မြန်မာ့ပညာရေးအထောက်အကူပြုဖြစ်လာနိုင်သည့်MOOCs Online learning နည်းပညာအကြောင်းသိကောင်းစရာ။

မျက်မှောက်ခတ်ကမ္ဘာမှာနည်းပညာများဟာ တစ်နေ့တစ်ခြားလျင်မြန်စွာတိုးတက်လျှက်ရှိပြီး၊ လူသားများအနေဖြင့် သတင်းအချက်အလက်နည်းပညာကိုအသုံးပြု၍ လေ့လာစမ်းစစ်မှုများပြုလုပ်ရာမှာလည်းအလွန်လျှင်မြန်စွာနဲ့ရှာဖွေလေ့လာနိုင်တာကိုတွေ့ရှိလာရပါတယ်။ဒါ့အပြင် Facebook, Twitter, Imo…အစရှိတဲ့ social media applications တွေကြောင့်ကမ္ဘာ့အရှေ့နဲ့အနောက်ကသတင်းတွေကိုလွယ်ကူလျှင်မြန်စွာသိရှိနိုင်လာကြပြီး၊ တစ်နိုင်ငံနှင့်အခြားနိုင်ငံမှလူများနှင့်ဆက်သွယ်ပြော်ဆိုရာမှာလည်း Viber,Line, WeChat အစရှိတဲ့ ဆက်သွယ်ရေးApplications များကြောင့် အင်တာနက်မှနေ ကုန်ကြစရိတ်သက်သာစွာဖြင့်လွယ်ကူလျှင်မြန်စွာဖြင့်ဆက်သွယ်ပြော်ဆိုနိုင်နေကြပြီပဲဖြစ်ပါတယ်။ ထိုအပြင်နိုင်ငံတစ်ကာပညာရေးအစီအစဉ်များဖြစ်တဲ့ နိုင်ငံတစ်ကာတက္ကသိုလ်ကြီးများမှ ပညာသင်ဆု(Scholarships) အစီအစဉ်များအပြင် Standford,Yale, Harvard အစရှိတဲ့ကမ္ဘာ့နာမည်ကြီးတက္ကသိုလ်ကြီးများမှတည်ဆောက်ဖန်တီးထားသော E-learning websites များအပြင် မြောက်များစွာသော် သင်ခန်းစာများကိုသင်ယူနိုင်ရန်အတွက် MOOCs online-learning websites များလည်းပေါ်ပေါက်လာကာ… online မှ နေ၍နိုင်ငံတက္ကသိုလ်ကြီးများမှပါမောက္ခများကိုယ်တိုင်ပို့ခြထားသော်သင်ခန်းစာများကိုလေ့လာသင်ယူနိုင်ပြီး၊ B.A, i.M.B.A,i.M.S.C အစရှိတဲ့ဘွဲ့လက်မှတ်များကိုရယူနေနိုင်ကြပြီလည်းဖြစ်ပါတယ်။

