်ဖွင့်လှစ်ထားလျှင် transfer ပြန်လည်ပြုလုပ်နိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/AGDBank

ငွေအပ်နှံခြင်းကို ငွေသား၊ အခြားဘဏ်မှ interbank ငွေလွှဲ (သို့) ချက်လက်မှတ်တို့ဖြင့် မြန်မာငွေ ၁၀သိန်း မှစတင်ကာ ငွေစုသက်တမ်း တစ်နှစ် အပ်နှံထားနိုင်မည် ဖြစ်ပါသည်။
အတိုးကို ငွေသားချက်ချင်း ထုတ်ယူနိုင်သည့် ကြိုယူအကောင့် အကြောင်းကို နီးစပ်ရာ AGD ဘဏ်ခွဲများတွင် အသေးစိတ်စုံစမ်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ငွေသားများထုတ်ယူခြင်းပြုလုပ်ရင်း အတိုးများများဖြင့်ငွေစုခြင်းပါ တစ်ပြိုင်နက်ပြုလုပ်နိုင်မည့် enCash အကောင့်အမျိုးအစားသစ်ကို AGD ဘဏ်မှ မိတ်ဆက်ထားပြီးဖြစ်သည်။
enCash အကောင့်ကို Interbank(CCT)/ Clearing တို့ဖြင့်ယူဆောင်လာသော ငွေများဖြင့် စတင်ဖွင့်လှစ်နိုင်ပြီး ငွေစုသက်တမ်းမပြည့်ခင် စုငွေပမာဏ၏ ၄၀% အထိ (စတင် ငွေအပ်ချိန်တွင် ၂၀% အထိ၊ငွေစုစဉ်ကာလအတွင်း ၂၀%အထိ) ငွေသားအဖြစ်ထုတ်ယူနိုင်ပြီး ငွေစုသက်တမ်းပြည့်ချိန်တွင် အတိုးအပြည့်အဝကိုလည်း ငွေသားဖြင့်ထုတ်ယူနိုင်မည်ဖြစ်သည်။
အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/AGDBank