မိတ်ဆွေရဲ့ အိပ်မက်များကို အကောင်အထည်ဖော်ဖို့ အကူအညီပေးနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Su See Yar Crowdfunding Website

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးလုပ်ငန်းငယ်လေးတွေက တစ်ထောင့်တစ်နေရာကနေ ပါဝင် နေတယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ အနောက်နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ Crowdfunding Platform တွေ ဆိုတာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကို တွေ့လာရပါတယ်။ မြန်မာနိုင်ငံမှာလည်း ငွေကြေးအထာက်အပံ့ ပေးနိုင်မယ့် platform တွေအများကြီး ဖြစ်ထွန်းလာဖို့လိုအပ်ပါတယ်။

အနောက်နိုင်ငံအများစုမှာ ငွေကြေးပြည့်စုံတဲ့ သူတွေက အရည်အချင်းရှိပြီး လုပ်နိုင်စွမ်းရှိတဲ့ တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတွေရဲ့ လိုအပ်နေတဲ့ ငွေကြေးအရင်းအနှီးကို Crowdfunding ကတစ်ဆင့် ကူညီထောက်ပံ့ မတည်ပေးလာကြပါတယ်။ ဒါကြောင့် ရင်ဆိုင် နေရတဲ့ငွေကြေးအခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်ပြီး နိုင်ငံရဲ့စီးပွားရေးကိုလည်း ပိုမိုကောင်းမွန်လာစေ နိုင်ပါတယ်။ 

Photo source https://suseeyar.net/campaign

Crowdfunding ရဲ့ အဓိပ္ပါယ်ကတော့ စွန့်ဦးတီထွင်လုပ်ငန်းတွေအတွက် အောင်မြင်အောင် လုပ်ပေးနိုင်စွမ်းရှိတဲ့ ငွေကြေး ယန္တယားတစ်ခုဖြစ်ပြီးတော့ လုပ်ငန်းရဲ့ထုတ်ကုန်ကိုပြသဖို့ (သို့မဟုတ်) မြင့်တင်ဖို့အတွက် အသုံးပြုကြတာ ဖြစ်ပါတယ်။ Crowdfunding ရဲ့တိကျသေချာတဲ့ အဓိပ္ပာယ်တစ်ခုကတော့ ငွေကြေးလှူဒါန်းခြင်း (သို့မဟုတ်) ရန်ပုံငွေ ထူထောင်ခြင်း ဖြစ်ပါတယ်။ အကျိုးတူစီးပွားရေးလုပ်ငန်းတွေမှာ ငွေကြေးရင်းနှီးမှုတွေနဲ့မတူဘဲ Crowdfunding ကို ရင်းနှီးမြှုပ်နှံသူ အများအပြားနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Crowdfunding Campaign ဆိုတဲ့ စကားလုံးထဲက “Crowd” လူစုလူဝေးဆိုတဲ့ စကားလုံးမှာ လူဦးရေရာဂဏန်းကနေ ထောင်ဂဏန်းအထိ ပါဝင်နိုင် ပါတယ်။ Crowdfunding Campaign တွေမှာ ရည်မှန်းချက်ကြီးမားတဲ့ လုပ်ငန်းငယ်တွေကို ငွေကြေးအမြောက် အများ အကုန်အကျခံပြီး စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ရှေ့ဆက်လုပ်ကိုင်နိုင်အောင် ကူညီထောက်ပံ့ပေးပါတယ်။

Crowdfunding ကို Donation-based, Reward-based နဲ့ Equity-based ဆိုပြီး ပုံစံ (၃) မျိုး ခွဲခြားထားတာကို တွေ့ရမှာပါ။ Donation-based Crowdfunding မှာဆိုရင် ရင်းနှီးမြုပ်နှံသူတွေက ငွေကြေးတစ်စုံတစ်ရာ မျှော်လင့် ထားခြင်းမရှိဘဲ ကူညီ ထောက်ပံ့ပေးပါတယ်။ အဲ့ဒါတွေက ဘာတွေလဲဆိုရင် ကယ်ဆယ်ရေးနဲ့ ရှင်သန်ကူညီရေး၊ ပရဟိတရန်ပုံငွေပွဲတွေ၊ NGO လို Organization တွေအကျိုးအမြတ်မယူတဲ့ လူမှုကယ်ဆယ်ရေးတွေကို အဓိကထား ထောက်ပံ့ကူညီကြခြင်းလည်း ဖြစ်ပါတယ်။