Image Source: https://www.coursera.org

Massive Open Online Courses (ခေါ်) MOOCs(online learning) နည်းပညာကို Lynda com websites မှ 1995ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး၊ထိုနောက်မှာတော့ POLHN(2005),Ireland နိုင်ငံမှ ALISON(2007),UDEMY (USA,2010) အစရှိသော် MOOCs Online Learning websites များအလျှင်ဦးစွာပေါ်ပေါက်ခဲ့ပါတယ်။MOOCs Online Learning websites များတွင်သင်ခန်းစာပို့ချမှု Vedio များမှတစ်ဆင့်လေ့လာပြီး၊သက်မှတ်ထားသည့်မေးခွန်းများကိုဖြေဆိုခြင်းဖြင့်မိမိတက်ရောက်သည့်ဘာသာရပ်နှင့်သက်ဆိုင်သော်အောင်မြင်မှုအသိမှတ်ပြုလက်မှတ်(Certificate)များကိုရရှိစေနိုင်မှာဖြစ်ပါတယ်။သို့ရာတွင်၂၀၁၀ခုနှစ် အထိ အဆိုပါ websites များမှ ကမ္ဘာအနှံ့MOOCsနည်းပညာအသုံးပြု၍တက်ရောက်ပညာသင်ကြားမှုနှုန်းမှာအလွန်နည်းပါးခဲ့ကာထင်ရှားမှုမရှိခဲ့ပါဘူး။ 2012 မှာတော့ Standford တက္ကသိုလ်မှ Computer Science Professors များဖြစ်ကြတဲ့ Professors Daphne Koller and Andrew Ng တို့မှ COURSERA ဟုအမည်တွင်သော် MOOCs online learning websites ကိုစတင်တည်ဆောက်ခဲ့ပါတယ်။အဆိုပါ Coursera websites တွင် ကမ္ဘာအနှံံ့မိတ်ဖက်တက္ကသိုလ်ပေါင်း ၁၄၉ ခုပါ၀င်ပြီး၊ Arts and Humanities, Business, Computer Science, Social Science, Language Learning …အစရှိသည့် ဘာသာရပ်များပါ၀င်သည့်သင်ခန်းစာပေါင်း(2000) ကျော်ကိုတက်ရောက်သင််ကြားနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် Diploma ကဲ့သို့ သင်ခန်းစာ(၄)ခုပေါင်းတက်ရောက်အောင်မြင်မှုမှတစ်ခုရသည့်၊ Specializations သင်ခန်းစာများကိုသင်ယူနိုင်သည့်အပြင်၊ Master’s degree in business(iMBA),accounting,Data science(iMSC) and Intrepreneurship…အစရှိသည့် Master’s Degree များရသည့်အထိတက်ရောက်ပညာသင်ယူနိုင်မှာဖြစ်ပါတယ်။သင်ခန်းစာများကိုသင်ယူရာမှာ မိမိတက်ရောက်ပညာသင်ကြားမည့် ဘာသာရပ်များကို သက်ဆိုင်ရာတက္ကသိုလ်မှ Professors များကိုတိုင်ပို့ချသင်ကြားထားသော်သင်ခန်းစာများကိုလေ့လာကြည့်ရူ၍သင်ယူနိုင်မှာဖြစ်ပြီး၊သက်မှတ်ထားသော်အချိန်အတွင်း သက်ဆိုင်ရာမေးခွနိးများကိုဖြေဆို၍(သို့မဟုတ်) Assignment (သို့မဟုတ်) Project များပြုလုပ်ဖြေဆိုခြင်းဖြင့်သင်ခန်းစာကိုအောင်မြင်နိုင်ကာ သက်ဆိုင်ရာတက္ကသိုလ်မှ သင်ခန်းစာပို့ချခဲ့သော် Professors များ၏လက်မှတ်ဖြင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်များ(Certificates) များကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ပုံမှန်အားဖြင့်သင်ခန်းစာတစ်ခုကိုလေ့လာရာမှာ $ 49-$79 ခန့်ကုန်ကြမှာဖြစ်သော်လည်း၊ ကျွန်တော့်တို့မြန်မာနိုင်ငံကဲ့သို့ဖွံ့ဖြိုးစဲနိုင်ငံများမှကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များအတွက်အခမဲ့တက်ရောက်ပညာသင်ကြားနိုင်မည့်ှScholarships အစီအစဉ်များလဲရှိနေပါသေးတာကြောင့်မြန်မာလူငယ်များအခွင့်အရေးကိုလက်မလွှတ်ရအောင်လေ့လာကြည့်ဖို့တိုက်တွန်းလိုပါတယ်။

 

