UnionPay အသုံးပြုသူတိုင်း ရွှေဒင်္ဂါးပြားများ ကံစမ်းနိုင်သည့် Go For Gold Campaign စတင်

UnionPay မှ ရွှေဒင်္ဂါးပြာများကံစမ်းနိုင်သည့် Go For Gold Campaign တစ်ခုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှ စတင် ကာ ၂၀၂၀ မတ်လ ၁ ရက်နေ့အထိ ၁၃ ပတ်ကြာမဲဖောက်ကံစမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Go For Gold Campaign အစီအစဉ်နှင့်ပတ်သက်၍ မိတ်ဆက်ပွဲကိုလည်း ၂၀၁၉ ဒီဇင်ဘာ ၂ ရက်နေ့တွင် မြန်မာပလာဇာတွင်ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ Campaign တွင် မြန်မာနိုင်ငံသားတိုင်း UnionPay ကတ်ကိုင်ဆောင်ထားသူတိုင်းပါဝင်နိုင်မည်ဖြစ်ပြီး ၁၀ သန်းခန့် တန်ဖိုးရှိပြီး ၁၂ ဂရမ် ရွှေဒင်္ဂါးပြားများကို ကံစမ်းပေးသွားမည်လည်းဖြစ်သည်။ အဆိုပါ Campaign တွင်ပါဝင်ချင်သူများအနေ ဖြင့်လည်း မြန်မာနိုင်ငံတွင်း အွန်လိုင်းနှင့်နိုင်ငံရပ်ခြားမှ UnionPay ကတ်ကို လက်ခံသည့်မည်သည့်နေရာတွင်မဆို Receipt တစ်ခုပေါ်မှာငွေကျပ် ၃၀၀၀၀ ဖိုးပြည့်သည်အထိဝယ်ယူရမည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/UnionPayInternationalMM/

သတ်မှတ်ထားသည့်ကံစမ်းမဲကာလအတွင်း အွန်လိုင်းပေါ်မှ ဖြစ်စေ၊ နိုင်ငံတွင်းဖြစ်စေ၊ AGDဘဏ်၊ AYAဘဏ်၊ CBဘဏ်၊ GTBဘဏ်၊ KBZဘဏ်၊ MABဘဏ်၊ MOBဘဏ် နဲ့ UAB ဘဏ် တို့ရဲ့ UnionPay ကတ်တွေများအသုံးပြုကာ ငွေကျပ် ၃၀၀၀၀ ဖိုးအထိဝယ်ယူကာ ပါဝင်ကံစမ်းနိုင်မည်လည်းဖြစ်ည်။
UnionPay ကတ်ကို အသုံးပြုကာငွေကျပ် ၃၀၀၀၀ ဖိုးပြည့်အောင် ဝယ်ယူလိုက်တိုင်း ကံထူးနိုင်မယ့် အခွင့်အရေး တစ်ခုစီရရှိမည်ဖြစ်ပြီး မြန်မာငွေ ၃၀၀၀၀ ကျပ်နှင့် ညီမျှသည့် ပမာဏတစ်ခုအား နိုင်ငံရပ်ခြားတွင် အသုံးပြုခဲ့မည်ဆိုပါက ကံထူးနိုင်မယ့် အခွင့်အရေး ၁၀ဆ ပိုမိုရရှိသွားမည် လည်းဖြစ်သည်။ အပတ်စဉ် ကံထူးရှင်တွေကို UnionPay Myanmar Facebook Page တွင် ကြေညာပေးသွားမည် လည်းဖြစ်သည်။
Go For Gold Campaign တွင် ပါဝင်လိုသူများအနေဖြင့် ဦးစွာအောက်တွင်ဖော်ပြထားသော Link ကိုဝင်ရောက်ကာ ဘာသာစကားကို ဦးစွာရွေးချယ်ရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်အနေဖြင့် အမည်ကိုထည့်သွင်းပါ။ Receipt ဖြည့်စွက်ရမည့် နေရာတွင် ပြည်တွင်း၌ သုံးစွဲထားသော Receipt ဖြစ်ပါက Local Receipt ကိုဖြည့်သွင်းရမှာဖြစ်ပြီး၊ ပြည်ပ၌သုံးစွဲထားသော Receipt ဖြစ်ပါက International Receipt ဖြစ်စေ အွန်လိုင်းသုံးစွဲထားသော Receipt ဖြစ်ပါက Online Receipt ဖြစ်စေ ထည့်သွင်းရမည်ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် ဖုန်းနံပါတ်ကို ဖြည့်စွက်ရမှာဖြစ်ပါတယ်။ ဖုန်းနံပါတ်ကို မဖြစ်မနေထည့် သွင်းရမှာဖြစ်ပြီး ဖုန်းနံပါတ်(09512*****) ဖြစ်ပါက ဖြည့်စွက်သူအနေဖြင့် (99512*****) ဟုသာရိုက်ထည့်ရမည်ဖြစ်ပြီး (0) ထည့်ရန်မလိုအပ်ပါ။

Photo Source – https://www.facebook.com/UnionPayInternationalMM/

Email ဖြည့်စွက်ရန်နေရာတွင် ပြည်ပမှ Go For Gold Campaign တွင်ပါဝင်လိုသူများအနေဖြင့် Email လိပ်စာကို မဖြစ်မနေထည့်သွင်းရမည်ဖြစ်သည်။ ကတ်နံပါတ်ဖြည့်သွင်းရန်နေရာတွင် ကတ်အရှေ့ဆုံးနံပါတ် (၄) လုံး နှင့် နောက်ဆုံး နံပါတ်(၄) လုံးဖြည့်သွင်းရမည်ဖြစ်သည်။ ဘဏ်ရွေးချယ်သည့်နေရာတွင် မိမိသုံးစွဲနေသော UnionPay ကတ်ပြုလုပ်ရာဘဏ်ကို ရွေးချယ်ထည့်သွင်းရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်အနေဖြင့် UnionPay ကတ်ကိုအသုံးပြု၍ ဝယ်ယူထားသော Receipt ပုံကိုထည့်သွင်းရမည်ဖြစ်သည်။ Receipt ကိုဓာတ်ပုံရိုက်ကူးရာတွင် ဝယ်ယူထားသောရက်စွဲ၊ UnionPay စာလုံးပါစာတန်း၊ Receipt Number/Ref Number/Trace Number စသည့်နံပါတ်များ၊ Receipt ပေါ်တွင် သုံးစွဲလိုက်သော ငွေပမာဏ၊ သုံးစွဲ သောငွေပမာဏ တို့ကို ပေါ်လွင်အောင်ရိုက်ကူးပေးပို့ရမည်ဖြစ်သည်။
ကံစမ်းမဲအစီအစဉ်တွင် မည်သို့ပါဝင်သည့်အသေးစိတ်အကြောင်းအရာများနှင့် စည်းမျဉ်းကန့်သတ်ချက်များအား ထပ်မံ သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.unionpaygoforgold.com