Reward-based Crowdfunding အမျိုးအစားကတော့ လုပ်ငန်းတွေကို ပြောင်းလဲလိုက်နိုင်တယ် ဖန်တီးမှုတစ်ခုကို လုပ်လိုက် နိုင်တယ်ဆိုရင် ထောက်ပံ့ပေးတဲ့သူတွေကို ဆုကြေးငွေအဖြစ် ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုတစ်ခုခုကို ပြန်လည် ပေးအပ်ပါတယ်။ Equity-based Crowdfunding မှာဆိုရင် donation-based နဲ့ reward-based လိုမဟုတ်ဘဲ ရင်းနှီး မြှပ်နှံသူတွေဟာ လုပ်ငန်းစီးပွားရေးရဲ့ အစုရှယ်ယာကိုဝယ်လိုက်သလိုပါပဲ ဒါကြောင့် မိမိစီးပွားရေးလုပ်ငန်းကရရှိလာတဲ့ အကျိုးအမြတ်ကို ရှယ်ယာထည့်ဝင်သူတွေကို အမြတ်ဝေစုခွဲဝေပေး ရတာတွေရှိလာမှာ ဖြစ်ပါတယ်။

Crowdfunding Website တွေဟာ လူသားအားလုံးကို အကျိုးပြုနိုင်ရုံသာမကဘဲမိမိနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း တွေကိုလည်း အထောက်အပံ့ဖြစ်စေတဲ့အတွက် နိုင်ငံရဲ့စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းက အကျိုးပြုဖြစ်ထွန်း လာနိုင်ပါတယ်။ လူငယ်တွေ အတွက် သူတို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်တည်ဆောက်နိုင်ဖို့ ငွေကြေး အရင်းအနှီးကို Crowdfunding က Fund ငွေစုဆောင်းပေးနိုင်ပါတယ်။ မြန်မာနိုင်ငံက အလှူအတန်းရက်ရောပြီး ကူညီထောက်ပံ့ ပေးချင်သူတွေ အနေနဲ့လည်း ကိုယ်လှူဒါန်းချင်တဲ့ ကယ်ဆယ်ရေး၊ ပညာရေး၊ နာရေးကူညီမှု၊ ဘာသာ/သာသနာရေး စတဲ့ အကြောင်းအရာအမျိုးမျိုးကို Online ကနေအလွဘ်တစ်ကူ  ကူညီထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Crowdfunding Platform တွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် တစ်ကယ်လိုအပ်ပြီး အကျိုးရှိတဲ့ Platform ဖြစ်ပါတယ်။ 

Photo source https://suseeyar.net/campaign

Su See Yar Website ဆိုတာက ရင်းနှီးမြုပ်နှံသူတွေနဲ့ business တစ်ခုခုအတွက် idea ကောင်းတခုခုရှိတဲ့သူတွေကို တွေ့ဆုံစုစည်းပေးနိုင်တဲ့ online platform တခုဖြစ်ပါတယ်။ ပရဟိတလုပ်ရတာ ဝါသနာပါပြီးကူညီချင်တဲ့သူတွေ အတွက်လည်း လွယ်လွယ်ကူကူနဲ့ online ပေါ်မှာလုပ်လို့ရနိုင်မှာပါ။

ရင်းနီးမြှုပ်နှံချင်တဲ့သူတဲ့ Project တစ်ခုပြီးဖို့အတွက်ငွေကြေးလိုအပ်နေတဲ့သူ နှစ်ဦးနှစ်ဖက်စလုံး ထိထိရောက် ရောက်၊ ငွေကြေးအကုန်အကျသက်သက်သာသာနဲ့ စုစည်းပေးနိုင်ပါတယ်။ ဒါ့အပြင် အလှူအတန်း လုပ်ရတာလဲ ဝါသနာပါတဲ့ သူတယောက်ဆိုရင် ထိထိရောက်ရောက်နဲ့ တစ်ဖက်ကလဲ တကယ်အကျိုးရှိစေမယ့် donation မျိုးတွေ ကို crowdfunding website တွေမှာလုပ်လို့ရမှာပဲဖြစ်ပါတယ်။ တစ်ကယ်လိုအပ်နေတဲ့ သူတွေကို Website ကနေ အချိန်ကုန်စရာမလိုဘဲ ကူညီထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ တစ်ဟုတ်ထိုးတိုးတက်နေတဲ့ Crowdfunding မျိုးကို မြန်မာနိုင်ငံမှာလည်း Su See Yar Website အဖြစ် စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ Su See Yar ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ပေးခဲ့ပြီး မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ဂျပန်ဘာသာ ဘာသာစကားသုံးမျိုးနဲ့ လွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ AlutoBenli ကုမ္ပဏီလီမိတက်ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Su See Yar Website ကမြန်မာနိုင်ငံအတွက် ရည်ရွယ်တဲ့ Crowdfunding Platform တစ်ခုဖြစ်ပါတယ်။ လူတစ်ဦးချင်း (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုရဲ့ စိတ်ကူးဖန်တီးမှု၊ အကြောင်းအရာနဲ့ ပရဟိတအသင်းအဖွဲ့ စတာတွေအတွက် ရန်ပုံငွေမြှင့်တင်ဖို့ လုပ်ဆောင်ပေးတဲ့ Platform ဖြစ်ပါတယ်။ 

