Real Practice Education ဆိုတာကတော့ အင်္ဂလိပ်စာကို တကယ်လိုလိုချင်ချင် တတ်မြောက်ချင်သူတွေအတွက် လက် တွေ့ကျကျ သင်ကြားပေးဖို့ ဖွင့်လှစ်ထားတဲ့သင်တန်းတစ်ခုပါ။ အင်္ဂလိပ်စာကို Crazy ဖြစ်တဲ့သူတွေအတွက်တော့ လက်မ လွတ်သင့်တဲ့ သင်တန်းတစ်ခုလို့ဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် သင်ကြားမှုအပိုင်းကလည်း အမှန်တကယ်ထိရောက်စေလို့ပဲ ဖြစ်ပါတယ်။
Real Practice Education ကို ၁၉၁၇ ခုနှစ် စက်တင်ဘာလမှာ အထွေထွေမန်နေဂျာဘဝက အငြိမ်းစားယူထားတဲ့ ဆရာ Bryan ကိုယ်တိုင် တစ်ယောက်တည်းဦးဆောင်ပြီး စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း အင်္ဂလိပ်စာကို Crazy ဖြစ်တဲ့သူ တစ်ယောက်ဖြစ်တာကြောင့်လည်း သင်တန်းဟာ ခုချိန်ထိ အောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ်။
Photo Source Real Practice Education မှ စတင်တည်ထောင်ခဲ့သူ ဆရာ Bryan
“အငြိမ်းစားယူပြီးတဲ့နောက်မှာ ဘာလုပ်ရင်ကောင်းမလဲဆိုပြီး စဉ်းစားလိုက်တော့ အင်္ဂလိပ်ကို ကိုယ်တိုင်က အများကြီး လေ့လာခဲ့တာဆိုတော့ သင်တန်းဖွင့်ဖို့ စိတ်ကူးရတယ်။ အခြားသင်တန်းကြော်ငြာတွေကြည့်လိုက်မိမှ ကိုယ်လည်း လုပ်လို့ရတာပဲဆိုတာ သိတော့ သင်တန်းစတင်ဖွင့်လှစ်ဖြစ်ခဲ့တာပါ” ဟု ဆရာ Bryan ကပြောပါတယ်။
သင်တန်းစဖွင့်ခါစက သင်တန်းတည်နေရာအခက်အခဲတွေရှိခဲ့တဲ့အတွက်ကြောင့်လည်း သားတစ်ယောက်ဖြစ်သူရဲ့ အိမ်ရှေ့ ခန်းကို သင်တန်းတည်နေရာအဖြစ်သတ်မှတ်ပြီး သင်တန်းကို စတင်ခဲ့တာပါ။ အဲဒီနေရာကလည်း သင်တန်းသားလူဦးရေ ၁၂ ယောက်စာပဲ သင်ကြားလို့ရတာကြောင့် သင်တန်းသားဦးရေ ၁၂ ယောက်နဲ့ စတင်ခဲ့တာပါ။
“ကျွန်တော်ရဲ့ သင်တန်းဖွင့်ရတဲ့ အဓိကရည်ရွယ်ချက်ကိုပြောပါဆိုရင် အရင်ကုမ္ပဏီတွေမှာအလုပ်လုပ်လာတုန်းက ဘွဲ့ရတွေ အင်္ဂလိပ်စာတော်တော်အားနည်းတာတွေ့ရတယ်။ မပြောရဲဘူး။ မပြောတတ်ဘူး။ သူများပြောရင်လည်း ကောင်းကောင်းနားမလည်ဘူး။ အင်္ဂလိပ်လိုတွေလည်း ကောင်းကောင်း မရေးတတ်ဘူး။ အဲဒါမျိုးတွေတွေ့တယ်။ ဒါကြောင့် သူတို့လို အင်္ဂလိပ်စာအားနည်းတဲ့သူတွေကို ကူညီပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ဖြစ်ခဲ့တာပါ”ဟု ဆရာ Bryan က ရှင်း ပြပါတယ်။
လက်ရှိသင်တန်းမှာလည်း အင်္ဂလိပ်စာသင်ကြားမှု Course တွေအားလုံးကို ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး တက်မြောက်လွယ်အောင် သင်ကြားပေးနေတာပါ။ Basic Grammar တွေအပါအဝင် Apply English ကို ဦးစားပေးဖွင့်လှစ်ထားခြင်းလည်းဖြစ်ပါတယ်။ Basic Grammar တွေကမှတဆင့် Intermediate level အထိရောက်အောင် သင်ကြားပေးပါတယ်။ Intermediate level ကနေ Advanced အထိ တတ်မြောက်စေဖို့ ရည်ရွယ်သင်ကြားပေးခြင်းလည်းဖြစ်ပါတယ်။ ယခု ဖွင့်လှစ်နေတဲ့ သင်တန်းတွေမှာလည်း သင်တန်းသားဦးရေ သတ်မှတ်ထားတဲ့ လူဦးရေထက်ကျော်လွန်တက်ရောက်နေကြ တာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကနေ ယနေ့အထိ သင်တန်းသားဦးရေ ၁၂၀၀ နဲ့ ၁၅၀၀ ကြားမှာ ရှိနေပြီလည်းဖြစ်ပါတယ်။
