HR Administration ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ Better HR System

Company တစ်ခုရဲ့ ဝန်ထမ်းရေးရာဌာနတွေမှာ HR ဌာနဟာမရှိမဖြစ်လိုအပ်တဲ့ ဌာနတစ်ခုမှာပါဝင်နေသလို ဝန်ထမ်းအား လုံးရဲ့စည်းကမ်းပိုင်းဆိုင်ရာ၊ လုပ်ငန်းစွမ်းဆောင်မှုပိုင်းဆိုင်ရာတွေကို အမြဲတမ်းလေ့လာသုံးသပ်နေရတဲ့အတွက် တိကျသေ ချာတဲ့ လုပ်ဆောင်ချက်တွေထားရှိဖို့ လိုအပ်ပါတယ်။ အဲ့လိုရှိနေမှလည်း လုပ်ငန်းဆိုင်ရာတိုးတက်မှုမှာ အထောက်အပံ့ ကောင်းတစ်ခုဖြစ်စေသလို တာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းတွေအနေနဲ့လည်း လုပ်ငန်းခွင်မှာစည်းကမ်းတကျကောင်းမွန်စွာ တာဝန်ထမ်းဆောင်နိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/joinbetterhr/?epa=SEARCH_BOX

တိုးတက်ကောင်းမွန်လာတဲ့နည်းပညာပိုင်းဆိုင်ရာတွေအရ ဌာနတစ်ခုစီ၊ Company တစ်ခုစီ ၊အဖွဲ့အစည်းတစ်ခုစီမှာ ထူးခြားကောင်းမွန်တဲ့ System တွေသုံးစွဲလာကြတာတွေရှိသလို လုပ်ငန်းဆောင်ရွက်လည်ပတ်ပုံ သမာရိုးကျအတိုင်းဆောင် ရွက်နေကြတဲ့ ဌာနတွေ၊ အဖွဲ့အစည်း၊ Company တွေလည်းရှိနေကြပါတယ်။ အဲ့ဒီလိုဆောင်ရွက်နေကြတဲ့နေရာမှာ System တစ်ခုကိုအသုံးပြုဆောင်ရွက်နေတဲ့ ဌာနတစ်ခုနဲ့ သမာရိုးကျအတိုင်းဆောင်ရွက်နေတဲ့ဌာနနဲ့နှိုင်းယှဉ်ကြည့်ရင် အနည်းနဲ့အများဆိုသလို ကွာဟမှုတစ်ခုခုတော့ ဖြစ်နေတတ်ကြတာထုံးစံပါပဲ။
အဲ့ဒီအတွက်ကြောင့်လည်း အချို့ဌာနတွေ အဖွဲ့အစည်းတွေအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာမြန်ဆန်ပြီးမြောက်စေဖို့ နည်းပညာ ပိုင်းဆိုင်ရာအကူအညီတွေနဲ့ပိုမိုဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။ Company တစ်ခုမှာလုပ်ငန်းဆိုင်ရာတိုးတက်မြန် ဆန်ဖို့အတွက် HR ဌာနတွေက များစွာအရေးကြီးသလို လွယ်ကူရိုးရှင်းတဲ့ System တစ်ခုကို အသုံးပြုခြင်းဖြင့် အချိန်များစွာမကုန်ဆုံးစေပဲ လုပ်ငန်းလျင်မြန်ပြီးမြောက်သွားစေတာလည်း အောင်မြင်မှုတစ်ခုရရှိသလိုပါပဲ။ HR ဌာနတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခက်ခဲနက်နဲတဲ့ပြဿတွေအတွက် အချိန်ကုန်ကျမှုလျော့နည်းစေဖို့ Better HR System ကများစွာ အထောက်အကူဖြစ်စေပါတယ်။

Photo Source – https://www.facebook.com/joinbetterhr/?epa=SEARCH_BOX

Better HR ဆိုတာ HR Administration ပြဿနာတွေကို အားဖြည့်ကူညီပေးမယ့် Mobile First Cloud Based HR System တစ်ခုဖြစ်ပါတယ်။ ရုံးတွေမှာနေ့စဉ် HR Administration အလုပ်တွေအတွက် ပေးနေရတဲ့အချိန်ကို သိသိသာသာလျှော့ချပြီး လုပ်ငန်းအတွက် ပိုအရေးကြီးတဲ့ Strategic and Development အပိုင်းတွေကို ပိုပြီးအလေးထားဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်နဲ့ Better HR System ကိုဖန်တီးထားရခြင်းလည်းဖြစ်ပါတယ်။
Better HR System ကို အသုံးပြုမယ်ဆိုရင်နေ့စဉ်ဖြေရှင်းနေရတဲ့ Attendance Tracking၊ Leave Management၊ Overtime Management၊ Employee Information Management၊ Notification and Announcement၊ Automated Summary and Reports စတဲ့များပြားလှတဲ့ HR လုပ်ငန်းစဉ်တွေကို လွယ်လွယ်ကူကူပြီးမြောက်စေမှာပဲဖြစ်ပါတယ်။