Photo source https://suseeyar.net/campaign

ဘယ်လို လုပ်ငန်းမျိုးပဲဖြစ်ဖြစ် သူတစ်ပါးကိုကူညီပံ့ပိုးဖို့ စိတ်ကူးရှိရင် ကူညီနိုင်မှာပဲ ဖြစ်ပါတယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံမှုမဆို စွန့်စားမှုတွေ ရှိနိုင်မှာဖြစ်ပါတယ်။ စွန့်စားရတာကို နှစ်သက်တဲ့သူ ဆိုရင်တော့ ရင်းနှီးငွေမရှိသောသူကို မတည် ရင်းနှီးငွေထောက်ပံ့ရင်းနှီးခြင်းဖြင့် နှစ်ဦးနှစ်ဖက်လုံး အကျိုးအမြတ် ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ အဲ့ဒီလို ရင်းနှီးမြှုပ်နှံမှုတွေကို အရင်က နိုင်ငံခြား website တွေမှာပဲလုပ်နိုင်ပေမယ့် ယခုအခါ မှာတော့ suseeyar.net ဆိုတဲ့ မြန်မာ crowdfunding platform ပေါ်ပေါက် လာတာကြောင့် မြန်မာနိုင်ငံမှာလည်း အလွယ်တကူ ရင်းနှီးမြှုပ်နှံနိုင်ဖို့ အတွက် အခွင့်အလမ်းတိုးပွားလာတာလည်း ဖြစ်ပါတယ်။

Su See Yar Website စတင်အသုံးပြုသူအနေဖြင့်လည်း Email (သို့မဟုတ်) Facebook Account ဖြင့်လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး လှူဒါန်းလိုသော Project အမျိုးအစားများ၊ မတည်ငွေရင်းနှီးမြုပ်နှံလိုသော Project အမျိုးအစား များကို ရွေးချယ်ပြီး ဝင်ရောက်ကူညီအားဖြည့်နိုင်ပြီး Project Fund Goal ပြည့်သည့်အခါတွင် Proposal တင်ထားသူ ဘက်မှ ပြန်ပေးသော Reward များကိုလဲ ပြန်လည်လက်ခံရရှိမှာလည်းဖြစ်ပါတယ်။

See Yar Website ကို ဝင်ရောက်အသုံးပြုကြည့်ချင်တယ်ဆိုရင်တော့ ဦးစွာ Start Campaign ကို ရွေးချယ် ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ Title က လိုအပ်တဲ့အချက်အလက်တွေဖြည့်သွင်းရမှာဖြစ်ပါတယ်။ Description နေရာ မှာ မှန်ကန်တိကျစွာဖြည့် စွတ်ရမှာဖြစ်ပါတယ်။ ပြီးရင် Category ကို ရွေးချယ်ရပါမယ်။ မိမိတင်မယ့် Campaign Photo ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ Fund ငွေရှာမည့် Date ကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ Funding Goal မှာတော့ မိမိ Project အတွက် လိုအပ်တဲ့ငွေကြေးပမာဏကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ Submit လုပ်ပြီးတာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူ က ဝင်ရောက်စစ်ဆေးလို့ အချက်အလက်တွေ ပြည့်စုံမှန်ကန်ပြီ ဆိုရင်တော့ Su See Yar Website မှာ Fund ငွေရှာဖို့ ခွင့်ပြု ချက်ပေးမှာဖြစ်ပါတယ်။

Su See Yar Website ကိုအောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suseeyar.net/campaign