“အစတုန်းကတော့ သုံးလစာကို ၄၅၀၀၀ ကျပ်ခွဲလောက်နဲ့စခဲ့တာပါ။ တစ်လကို တစ်သောင်းလောက်တော့ ကျတာပေါ့။ ၂ နှစ်လောက်ကြာတော့ ၆၀၀၀၀ ကျပ် တိုးလိုက်တယ်။ ကုန်ကျစရိတ်တွေလည်းများလာတဲ့အတွက်ပါ။ အခုဆို တစ်လကို နှစ်ကြိမ် သုံးကြိမ်လောက်သင်တန်းစဖွင့်ဖြစ်တယ်။ အခုဆိုရင်သင်တန်းအမှတ်စဉ် ၅၂ ကြိမ်လောက်ရှိပါပြီ။ သင်တန်းအမှတ်စဉ် ၅၁ ကြိမ်လောက်မှာ သင်တန်းကြေးကို ၉ သောင်း တိုးသတ်မှတ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ စရိတ်တွေကလည်း ကြီးလာတာကြောင့်ပါ” ဟု ဆရာ Bryan က ဆိုပါတယ်။
Photo Source https://www.facebook.com/RealPractice
အရင်က သင်တန်းအမှတ်စဉ် ၂၈ လောက်အထိ လူကိုယ်တိုင်လာပြီး သင်တန်းတက်ရောက်နိုင်အောင်သင်ကြားပေးခဲ့ပေ မယ့် ကိုဗစ် ၁၉ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သင်တန်းတွေကို Zoom Class အဖြစ်ပြောင်းလဲ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ Application နဲ့ Website တွေပြုလုပ်ထားဖို့ ရည်ရွယ်ထားပေမယ့် လောလောဆယ်မလုပ်ဖြစ်သေး ဘူးလို့လည်း ဆရာ Bryan က ဆိုပါတယ်။ ဒါ့အပြင် ဒီပလိုမာပေးနိုင်တဲ့ ကျောင်းတစ်ကျောင်းဖြစ်အောင် ပြုလုပ်သွားဖို့ သူက ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။
“သင်တန်းတက်ချင်တဲ့သူတွေကို ပြောချင်တာကတော့ ၁၀ နှစ်လောက်သင်လာတဲ့ အင်္ဂလိပ်စာကို လေ့လာတဲ့အခါမှာ ပေါ့ပေါ့လေးလုပ်လို့မရပါဘူး။ အခုသင်တန်းတွေမှာ သင်တယ်။ သင်တန်းတာပြီးသွားတယ်။ သူတို့ အနေနဲ့ အင်္ဂလိပ်စာကို Apply မလုပ်တတ်ဘူး။ ကျွန်တော်က အဲ့ဒီဟာကိုထိုးဖောက်တဲ့အနေနဲ့ Apply လုပ်နိုင်အောင်သင်ကြားပေးတယ်။ တက်မယ့် သင်တန်းသားတွေကိုလည်း အင်္ဂလိပ်စာကို တကယ် crazy ဖြစ်တဲ့ သင်တန်းသားမျိုးပဲဖြစ်စေချင်တယ်။ အင်္ဂလိပ်စာကို မတတ်ရင်မဖြစ်ဘူး။ ငါတို့တတ်မှဖြစ်မယ်ဆိုတဲ့ သူပဲဖြစ်စေချင်တယ်။ သူများသင်တန်းတက်ရက်လိုက်တက်ပြီး တစ်လခွဲ လောက်တက်ပြီး ပျောက်သွားတဲ့ သူမျိုးတော့ မဖြစ်စေချင်ဘူး။ တကယ်လေ့ကျင့်နိုင်တဲ့ သူတွေပဲ လာရောက်တက်စေချင်ပါ တယ်” ဟု ဆရာ Bryan က ဖြည့်စွတ်ပြောကြားခဲ့ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
https://www.facebook.com/RealPractice