Gameplay Leak တွေထွက်ရှိလာခဲ့တဲ့ Call of Duty Warzone Mobile

Call of Duty ဂိမ်းကို Mobile Version ထွက်ရှိလာခဲ့ပြီး အောင်မြင်မှုတွေရရှိလာပြီးတဲ့ နောက်မှာ Activision အနေနဲ့ Warzone ကိုပါ Mobile ကိုဆင်းသက်လာဖို့အတွက် Confirm ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ Activision ဘက်က Warzone Mobile ဂိမ်းကိုစတင် Development လုပ်နေပြီလို့ ပြောကြားခဲ့ပေမယ့် ထွက်ရှိလာမဲ့ Release Date နဲ့ပက်သက်ပြီး ဘာမှမသိရသေးပါဘူး။ 

Warzone Mobile ကို Codename အနေနဲ့ Project Aurora လို့ပေးထားပြီး လက်ရှိအချိန်မှာတော့ Closed Alpha စတင်နေပါပြီ။ ကစားသူတွေအနေနဲ့ Closed Alpha ကို Sign Up ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။ ကစားသူဦးရေ ကန့်သတ်ထားတဲ့အပြင် Activision ဘက်က ရွေးချယ်ပြီး Direct Invite ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ 

Closed Alpha Test ထဲမှာပါဝင်တဲ့ အကြောင်းအရာ အချက်အလက်တွေက အတည်တကျတော့ မဟုတ်သေးပါဘူး။ Alpha Test ဖြစ်တဲ့အတွက် ပြောင်းလဲမှုတွေရှိဦးမှာပါ။ Alpha Test မှာဆော့ကစားခဲ့တဲ့ အချက်အလက်တွေ ကလည်း အချိန်မရွေး Reset ပြုလုပ်သွားမှာဖြစ်ပြီး အမြဲပြောင်းလဲနေမှာပါ။ 

Closed Alpha ရဲ့ Screenshot တွေကို Twitter မှာတင်ခဲ့ပေမဲ့ Activision ကဖြုတ်ချခဲ့ပြီး ဖြစ်ပါတယ်။ GamePlay Video မှာတော့ Leaker ဖြစ်တဲ့ cod_perseus ကသူ့ရဲ့ Watermark ကိုထည့်သွင်းခဲ့ပါတယ်။ Recording Video အရ ကစားသူ အယောက် ၁၅၀ အထိပါဝင်နေတာကို တွေ့ရပါတယ်။