ပြည်တွင်းခရီးသွားလက်မှတ်များ၊ ခရီးသွားလာရေးဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသော FlyMya.com တွင် ခရီးသွားဝန်ဆောင်မှုများအတွက်ငွေပေးချေရာတွင် WavePay ဖြင့် ပိုမိုလျှင်မြန်စွာငွေပေးချေနိုင်ပြီဖြစ်ကြောင်းသိရသည်။ ထိုကဲ့သို့ ပူးပေါင်းမှုအတွက် Wave Money နှင့် FlyMya တို့နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အနေဖြင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ Sule Shangri-La Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ပူးပေါင်းလိုက်သည့်အတွက် WavePay အသုံးပြုသူများအနေဖြင့် FlyMya Website မှတဆင့် ပိုမိုမြန်ဆန်လွယ်ကူ စွာဖြင့် လေကြောင်းနှင့်ကားလက်မှတ်များ ဝယ်ယူနိုင်သည့်အပြင် ခရီးစဉ်များ၊ လေဆိပ်အကြိုအပို့နှင့်ကားအငှားဝန်ဆောင်မှု ကိုလည်း ရယူနိုင်မည်လည်းဖြစ်သည်။
Photo Source By Myanmar Tech Press
“Wave Money အနေနဲ့ အခုလို မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ နည်းပညာအခြေပြု ပြည်တွင်းလုပ်ငန်းသစ်တွေထဲက တစ်ခုဖြစ်တဲ့ FlyMya နဲ့ ပူးပေါင်းခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့နေထိုင်မှုအတွေ့အကြုံ ရရှိလာအောင် လုပ်ဆောင်ပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အထူး အားပေးပါတယ်။ ဒါ့အပြင် Wave Money အနေနဲ့ ပြင်တွင်းပြည်ပ ခရီးသွားတွေ ငွေပေးချေမှုပိုမိုလွယ်ကူစေရုံသာမက အား လုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အသိုက်အဝန်းအတွက် ဒီဂျစ်တယ်ငွေပေးချေမှုအရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်”ဟု Wave Money ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Brad Jones မှပြောကြားသည်။
FlyMya သည် ရာနှုန်းပြည့် မြန်မာနိုင်ငံသားပိုင်ဆိုင်ပြီး ခရီးသွားနေရာပေါင်း ၂၀ ကျော်သို့ ပြည်တွင်းလေကြာင်းနှင့်ကားလက် မှတ်များကြိုတင်ဝယ်ယူနိုင်ခြင်း၊ ခရီးစဉ်များနှင့် ဗီဇာဝန်ဆောင်မှုများစသည့် ဝန်ဆောင်မှုများအား တစ်နေရာထဲတွင် ရရှိအောင် လုပ်ေဆောင်ပေးသော နည်းပညာအခြေပြု လုပ်ငန်းသစ်တစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး အပျော်ခရီးစဉ်အဖြစ်သော်လည်းကောင်း၊ အလုပ်ကိစ္စခရီးစဉ်အဖြစ်သော်လည်းကောင်း ခရီးသွားများအတွက် များစွာသော ဝန်ဆောင်မှုများရှိသည့်အပြင် နိုင်ငံတကာခရီးသွားများအကြား မြန်မာနိုင်ငံအား လာရောက်လည်ပတ်ရန်ကောင်းသော နေရာ တစ်ခုအဖြစ် ဝိုင်းဝန်းမြှင့်တင်ပေးလျက်ရှိကြောင်းသိရသည်။
Photo Source By Myanmar Tech Press
“ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပိုမိုလွယ်ကူပြီး စိတ်ချရတဲ့ငွေပေးချေမှုကို မိုဘိုင်းပိုက်ဆံအိတ်ကတဆင့် ပေးစွမ်းနိုင် ပြီး တစ်ချိန်တည်းမှာပဲ သမာရိုးကျ ငွေပေးချေရေးမှာ တွေ့ကြုံနိုင်တဲ့ အခက်အခဲတွေကို သက်သာစေမှာပါ။ Wave Money နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားဝန်ဆောင်မှုကဏ္ဍမှာ လွယ်ကူချောမွေ့စေပြီး ခေတ်မှီတဲ့ဝန်ဆောင်မှု ပေါ်ပေါက်လာရေးတွက် ခြေလှမ်းသစ်တစ်ခုပဲဖြစ်ပါတယ်”ဟု FLyMya ၏ ဥက္ကဋ္ဌဖြစ်သူ ဦး Mike သန်းထွန်းဝင်း မှပြောကြား သည်။
FlyMya သည်ပြည်တွင်းလေကြောင်းလိုင်း ၅ ခု၏ ခရီးစဉ်အချိန်များနှင့်ဈေးနှုန်းများကို လွယ်လင့်တကူသိရှိနိုင်ပြီး ကြိုတင် လက်မှတ်များအတွက် အတိုတောင်းဆုံးလုပ်ဆောင်ချက်များဖြင့် လွယ်ကူစွာလုပ်ဆောင်နိုင်ရန် စီစဉ်လုပ်ဆောင်ပေးလျက်ရှိ သည်။ FlyMya မှ ရှင်းလင်းလွယ်ကူသော ခရီးသွားအချက်အလက်များ၊ ဈေးနှုန်းများကို သိရှိနိုင်သည်သာမက ပြည်တွင်းခရီး စဉ်များအတွက်လည်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်းလည်းသိရသည်။
“WavePay နဲ့ FlyMya တို့လို အဆင့်မြင့်နည်းပညာတွေကနေတဆင့် လူသားအချင်းချင်း ပိုမိုချိတ်ဆက်လာစေပါတယ်။ ဒါ့အ ပြင် ခရီးထွက်တာပဲဖြစ်ဖြစ် ကျွန်တော်တို့လုပ်ချင်တဲ့အရာတွေ လုပ်ဆောင်ဖို့ အချိန်တွေပိုရလာပြီး ကျွန်တော်တို့ရဲ့ဘဝတွေ ပိုမိုလွယ်ကူလာစေမှာဖြစ်ပါတယ်”ဟု FLyMya ၏ ဥက္ကဋ္ဌဖြစ်သူ ဦး Mike သန်းထွန်းဝင်း မှဆက်လက် ပြောကြားသည်။
Photo Source By Myanmar Tech Press
Wave Money သည်လွန်ခဲ့သော သုံးနှစ်ခန့်က ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီး သမာရိုးကျငွေထုတ်ယူမှုများ ဖြစ်သော ဘဏ်များ၊ ATM စက်များဖြင့် ငွေထုတ်ယူမှုကို သာလွန်ကာသုံးစွဲသူပေါင်း ၁၅ သန်းကျော်၊ ကိုယ်စားလှယ်ပေါင်း ၅၄၀၀၀ ကျော်နှင့်လည်ပတ်လျက်ရှိသည်။
FlyMya သည် ရန်ကုန်မြို့အခြေစိုက် ခရီးသွားဆိုင်ရာနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ခရီးသွားကိုယ်စားလှယ်များနှင့် လက်တွဲလုပ်ဆောင်ကာ ခရီးသွားဆိုင်ရာထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အွန်လိုင်းပေါ်တွင် ကူညီရောင်းချပေးလျက်ရှိသည်။ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များမှ ၂၀၁၅ ခုနှစ်တွင် FlyMya ကိုစတင်တည်ထောင်ခဲ့ ခြင်းလည်းဖြစ်သည်။