Photo Source – https://www.facebook.com/joinbetterhr/?epa=SEARCH_BOX

Cloud Based စနစ်ဖြစ်တဲ့အတွက်ကြောင့်လည်း ဘယ်နေရာကနေမဆိုအသုံးပြုနိုင်သလို Security မြင့်တဲ့ Cloud စနစ်ဖြစ်လို့ အရေးကြီးတဲ့အချက်အလက်တွေအတွက်လည်း လုံခြုံစိတ်ချစွာအသုံးပြုနိုင်မှာလည်းရမှာဖြစ်ပါတယ်။
ဝန်ထမ်းတွေအနေနဲ့ Better HR Application ကို ဖုန်းထဲမှာ သွင်းထားရမှာဖြစ်ပြီး ဖုန်းထဲကနေတစ်ဆင့် Attendance Record၊ Leave Request and Leave History၊ Overtime Request၊ Manual Check In Request၊ Announcements၊ Employee Contact အစရှိတဲ့ Feature တွေကို အသုံးပြုလို့ရရှိမှာပဲဖြစ်ပါတယ်။ HR ဌာနအတွက် ဝန်ထမ်းတွေရဲ့လစာတွေ ကိုတွက်ချက်တဲ့အခါ လွယ်ကူလျင်မြန်စေဖို့အတွက်လည်း Payroll Feature လည်းပါဝင်ပါတယ်။

Photo Source – https://www.facebook.com/joinbetterhr/?epa=SEARCH_BOX

ယနေ့ခေတ်မှာ မြန်မာနိုင်ငံမှာရှိတဲ့ Company တွေအားလုံးက HR ဌာနတွေ နည်းပညာပိုင်းဆိုင်ရာအကူအညီတွေနဲ့ လုပ် ဆောင်ချက်တွေလျင်မြန်လွယ်ကူစေဖို့အတွက် Better HR ကများစွာအထောက်အပံ့ဖြစ်စေသလို စမ်းသပ်သုံးစွဲချင်တဲ့ HR ဌာနတွေအတွက် အထူးအစီအစဉ်အနေနဲ့ တစ်လအခမဲ့စမ်းသပ်သုံးခွင့်လည်းရှိပါတယ်။
Better HR System ကိုသုံးစွဲခြင်းဖြင့်လည်း မိမိတို့ရဲ့ဝန်ထမ်းအချက်အလက်တွေကို Cloud Server မှာ သိမ်းထားနိုင်တဲ့အ တွက်လုံခြုံမှုမရှိမှာကို စိုးရိမ်စရာမလိုပါဘူး။ Better HR က အသုံးပြုတဲ့ Company တစ်ခုချင်းစီအတွက် ကိုယ်ပိုင် Domain နဲ့ Cloud Server တစ်ခုစီကိုခွဲပေးထားပြီး အရည်အသွေးမြင့် Security မြင့်မားတဲ့ Amazon Cloud Server မှာ Company အချက်အလက်တွေကို ထိန်းသိမ်းထားတဲ့အတွက် ဘယ်နေရာရောက်ရောက် အလွယ်တကူစီမံခန့်ခွဲလို့ရနိုင်ပါတယ်။ အဲ့ဒီအ တွက်လည်း Company ရဲ့ဝန်ထမ်းအချက်အလက်တွေကို လုံခြုံစိတ်ချမှုရှိစေမှာပဲဖြစ်ပါတယ်။

Photo Source – https://www.facebook.com/joinbetterhr/?epa=SEARCH_BOX

အသုံးပြုချင်တဲ့ HR ဌာနတွေအတွက်လည်း လိုအပ်တဲ့ User Training တွေ၊ Customer Service တွေအပြင် ကျွမ်းကျင်ပညာရှင်တွေက အမြဲဝန်ဆောင်မှုပေးနေတဲ့အတွက်ကြောင့်လည်း အပိုကုန်ကျစရိတ်မရှိတဲ့အပြင် လစဉ်ပေးချေရုံ နဲ့ ထိရောက်ကောင်းမွန်တဲ့အကျိုးရလဒ်ကို ရရှိစေမှာလည်းဖြစ်ပါတယ်။ Better HR System ကိုအသုံးပြုလိုတဲ့ HR ဌာနတွေ အတွက် အောက်ပါအတိုင်းဆက်သွယ်နိုင်ပါတယ်။

Phone: +959975540768
Email : sales@better.hr
Website: https://www.better.hr