လုပ်ဖော်ကိုင်ဖက်အချင်းချင်း ယုံကြည်ရင်းနီးမှုရရှိလာစေနိုင်မယ့် Microsoft ရဲ့ Games for Works App
ကိုဗစ် – ၁၉ ကူးစက်ရောဂါကစလို့ လုပ်ငန်းတွေရဲ့ လုပ်ကိုင်မှုပုံစံတွေဟာ ရွှေ့ပြောင်းလုပ်ကိုင်တဲ့ လုပ်ငန်းပုံစံ၊ အိမ်မှာနေပြီးအလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်ပုံစံတွေကို ပြောင်းလဲလာကြပါတယ်။ Virtual Work Place တွေဖြစ်တဲ့ Microsoft Team, Zoom စတာတွေအပြင် Productivity မြင့်စေတဲ့ Software တွေ၊ Office Software တွေကို အရင်ကထက် ပိုမိုအသုံးပြုနေကြပါပြီ။ Remote နဲ့ Hybrid လုပ်ငန်းခွင်မှာ ပြောင်းလဲလုပ်ကိုင်နေကြရတဲ့အတွက် လုပ်ဖော်ကိုင်ဖက်အချင်းချင်း အချိတ်အဆက်မိဖို့ ရင်းနီးကြဖို့ကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက် တစ်ခု ဖြစ်လာပါတယ်။
အားလုံးကစားနေကြတဲ့ ဂိမ်းတွေဟာလည်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း ယုံကြည်မှုတည်ဆောင်တဲ့နေရာမှာ အလွယ်ကူဆုံးနဲ့ အသုံးအဝင်ဆုံး နည်းလမ်းတစ်ခုဆိုရင်လည်းမမှားပါဘူး။ မုန့်အတူစားတာ နေ့လည်စာအတူစားကြတာတွေအပြင် မိတ်ဖြစ်ဆွေဖြစ် ပြိုင်ပွဲတွေနဲ့ အချင်းချင်းရင်းနီးမှုရအောင်၊ ယုံကြည်မှုရအောင်လည်း လုပ်နိုင်ပါသေးတယ်။
Photo Source Microsoft
လုပ်ဖော်ကိုင်ဖက်အချင်းချင်း ယုံကြည်မှုတွေခိုင်မြဲတည်ဆောက်နိုင်ဖို့အတွက် Microsoft Casual Games, Xbox Games Studio အနေနဲ့ Games for Work Application ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Microsoft Team ကတစ်ဆင့် Meeting ပြုလုပ်တာ အလုပ်လုပ်နေကြရင်း Miscrosoft IceBreakers, Wordament, Minesweeper နဲ့ Solitaire စတဲ့ဂိမ်းတွေကို လျင်လျင်မြန်မြန်နဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ ကစားသူအရေအတွက်ကိုလည်း ၂ ယောက်ကနေ အယောက် ၂၅၀ အထိကစားနိုင်ဦးမှာ ဖြစ်ပါတယ်။ ဂိမ်းတွေဟာ ad-free တွေလည်းဖြစ်တဲ့အတွက် စိတ်ပြေလက်ပျောက်ဆော့နိုင်မှာလည်း ဖြစ်ပါတယ်။ ဂိမ်းတစ်ခုချင်းစီဟာ Team Building အတွက် အခြေခံပေးထားပြီး အဖွဲ့အစည်းတိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးနိုင်မှာ ဖြစ်ပါတယ်။
“လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပဲ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေအချင်းချင်း ယုံကြည်မှု၊ ရင်းနီးမှု တည်ဆောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကမ္ဘာတစ်လွှား လူပေါင်း ၃ ဘီလီယံလောက်ဟာ ဂိမ်းတွေကို ဆော့ကစားလျက်ရှိကြပါတယ်။ ဂိမ်းတွေဟာ ဖန်တီးနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတွေနဲ့ လူတစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်တဲ့နေရာမှာ သူမတူတဲ့နည်းလမ်းမျိုးနဲ့ ပြုလုပ်ပေးနိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့်ပဲ Microsoft Team အတွက်ပြုလုပ်ထားတဲ့ Game for Work App ဟာ ဘယ်လောက်ထိအထောက်အပံ့ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ “ဟု Casual Game တွေအတွက် General Manager တစ်ယောက်ဖြစ်သူ Jill Braff က ပြောကြားခဲ့ပါတယ်။
Spark connection, break the ice, and succeed as a team in your next Microsoft Teams meeting. Add the Games for Work app and start playing Microsoft Solitaire, Minesweeper, Wordament, or IceBreakers today: https://t.co/COH1YPPboJ pic.twitter.com/tuU3hbdcoL
— Microsoft Teams (@MicrosoftTeams) November 16, 2022