ဆန်းသစ်တဲ့ဒီဇိုင်းနဲ့ စမတ်ဖုန်းဈေးကွက်ထဲ ဝင်ရောက်လာတော့မဲ့ Nothing Phone 1

2020 ခုနှစ်မှာ OnePlus ရဲ့ Co-founder တစ်ယောက်ဖြစ်တဲ့ Carl Pei ဟာ သူ့ရဲ့ ကိုယ်ပိုင် နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Nothing Technology Limited (NOTHING) ကိုတည်ထောင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ  ပြုလုပ်ခဲ့တဲ့ Event မှာတော့ Carl Pei အနေနဲ့ သူ့ရဲ့ Nothing Phone ဟာ စမတ်ဖုန်းဈေးကွက်ထဲဝင်ရောက်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီ ဆိုတဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Source Nothing

Nothing Phone 1 ကို ၂၀၂၂ ဂျွန်လိုင်လ ၁၂ ရက်နေ့မှာ တရားဝင်ချပြသွားမယ်လို့ Nothing ဘက်က ကြေငြာထားခဲ့ပါတယ်။ Event မတိုင်ခင် ရယူချင်တဲ့သူတွေအတွက် Limited Edition အလုံး ၁၀၀ ကိုလည်း ဂျွန်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့မှာ ရောင်းချသွားဦးမှာပါ။ Event ကိုတော့ Nothing ရဲ့ တရားဝင် YouTube Channel မှာ Live-Stream ထုတ်လွှင့် ပေးမှာပါ။ Update တွေနဲ့ Live-steam အချက်အလက်တွေအတွက်လည်း Nothing ရဲ့ Website မှာ Sign up ပြုလုပ်နိုင်ပါတယ်။

Photo Source Nothing

Design ပိုင်းမှာတော့ Transparent နောက်ခံကိုအသုံးပြုထားပြီး ဖုန်းအတွင်းပိုင်း တည်ဆောက်ထားတဲ့ ပစ္စည်းတွေကို မြင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုဒီဇိုင်းမျိုးကလည်း စမတ်ဖုန်းဈေးကွက်ထဲမှာ ပုံမှန်မြင်တွေ့နေကျ ဖုန်းဒီဇိုင်းတွေနဲ့ယှဉ်လိုက်ရင် တော်တော်လေးကွဲပြားနေတာကို တွေ့ရပါတယ်။ Nothing ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ ဖုန်းနောက်ခံရဲ့ အောက်ခြေမှာ Nothing Logo ကိုထည့်သွင်းထားတဲ့အပြင် Wireless Charging Coin နဲ့ Dual Camera ကိုမြင်တွေ့ရမှာပါ။ ဖုန်းကို ပြန်လည်အသုံးပြုနိုင်တဲ့ အလူမီနီယမ်ကို အသုံးပြုပြီး တည်ထောင်ထားတယ်လို့ သိရပါတယ်။

Photo Source Google Play Store

Nothing Phone 1 ဟာ Nothing OS လို့ခေါ်တဲ့ Operation System ပေါ်မှာအသုံးပြုမှာ ဖြစ်ပါတယ်။ Nothing OS ရဲ့ အသုံးပြုရပေါ့ပါးပုံနဲ့ မြန်ဆန်ပုံတွေကိုလည်း Carl Pei အနေနဲ့ ပြောကြားခဲ့ပါသေးတယ်။ Google Application တွေပါဝင်မဲ့အပြင် Nothing OS နဲ့ပက်သက်ပြီး သူ့ရဲ့ ကိုယ်ပိုင် Nothing Launcher လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ Nothing Launcher ဟာ custom launcher တစ်ခုဖြစ်ပြီး ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ စမ်းသပ်အသုံးပြုလိုတဲ့သူတွေအတွက်လည်း Google Play Store မှ Nothing Launcher (Beta) ကို Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။

ဖုန်းထဲမှာ ပါဝင်လာမဲ့ Specification တွေကိုတော့ အောက်ပါအတိုင်းထုတ်ပြန်ခဲ့ပေမဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ Nothing Phone 1 ကိုသွားရောက် ကြည့်ရှုထားတဲ့ Youtuber တင်ခဲ့တဲ့ video မှာလည်း စမတ်ဖုန်းကိုသေချာကြည့်ရှုနိုင်ပါတယ်။

Display: 6.55-inch, 120Hz, OLED, 1080 x 2400 pixels

Processor: Qualcomm Snapdragon 7 Gen 1

Memory:  8/12 GB

Storage: 128/256 GB

Rear Camera: 50MP (Primary) + 12MP (Ultra-wide)

Front Camera 1:  32MP

Battery: 4500mAh

Charging: 45W, Wireless Charging Support

Materials: Recycled Aluminum mid-frame

Announcement Date: 12 July 2022

Price: NA