စာလေ့လာသူ၊ မှတ်စုမှတ်ယူလေ့ရှိသူတိုင်း သိထားသင့်သော Note-taking App များ

COVID-19 ကူးစက်ရောဂါစပြန့်နှံတဲ့ အချိန်ကစလို့ နိုင်ငံတော်တော်များများတင်မကပါဘူး မြန်မာနိုင်ငံမှာလည်း အင်တာနက်ပေါ်ကနေ စာသင်တဲ့ Online Learning စနစ်တွေ၊ Online Class တွေ တော်တော်များများ အသုံးပြုလာကြပါတယ်။ သင်ကြားမှုအတွက် Zoom နဲ့ Google Classroom တွေကို အများဆုံး အသုံးပြုကြတာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်မှုလုပ်ကိုင်နေတဲ့ သူတွေအတွက်ကတော့ ရင်းနီးပြီးသား ဖြစ်လောက်ပေမယ့် ကျောင်းသား လူငယ်တွေ အတွက်ကတော့ ဒီလို Tool တွေအတွက်ကတော့ စာလေ့လာဖို့ မှတ်စုတွေမှတ်သားဖို့ တခြား Digital Tool တွေကိုလည်း ရင်းနီးထားဖို့ လိုပါသေးတယ်။ ဒါကြောင့် ကျောင်းသားလူငယ်တွေ တင်မကပါဘူး Digital Tool တွေကို အသုံးပြုရတာ သဘောကျကြတဲ့သူတွေ၊ စာအုပ်မှာလက် ကိုယ်နဲ့အမြဲပါလေရာယူသွားတတ်တဲ့ Device တွေကနေ စာပဲဖြစ်ဖြစ် မှတ်စုပဲဖြစ်ဖြစ် မှတ်သားတဲ့နေရာမှာ အထောက်အကူဖြစ်စေမယ့် Tool တွေ အကြောင်းကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ နားလည်လွယ်စေဖို့အတွက်လည်း သက်ဆိုင်ရာ Tool တွေရဲ့ YouTube Intro Video တွေကိုပါ ထည့်သွင်း ပေးထားပါတယ်။

Photo Source Bit.ai

(၁) Bit.ai

မှတ်စုတွေ မှတ်သားတဲ့နေရာမှာ ကွန်ပြူတာမှာ ပါတဲ့ Notepad တွေ အသုံးပြုလို့ရတယ်ဆိုပေမယ့် အသုံးဝင်မှုမှာ ကွာခြားပါတယ်။ Bit.ai ကိုအသုံးပြုပြီး မှတ်စုတွေ မှတ်သားထားလို့ရသလို Assignment တွေနဲ့ Report တွေကိုလည်း ပြင်ဆင်မှတ်သားနိုင်ပါသေးတယ်။ အသုံးပြုနိုင်တဲ့ Template တွေလည်း ပါဝင်ဦးမှာပါ။ အသုံးပြုရတာ ရိုးရှင်းတဲ့အပြင် ကိုယ်စိတ်ကြိုက် Workplace တွေလည်း ဖန်တီးနိုင်ပါသေးတယ်။ ဖန်တီးလိုက်တဲ့ Workplace မှာ ကိုယ့်ရဲ့သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း Invite လုပ်လို့ရဦးမှာပါ။ အင်တာနက်ကနေ အလုပ်လုပ်တာပဲဖြစ်ဖြစ် စာဆွေးနွေးကြတာပဲဖြစ်ဖြစ် Bit.ai ရဲ့ Workplace မှာ real-time collaboration ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်မှတ်သားထား၊ ရေးသားထားတဲ့စာတွေကို စိတ်ကြိုက်ပြင်ဆင်တာတွေအပြင် ဓာတ်ပုံ၊ Spreadsheet, YouTube Video, Gifs, PDF, Podcast နဲ့ တခြား Context တွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ အဖွဲ့နဲ့အလုပ်လုပ်တာဖြစ်ဖြစ်၊ စာသင်တဲ့နေရာမှာ သုံးတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Document ကို ဘယ်သူတွေက မြင်ပြီးသွားပြီ အချိန်ဘယ်လောက်ပေးပြီး ဖတ်ရှုထားတယ်ဆိုတာတွေကိုပါ စစ်ဆေးနိုင်ဦးမှာပါ။

အခမဲ့ အသုံးပြုတဲ့သူတွေအတွက်ကတော့ တစ်ချို့ Function တွေကို အသုံးပြုခွင့်ကန့်သတ်ထားမှာ ဖြစ်ပါတယ်။ ဝယ်ယူအသုံးပြုချင်သူတွေအတွက်ကတော့ Standard Package (တစ်လ ၁၂ ဒေါ်လာ), Plus Package (တစ်လ ၂၀ ဒေါ်လာ) နဲ့ Enterprise တွေအနေနဲ့ကတော့ Bit.ai Team ကိုဆက်သွယ်စုံစမ်းရမှာ ဖြစ်ပါတယ်။ အသုံးပြုလိုသူတွေ အနေနဲ့ Bit.ai website ကိုဝင်ရောက်အသုံးပြုနိုင်ပါတယ်။ Application အနေနဲ့တော့ ထွက်ရှိထားခြင်း မရှိသေးပါဘူး။

