Gamification လို့တောင်ပြောလို့ရတဲ့ မျက်နှာကြွက်သားတွေကို Gamepad တစ်ခုကို အသုံးပြုပြီး ထိန်းချုပ်နိုင်တဲ့နည်းပညာတစ်ခုကို စက်ရုပ်နည်းပညာလေ့လာသူ maHidaka လို့လည်းသိကြတဲ့ Handaru က ဒီလိုအံ့ဩစရာကောင်းတဲ့ လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်ပြသခဲ့ပါတယ်။
https://x.com/handaru20pF/status/1514964058541199360?s=20
ROS-Face ဆိုတာကတော့ Robot Operating System (ROS) နည်းပညာထောက်ပံ့ပေးထားတဲ့ နည်းပညာနဲ့ PlayStation ဒါမှမဟုတ် Logitech Controller ဒါမှမဟုတ် Nintendo Switch တို့လို ပုံမှန် Gamepad တွေကိုအသုံးပြုပြီး လူသားတွေရဲ့မျက်နှာပေါ်က ကြွက်သားတွေကို ထိန်းချုပ်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီစနစ်မှာတော့ ကြွက်သားတွေကို ထိန်းချုပ်နိုင်လောက်တဲ့ လျှပ်စစ်ပမာဏနဲ့ ကြွက်သားတွေကို ခလုတ်နှိပ်ပြီး ထိန်းချုပ်တာ ဖြစ်ပါတယ်။
“ROS အကြောင်းလွယ်လွယ်ရှင်းပြရရင်တော့ ROS ဆိုတာက LEGO လို block လေးတွေကို ချိတ်ဆက်ပြီး စက်ပစ္စည်းအစိတ်အပိုင်းတွေ (ဥပမာ မော်တာ၊ ဆင်ဆာ၊ ကွန်ပြူတာ) နဲ့ ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်” ဆိုပြီးလည်း ဖန်တီးသူက ရေးသားသွားခဲ့ပါသေးတယ်။ ဒီလိုနည်းပညာမျိုးကို အသုံးပြုပြီး ကြွက်သားတွေကို ထိန်းချုပ်လှုပ်ရှားတာက လူသားတွေရဲ့ မျက်နှာအပြင်အဆင် အနေအထားကို တည်ရှိပြီးသား စက်ရုပ်အစိတ်အပိုင်းတွေ၊ ကွန်ပြူတာတွေနဲ့ အလွယ်တကူ ချိတ်ဆက်ဖို့ အခွင့်အရေးပိုပြီး များပြားလာမှာပဲ ဖြစ်ပါတယ်။
မျက်နှာကြွက်သားတွေအပြင် လက်လှုပ်ရှားမှုတွေကိုလည်း ထိန်းချုပ်ထားတဲ့ Video တစ်ခုကိုပါ X Platform မှာ တင်ခဲ့ပါသေးတယ်။