Facebook ရဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်စင်တာ (Coronavirus (COVID-19) Information Center) ကို မိတ်ဆက်လိုက်တဲ့ သတင်းအပါအဝင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံအတွက် Facebook မှ လုပ်ဆောင်မှုတွေကို အသိပေးမျှဝေချင်ပါတယ်။ Facebook သုံးစွဲသူတွေအနေနဲ့ COVID-19 နဲ့ ပက်သက်တဲ့ နောက်ဆုံးရ သတင်းနဲ့ အချက်အလက်တေါ အပါအဝင် ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခုလုံး ကျန်းမာစွာ နေထိုင်နိုငဖို့ နည်းလမ်းနဲ့ အကြံပြုချက်တွေဟာ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်စင်တာမှာ ပါဝင်မှာ ဖြစ်ပါတယ်။
photo resource https://www.who.int/
ဒီသတင်းအချက်အလက်စင်တာမှာ ဆိုရင်တော့ COVID-19 နဲ့ပက်သက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ကျန်းမာ ရေးအဖွဲ့အစည်းများက ထုတ်ပြန်ထားတဲ့ နောက်ဆုံးရသတင်းတွေနဲ့ လမ်းညွှန်မှုတွေကို ဘာသာစကားပေါင်း ၄၀ ကျော်နဲ့ တစ်နေရာထဲမှာ တွေ့ရှိရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာကျန်းမာရေးတာဝန်ရှိ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) နဲ့ UNICEF တို့ကရတဲ့ နောက်ဆုံးရ သတင်းတေါလည်း ပါရှိမှာ ဖြစ်ပါတယ်။
COVID-19 ရောဂါကူးစက်ပျံ့နှ့မှုနဲ့ပက်သက်ပြီး ကာကွယ်ရေးအတွက် လိုက်နာသင့်တဲ့ နည်းလမ်းကောင်းများနဲ့ နေထိုင်မကောင်းတဲ့အခါမှာ ဘာတွေပြုလုပ်သင့်လဲဆိုတာတို့ ပါဝင်မှာဖြစ်ပြီး တွေ့ဆုံဆက်ဆံမှု လျှော့ချခြင်း (Social distancing) လိုက်နာကျင့်သုံးချိန်မှာ တစ်ဦးနဲ့ တစ်ဦး အဆက်အသွယ်မပြတ်အောင် နေထိုင်နိုင်ဖို့ အကြံပေးချက်များလည်း ပါဝင်ပါတယ်။
ဒီ COVID-19 သတင်းအချက်အလက်ကို စောင့်ကြည့်ခြင်းအားဖြင့် ပြည်တွင်းရှိ ကျန်းမာရေးအဖွဲ့အစည်းများကနေ နောက်ဆုံးရ သတင်းတွေ ထုတ်ပြန်တဲ့အခါ အသိပေးချက်တွေ (notifications) ရရှိသွားမှာဖြစ်သလို ကိုယ့်ရဲ့သတင်းစဉ် (News Feed) မှာလည်း အချိန်နှင့် တစ်ပြေးညီ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
photo resource https://www.who.int/
သတင်းအချက်အလက်စင်တာရဲ့ တွေ့မြင်ရမယ့် ပုံကိုလည်း အောက်မှာနမူနာအနေနဲ့ ထည့်သွင်း ဖော်ပြပေးလိုက်ပါတယ်။ ပိုမိုသိရှိလိုပါက (သို့) မေးခွန်းများရှိပါက အချိန်မရွေးဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။
Page ကနေ အသိအမှတ်ပြုထားတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေကိုရဲ့ သတင်းအချက်အလက်တွေကိုလဲ သိနိုင်မှာ ဖြစ်ပါတယ်။ Page ကနေ WHO ရဲ့ website https://bit.ly/2XfsGdv ကိုလည်းဝင်ရောက်နိုင်ပြီးတော့ COVID-19 နဲ့ပက်သက်တဲ့ သတင်းတွေကိုဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ COVID-19 ကိုကြိုတင်ကာကွယ်ဖို့နည်းလမ်းတွေ၊ ဖျားနာတာ တွေကနေ ကာကွယ်ရမည့်နည်းလမ်းတွေ၊ ခရီးသွားနေစဉ်အချိန်မှာလဲ ကျန်းမာအောင်နေထိုင်နည်းတွေ၊ Mask တပ်ဆင်အ သုံးပြုနည်းတွေ၊ လက်ကိုစင်ကြယ်အောင် ဘယ်လိုဆေးရမယ်ဆိုတဲ့နည်းလမ်းတွေ စတဲ့နည်းလမ်းတွေကို ပုံတွေနဲ့ နားလည် လွယ်အောင် ဖော်ပြထားပါတယ်။ မြန်မာဘာသာစကားနဲ့ COVID-19 ဘယ်လိုပျံ့နှံတယ်ဆိုတာကိုလည်း ရှင်းလင်းပြထား ပါသေးတယ်။ COVID-19 ရောဂါပျံ့ပွားမှုနဲ့ နိုင်ငံတစ်ဝန်းဖြစ်ပွားနေမှုတွေကိုလည်း Dashboard ကနေ ကြည့်ရှုနိုင်ပါတယ်။
photo resource https://www.who.int/
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ကူးစက်ပြန့်ပွားလာပြီး Coronavirus Pandemic အဖြစ် WHO ကသတ်မှတ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်ကြောင့် တွေ့ရှိရတဲ့ ရောဂါလက္ခဏာတွေကတော့ ကူးစက်ခံရပြီး ပထမတစ်ရက်မှာတော့ အပူချိန်မြင့်ဖျားနာ၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတွေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ ကူးစက်ခံရတဲ့ ၈၀ %သော လူနာတွေက ဒီလိုလက္ခဏာကို ခံစားရပါတယ်။ ဗိုင်းရပ်စ်ပိုးက အဆုတ်အတွင်းကို ၃ ရက်ကနေ ၄ ရက်အတွင်း ဝင်ရောက်နိုင်ပြီး ၄ ရက်နဲ့ ၉ ရက်အတွင်းမှာတော့ အသက်ရှူကြပ်တာကို စခံစားရမှာ ဖြစ်ပါတယ်။ ကူးစက်ခံရတဲ့ လူနာ ၄၀% ရာခိုင်းနှုန်းက ဒီလိုရောဂါလက္ခဏာတွေကို ခံစားရတာဖြစ်ပါတယ်။ ကူးစက်မှု ၈ ရက်ကနေ ၁၅ ရက်အတွင်းမှာတော့ ဗိုင်းရပ်ပိုးက အဆုတ်ကနေ သွေးထဲကို ကူးစက်နေမှာ ဖြစ်ပြီးတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။ ဒီလိုရောဂါကနေ ကာကွယ်ဖို့အတွက် ဆိုရင်တော့ မကြာမကြာလက်ဆေးပေးရမှာဖြစ်ပါတယ်။ သတိရတိုင်းလက်ဆေးပေးနေပြီးတာ့ နှာစေးချောင်းဆိုးတဲ့အခါ အကာအကွယ်ကို အသုံးပြုသင့်ပါတယ်.