တတိယအကြိမ်မြောက် နည်းပညာစွန့်ဦးတီထွင်သူများ ဖွံ့ဖြိုးရေးအအစီအစဉ် ၂၀၂၀ အတွက် လျှောက်လွှာများစတင်လျှောက်ထားနိုင်

ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ MPT နှင့်မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်(MCF) တို့မှ မြန်မာနိုင်ငံအတွင်း အနာ ဂတ်မျိုးဆက်သစ် နည်းပညာစွန့်ဦးတီထွင်သူ လူငယ်များကိုမွေးထုတ်ပေးရန် ရည်ရွယ်ပြီးပြုလုပ်သည့် မြန်မာလူငယ်နည်း ပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာများကို စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရ သည်။ အဆိုပါ အစီအစဉ်နဲ့ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကိုလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ရန်ကုန်မြို့ Pan Pacific Hotel တွင်ကျင်းပပြုလုပ်ခဲ့ကြသည်။

Photo Source By Myanmar Tech Press

မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ အတွက် လျှောက်လွှာများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်လက်ခံသွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့နောက်ဆုံးထားကာ လျှောက်ထားရမည်ဖြစ် ကြောင်းသိရသည်။ အဆိုပါအစီအစဉ်တွင် ပမာဏရွေးချယ်မှုအဆင့်နှင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင်ပြုလုပ်မည့် နောက်ဆုံးရွေးချယ်မှုအဆင့်ဟူ၍ အဆင့် နှစ်ဆင့်ဖြင့်ပြုလုပ်သွားမည်လည်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်အဖွဲ့များ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည်(မန္တလေးအခြေစိုက်)၊ အောက်မြန်မာပြည်(ရန်ကုန်အခြေ စိုက်) ဟူ၍ ဒေသအလိုက်အနိုင်ရသည့်အသင်းများကို ရွေးချယ်ပေးအပ်သွားမည်လည်းဖြစ်သည်။
မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် အနိုင်ရရှိသူများအား ဆုအမျိုးအစား သုံးမျုးိခွဲကာရွေး ချယ်ပေးအပ်သွားမည်ဖြစ်ပြီး ဆုအမျိုးအစားများမှာ (၁) Technopreneurship 2020 Accelerate၊ (၂) Technopreneurship 2020 Start-up၊ (၃) Technopreneurship 2020 idea ဆုများဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါအစီအစဉ်တွင် အနိုင်ရရှိသူများကိုလည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ် ပြီး Accelerate Ward ဆုရှင်နှင့် Startup Award ဆုရှင်များအား ငွေသားဆုများအပြင် စီးပွားရေးလုပ်ငန်းသစ်အဖြစ် ကုမ္ပဏီဖွဲ့စည်းပေးခြင်းအထောက်အပံ့များကိုရရှိမည်ဖြစ်သည်။ ထို့အပြင် Kanung Hub Incubation စင်တာတွင် ရုံးခန်းနေ ရာကို ခြောက်လတိတိ အခမဲ့အသုံးပြုခွင့်နှင့် ယင်းကာလအတွင်း စီးပွားရေးဆိုင်ရာအတွေးအခေါ်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်အတွက် မြန်မာ့စီးပွားရေးလောကတွင် အောင်မြင်နေသူများနှင့်ပညာရှင်များမှ အနီးကပ်သင်ကြားပို့ချ ပေးသွားမည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

“နိုင်ငံတော်နဲ့ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ အိုင်စီတီတီထွင်ဆန်းသစ်မှုဟာ အလွန်အရေးကြီးတယ်ဆိုတာဟာ ချဲ့ထွင်ပြီးပြောဖို့လိုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ စတုတ္တစက်မှုတော်လှန်ရေးအပြောင်းအလဲမှာ လက်လှမ်းမှီလိုက်ပါဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံအတွင်းက စွန့်ဦးတီထွင် အဖွဲ့တွေကို ချိတ်ဆက်ပေးဖို့နဲ့ ပြည်တွင်းက အရည်အချင်းရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းအသစ်တွေကို နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေတိုးတက်အောင် ဆောင်ရွက်ပေးဖို့ပဲဖြစ်ပါတယ်။ MPT နဲ့အတူခုလို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျွန် တော်တို့ရဲ့ ရည်မှန်းချက်အောင်မြင်မယ်လို့ ယုံကြည်ပါတယ်”ဟု မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ်(MCF) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမင်းဇေယျာလှိုင် မှပြောကြားသည်။
MPT နှင့် MCF တို့သည် ၂၀၁၇ ခုနှစ်ကပင် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယခင်နှစ်ပြိုင်ပွဲများမှ အနိုင်ရအဖွဲ့များမှာလည်း Blue Frog Co.,Ltd(ကရင်တိုင်းရင်းသားဘာသာစကားကို AR နည်းပညာဖြင့်သင်ကြားပေးခြင်း)၊ Idea Capsule Co.,Ltd(အောင်ဘာလေ ထီလက်မှတ်ကို အွန်လိုင်းမှတစ်ဆင့်ဝယ်ယူနိုင် သည့် အပ်ပလီကေးရှင်း) နှင့် KLENIC Myanmar Co.,Ltd( Dr. Kyaw မိုဘိုင်းလ်အပ်ပလီကေးရှင်းမှတစ်ဆင့် တန်ဖိုးသက် သာသာသည့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုပေးခြင်း စသည့်တို့ဖြစ်ကြသည်။

Photo Source By Myanmar Tech Press

“မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ ကဆစ်ဆင့် စီးပွားရေးဆိုင်ရာ အကောင်းဆုံးဆန်းသစ်တီ ထွင်မှုအတွေးအခေါ်ရှိတဲ့ စွန့်ဦးတီထွင်သူလူငယ်တွေကို ရှာဖွေမွေးထုတ်ပေးနိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါ တယ်။ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းသစ်တွေကို ထောက်ပံ့ပေးနိုင်မယ့် စွန့်ဦးတီထွင်လုပ်ငန်းဂေဟစနစ်တစ်ခု ဖြစ်ထွန်း လာစေဖို့ နှိုးဆော်ပေးလိုပါတယ်”ဟု MPT-KSGM JO ၏ Chief Operating Officer ဖြစ်သူ Mr.Koichi Kasuya ကပြော ကြားသည်။
မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် အောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုလျှောက်ထားနိုင်ကြောင်းလည်းသိရသည်။
https://www.mmtechnopreneurship.com