၂၇ နှစ်သက်တမ်းရှိတဲ့ Internet Explorer ကို Microsoft ရပ်တန့်

Internet Browser တွေအပြိုင်အဆိုင် ပေါ်ပေါက်လာပြီးတဲ့နောက်မှာ Microsoft အနေနဲ့ သူ့ရဲ့ ၂၇ နှစ်သက်တမ်းရှိတဲ့ Internet Explorer ကိုရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။ Internet Explorer ကို ၁၉၉၅ ခုနှစ်မှာ စတင်အသုံးပြုခဲ့ကြပိဲး Microsoft ရဲ့ Windows Operation System Bundle ထဲကတစ်ခု အပါအဝင်ဖြစ်ပါတယ်။ သန်းပေါင်းများစွာသော ကွန်ပြူတာတွေမှာလည်း pre-installed အနေနဲ့ထည့်သွင်းအသုံးပြုခဲ့တဲ့ Browser တစ်ခုလည်း ဖြစ်ပါတယ်။ 

Photo Source Microsoft

ဒီလိုသက်တမ်းရင့်တဲ့ Browser တစ်ခုကို ၂၀၂၂ ဂျွန်လ ၁၅ ရက်နေ့ ဗုဒ္ဓဟူးနေ့ကစပြီး အသုံးပြုခွင့်ကို ရပ်တန့်လိုက်တော့မှာ ဖြစ်ပါတယ်။ Internet Explorer ကို Microsoft အနေနဲ့ အထောက်အပံ့ မပေးနိုင်တော့တဲ့အတွက် ဝင်ရောက်အသုံးပြုသူတွေကိုလည်း Microsoft Edge ကိုအသုံးပြုဖို့အတွက် ပြန်လည် ညွှန်ကြားပေးမယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်မှ စတင်အသုံးပြုခဲ့တဲ့ Microsoft Edge ဟာ Internet Explorer ထက် အသုံးပြုရပိုပြီး မြန်ဆန်သလို၊ အသုံးပြုသူတွေအတွက် လုံခြုံမှုလည်း ပိုပေးစွမ်းနိုင်တဲ့အပြင် ခေတ်မှီတဲ့ Browser တစ်ခုကို အသုံးပြုရတဲ့ခံစားချက်မျိုးပိုပြီး ပေးစွမ်းနိုင်ပါတယ်။ Google Chrome လိုမျိုး လူသုံးများ နာမည်ကြီးတဲ့ Brower တွေနဲ့ယှဉ်ဖို့အတွက် ထွက်ပေါ်လာခဲ့တဲ့ Browser တစ်ခုဆိုရင်လည်း မမှားပါဘူး။