(၂) OneNote

Digital Tool လို့ပြောလိုက်တာနဲ့ Microsoft ကတော့ မပါမဖြစ်လို့တောင် ပြောလို့ရပါတယ်။ OneNote ဆိုတာကတော့ Microsoft ရဲ့ Note-taking app တစ်ခုဖြစ်ပါတယ်။ အခမဲ့အသုံးပြုနိုင်မယ့်အပြင် ကိုယ့်စိတ်ကြိုက် Notebook တွေအများကြီးကိုလည်း ဖန်တီးနိုင်ပါသေးတယ်။ ဖန်တီးလိုက်တဲ့ Notebook ထဲမှာမှ ကိုယ့်စိတ်ကြိုက်ခေါင်းစဉ်နဲ့ Note တွေလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Laptop, PC, Tablet နဲ့ Phone တွေမှာပါအသုံးပြုလို့ရတဲ့အတွက် ဘယ်နေရာသွားသွား အလွယ်တကူ အသုံးပြုနိုင်မှာပါ။

Photo Source OneNote

Notebook ထဲမှာ မှတ်သားဖို့အတွက်လည်း Handwriting စနစ်အပြင် Stylus Pen ကိုလည်း Support ပြုလုပ်ထားပါသေးတယ်။ စာသားတွေအပြင် ဇယားကွက်တွေ, ဖိုင်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ လင့်တွေအပြင် အသံဖိုင်ကိုလည်း ထည့်သွင်းမှတ်သားထားနိုင်မှာ ဖြစ်ပါတယ်။

OneNote မှာ ကိုယ့်ရဲ့ Note တွေကို တစ်ခြားသူတွေကိုလည်း မျှဝေပြီး Real-time ပြင်ဆင်လို့ရပါတယ်။ Auto-sync စနစ်လည်းပါဝင်တဲ့အတွက် ပြင်ဆင်ပြီးတာနဲ့ တစ်ခြား Device တွေမှာပါ ပြင်ဆင်ပြီးသားဖြစ်နေမှာပါ။ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ကိုယ်မှတ်သားထားတဲ့ Note တွေကို Password ခံထားနိုင်တာပဲ ဖြစ်ပါတယ်။

Microsoft ရဲ့ OneNote ကိုအသုံးပြုဖို့အတွက် www.onenote.com ကနေအသုံးပြုနိုင်သလို Laptop, PC, Smartphone နဲ့ Tablet Device တွေမှာ Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။

(3) Evernote

Evernote ဆိုတာလည်း လူတိုင်းနဲ့ မစိမ်းတဲ့ Note-taking App တစ်ခုဖြစ်ပါတယ်။ Microsoft ရဲ့ OneNote လိုပဲ Handwriting အသုံးပြုပြီး မှတ်သားထားနိုင်သလို Text, Audio, Picture, Web Page, Video Recording လို Format မျိုးစုံနဲ့လည်း မှတ်သားနိုင်မှာ ဖြစ်ပါတယ်။ Website, Software, Mobile App တွေက တစ်ဆင့်အသုံးပြုလို့ရသလို Stylus Pen အသုံးပြုမှုကိုလည်း ထောက်ပံ့ပေးထားတဲ့အတွက် အလွယ်တကူပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်တိုင် လက်ရေးနဲ့ရေးထားတဲ့ စာတွေကိုလည်း Scan ဖတ်ပြီး သိမ်းထားနိုင်တဲ့အတွက် အသုံးဝင်တဲ့ Tool တစ်ခုလို့ပြောရရင် မမှားနိုင်ပါဘူး။

Photo Source Evernote

အပေါ်မှာပြောခဲ့တဲ့ Note-taking app တွေလိုပဲ တခြားသူတွေနဲ့လည်း Collaborate ပြုလုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ Built-in Presentation Feature ပါဝင်တာကလည်း အလုပ်အတွက်ပဲဖြစ်ဖြစ် စာလေ့လာတဲ့ ကျောင်းသားတွေအတွက်ပဲ ဖြစ်ဖြစ် အတော်လေးအသုံးဝင်ပါတယ်။

Evernote ကိုအသုံးပြုလိုသူတွေအနေနဲ့ evernote.com ကနေဝင်ရောက်အသုံးပြုနိုင်သလို Application Download ပြုလုပ်ပြီးလည်း Laptop, Phone နဲ့ Tablet တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခမဲ့အသုံးပြုသူတွေအတွက် တချို့ Function တွေကိုတော့ ကန့်သတ်ထားမှာပါ။ Professional Plan ကိုလည်း ဈေးနှုန်းအမျိုးမျိုးနဲ့ ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၄) Notion