Image Source: https://www.edx.org

MOOCs Online website နောက်တစ်ခုဖြစ်တဲ့ EDX ကိုတော့ 2012 မှာပင် Harvard University နဲ့ Massachusette Institute of Technology (MIT) တက္ကသိုလ်တို့မှစတင်တည်ထောင်ကာ…အခြား World QS World University Rankings အဖွဲ့၀င်တက္ကသိုလ်များလည်းပါ၀င်သင်ကြားပို့ချပေးခဲ့ကြပါတယ်။သင်ခန်းစာပေါင်း (1700) ကျော်ရှိပြီး၊ကမ္ဘာ့အနှံ့ တက်ရောက်ပညာသင်ကြားနေသူကျောင်းသား၊ကျောင်းသူ 35 million ကျော်တက်ရောက်ပညာသင်ကြားနေလျှက်ရှိပါတယ်။ဒါ့အပြင် Edx မှ Miromasters programs ,XSeries programs and Professional Certificates programs များမှာတက်ရောက်ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။Edx ရဲ့ထူးခြားချက်တစ်ခုဖြစ်တဲ့ Micromasters program များသည်သင်ယူပြီးဆုံး၍အောင်မြင်ခဲ့ပါက သက်ဆိုင်ရာတက္ကသိုလ် သက်ဆိုင်ရာဘာသာရပ်ကို Master degree ရသည်အထိတက်ရောက်ပညာသင်ကြားနိုင်ရန် တက္ကသိုလ်အသိအမှတ်ပြု၀င်ခွင့်အမှတ်(University credits) ၃၃% ကိုပြီးမြောက်အောင်မြင်စေမှာဖြစ်ပါတယ်။ထိုကြောင့်နိုင်ငံရပ်ခြားတွင် Master degree ရရှိရန်ပညာသင်ကြားလိုသူများအနေနှင့်ကြိုတင်တက်ရောက်ကာအချိန်ကုန်၊ငွေကုန်သက်သာစွာဖြင့်မိမိ၏အနာဂါတ်ပညာရေးကိုကြိုတင်ဖေါ်ဆောင်ထားလို့ရပါတယ်။အခြား XSeries program နှင့် Professional Certificates program များသည်လည်း Google, Microsoft အစရှိသည့်နည်းပညာ Company ကြီးများမှ အသိအမှတ်ပြုထားပြီးအလုပ်အကိုင်လျှောက်ရာမှာအထူးအထောက်အကူပြုစေမှာဖြစ်ပါတယ်။ သင်ခန်းစာတစ်တန်းကိုတက်ရောက်မှုကုန်ကြစရိတ်အတွက် $49-$150 ထိရှိပြီး ဖွ့ံဖြိုးစဲနိုင်ငံမှကျောင်းသား၊ကျောင်းသူများအတွက် (90%) ထိ scholarship လျှောက်ကာပညာသင်ကြားနိုင်ပြီးအသိအမှတ်ပြုလက်မှတ်ရရှိပိုင်ဆိုင်နိုင်ကာ မိမိဘ၀ကို တိုးတက်ပြောင်းလဲစေနိုင်သော်ကြောင့်လေ့လာပညာသင်ကြားနိုင်ရန်ဖေါ်ပြပေးလိုက်ပါတယ်။