Note-taking app တွေလို့ပြောလိုက်ရင် Notion ကိုလည်း ချန်ထားလို့မရပါဘူး။ ပုံမှန် Note-taking app တစ်ခုဆိုပေမယ့် Template မျိုးစုံ လုပ်ဆောင်ချက်မျိုးစုံနဲ့ ကိုယ်ဖန်တီးနိုင်စွမ်းရှိသလောက် ဖန်တီးနိုင်လောက်အောင် အသုံးဝင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ မှတ်စုတွေ အချက်အလက်တွေမှတ်သားတာထက် Notion က Project တွေကို Management ပြုလုပ်တာ၊ Team Management ပြုလုပ်တာတွေအတွက် အတော်လေးအသုံးဝင်တဲ့ Tool တစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။

Photo Source Notion

Notion မှာ ဇယားကွက်တွေ၊ Board တွေ၊ Calendar တွေအပြင် Gallery တွေနဲ့ Timelines တွေကိုလည်း ဖန်တီးနိုင်ပါတယ်။ Page တွေအများကြီးဖန်တီးနိုင်သလို ဖန်တီးလိုက်တဲ့ Page တွေထဲက Data တွေကိုလည်း Excel အသုံးပြုသလို ချိတ်ဆက်အသုံးပြုနိုင်တာက အသုံးဝင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ Team အနေနဲ့လည်း အသုံးပြုပြီး အချိန်နဲ့တပြေးညီ Edit ပြုလုပ်တာ Comment ပေးတာတွေ လုပ်နိုင်ပါတယ်။ ဖိုင်တွေကို အကန့်အသတ်မရှိ Upload ပြုလုပ်နိုင်ပေမယ့် ဖိုင်တစ်ခုကို 5MB ပဲသတ်မှတ်ထားပါတယ်။

စိတ်ဝင်စားတဲ့သူတွေအနေနဲ့ Personal, Personal Pro, Team နဲ့ Enterprise ဆိုပြီး လေးမျိုးအသုံးပြုနိုင်ပါတယ်။ Personal Plan ကတော့အခမဲ့ဖြစ်ပြီး Member 5 ယောက်အထိအသုံးပြုနိုင်ပါတယ်။ Page တွေကိုလည်း အကန့်အသတ်မရှိ ဖန်တီးနိုင်မှာပါ။ ကျန်တဲ့ Plan တွေကိုတော့ လစဉ်ကြေးပေးသွင်းပြီး အသုံးပြုရမှာပါ။ notion.so ကနေ ဝင်ရောက်အသုံးပြုနိုင်သလို iOS, Android, Mac, Windows နဲ့ Website ကတစ်ဆင့် အသုံးပြုနိုင်ပါတယ်။

(၅) Keep

Microsoft လိုပဲ Digital Tool တွေနဲ့ ပက်သက်လာရင် Google ကလည်း မပါအဖြစ် Platform တစ်ခုဖြစ်ပါတယ်။ Google ရဲ့ Doc, Spreadsheet, Slide လို အသုံးဝင်တဲ့ Platform တွေအပြင် Google Keep ကိုလည်း ဖယ်ထားလို့မရပြန်ပါဘူး။ တစ်ခြားဖော်ပြပေးခဲ့တဲ့ Note-taking app တွေလို Handwriting တွေ၊ ဗီဒီယိုတွေကိုတော့ ထည့်သွင်းလို့ရမှာ မဟုတ်ပါဘူး။ voice typing ပြုလုပ်တာနဲ့ အပြင်မှာကိုယ်တိုင်ရေးသားထားတဲ့စာတွေကိုတော့ scan ဖတ်ပြီး ထည့်သွင်းနိုင်ပါတယ်။ ဓာတ်ပုံတွေထည့်သွင်းတာနဲ့ တခြားသူတွေကို Collaborate ပြုလုပ်တာအပြင် Remind ပြုလုပ်တဲ့ လုပ်ဆောင်ချက်တွေတော့ ပါဝင်မှာပါ။ Page ကိုလည်း ကိုယ်နှစ်သက်တဲ့အရောင်တွေ ပြောင်းနိုင်ပါတယ်။ ကိုယ်ရေးသားလိုက်တဲ့ မှတ်စုတွေကိုလည်း Label ခွဲပြီး မှတ်သားနိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Photo Source Laptrinxh.com

အခမဲ့အသုံးပြုနိုင်မှာ ဖြစ်သလို အသုံးပြုရလည်း မြန်ဆန်ပေါ့ပါးနေမှာပါ။ Google ရဲ့ Product တစ်ခုဖြစ်တဲ့အတွက် သူ့ရဲ့ Application တွေအားလုံးကို အလွယ်တကူဝင်ရောက်နိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်နေမှာ ဖြစ်ပါတယ်။ အသုံးပြုလိုသူတွေအနေနဲ့ keep.google.com ကနေဝင်ရောက်အသုံးပြုနိုင်သလို Application Download ပြီးလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။