Image Source: https://www.futurelearn.com

မြန်မာ့ပညာရေးကိုအထောက်အကူပြုစေနိုင်သော် MOOCs Online learning websites များတင်ပြမူ၏နောက်ဆုံး တစ်ခုဖြစ်တဲ့ Future learn website ကိုဖေါ်ပြပေးလိုက်ပါတယ်။ Future learn websites ကို 2013 ခုနှစ် September လတွင် The Open University(UK) မှစတင်၍ပထမဆုံးသင်ခန်းစာကိုပို့ချခဲ့ကာ၊အဲ့ဒီနောက်နောက်မှာတော့တက်ရောက်ပညာသင်ကြားလာသူဦးရေ 7147332 ယောက်တိတိတက်ရောက်ပညာသင်ကြားလာခဲ့ပါတယ်။ The Open University သည်အနှစ်(၄၀) ကျော် UK နိုင်ငံအတွက် Distance learning and online education ကို British Government နဲ့ပူးပေါင်းပြီးလုပ်ဆောင်နေတဲ့တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာအနှံ့တက္ကသိုလ်ပေါင်း(139) ခုနှင့် British council, British Library, Association of Chartered Certificated Accountants(ACCA) and Institution of Engineering and Technology(IET) အစရှိတဲ့ UK government အသိမှတ် ပြု အဖွဲ့အစည်းများ လည်းပါ၀င်ဖွဲ့စည်းထားပါတယ်။ မြောက်များစွာသော်သင်ခန်းစာများအပြင်စုံလင်သည့် Degree များလည်းရရှိရန်ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။သို့ရာတွင်ဖွံ့ဖြိုးစဲနိုင်ငံများအတွက် Scholarship အစီအစဉ်များအမြဲဖေါ်ပြထားခြင်းမရှိပါ။မြန်မာနိုင်ငံအတွက် Scholarship အစီအစဉ်များကိုတော့် British Council Myanmar Facebook page မှနေ၍ အသိပေးကြေငြာပေးနေပြီး၊နှစ်တစ်နှစ်ကုန်ခါနီး December နှင့် January လများမှာများသော်အားဖြင့်အဆိုပါအစီအစဉ်တွေကိုပြုလုပ်ပေးနေတာကိုလေ့လာသိရှိနိုင်ရန်အတွက်အသိပေးဖေါ်ပြလိုက်ရပါတယ်။

Image Source: https://www.facebook.com/Zeal.for.Life.mm

ထိုအပြင်ကျွန်တော်တို့့မြန်မာနိုင်ငံတွေလည်း Massive Open Online Courses(MOOCS) online learning နည်းပညာအကြောင်းကို မြန်မာကျောင်းသား၊ကောင်းသူလူငယ်လူရွယ်များကျယ်ပြန့်စွာသိရှိနားလည်စေရန်နှင့် အခမဲ့နိုင်ငံတကာပညာရေးအခွင့်အလမ်းတွေကိုလိုက်လံပို့ချသင်ကြားပေးနေသော် မြန်မာ့ပထမဦးဆုံး MOOCs awareness projects ကို ဖေါ်ဆောင်နေသည့် Zeal for Life( Educational Network Myanmar) လူမှုအကျိုးပြု အဖွဲ့အစည်း လည်းပေါ်ပေါက်နေပြီဖြစ်ပါတယ်။ Zeal for Life အဖွဲ့အစည်းကို အထက်ပါ MOOCs websitebs များတွင်(၂) နှစ်ကျော်သုတေသနပြုလေ့လာခဲ့ပြီး၊ ကိုယ်တိုင်လည်းအဆိုပါ MOOCs websites များမှ Harvard,Yale, University of ILLINOIS, University of London အစရှိသော်တက္ကသိုလ်ကြီးများမှသင်ခန်းစာများကို Scholar ဖြင့်အခမဲ့တက်ရောက်ပညာသင်ကြားနိုင်ခဲ့သည့်လူငယ်အချို့နဲ့ဖွဲ့စည်းတည်ထောင်ခဲ့ချင်းဖြစဟ်သည်ဟုသိရှိရပတယ်။ မိမိအနေနဲ့ MOOCs သင်တန်းများကိုတက်ရောက်သင်ကြားနိုင်ရန်နည်းလမ်းများသိရှိလိုပါက အဆိုပါ Zeal for Life (Educational Network Myanmar) အဖွဲ့အစည်းကို Facebook search box တွင် @Zeal.for.Life.mm (https://www.facebook.com/Zeal.for.Life.mm/) လို့စာရိုက်ရှာ၍၀င်ရောက်လေ့လာကာဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း၊သတင်းပေးဖေါ်ပြလိုက်ပြီး၊မြန့်မာပညာရေးအထောက်အကူပြုဖြစ်လာနိုင်သည့်MOOCs Online Learning နည်းပညာအကြောင်းသိကောင်းစရာဆောင်းပါးကိုအနှစ်ချုပ်တင်ပြလိုက်ပါတယ်ခင်ဗျ။
အားလုံးပဲနိုင်ငံတကာအခမဲ့ပညာရေးအခွင့်လမ်းများကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျက်….

ခန့်ပိုင်