Mobile Legends ဂိမ်းပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ကမ္ဘောဇဘဏ်မှ ဆုငွေများချီးမြှင့်

မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည် Moonton ဂိမ်းကုမ္ပဏီမှ ၂၆ ရက် မေလ ၂၀၁၉ ခုနှစ်တွင် ကြီးမှူးကျင်းပသည့် နိုင်ငံအတွင်း အကြီးဆုံး Mobile Legends ဂိမ်းပြိုင်ပွဲကြီး Mobile Legends Professional League (MPL) Season 2 တွင် အနိုင်ရရှိသူများအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။
Photo Source – https://www.facebook.com/KBZPay/

ပြိုင်ပွဲဝင်အသင်းပေါင်း (၅၀၀) ကျော်တို့၏ ပွဲစဉ်များစွာဖြင့် သုံးလကြာ ကျင်းပလာခဲ့သည့် ဂိမ်းပြိုင်ပွဲကြီး၏ နောက်ဆုံးအဆင့် ဗိုလ်လုပွဲကြီးအား မြန်မာပလာဇာတွင် ထိုနေ့က အပြီးသတ် ကျင်းပပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့သည့် အဖွဲ့ (၆) ဖွဲ့သည် ပရိတ်သတ်ပေါင်း တစ်သောင်းကျော် ရှေ့မှောက်တွင် ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ (၂၁,၂၀၀) တန်ဖိုးရှိ ဆုငွေများ ပိုင်ဆိုင်နိုင်ရန်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ ကြသည်။

Photo Source – https://www.facebook.com/KBZPay/

ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံ၏ ဂိမ်းအားကစားကဏ္ဍ ပိုမိုထွန်းကားလာရေး ပံ့ပိုးကူညီပေးနိုင်ရန် MPL Season 2 ပြိုင်ပွဲတွင် အမြင့်ဆုံးစပွန်ဆာအဖြစ် Moontonနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Mobile Legends အက်ပလီကေးရှင်း အတွင်း စိန်များဝယ်ယူရာတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် ဝန်ဆောင်မှုဖြစ်သည့် KBZPay သို့မဟုတ် KBZ mBanking ဝန်ဆောင်မှု၏ လွယ်ကူရိုးရှင်းသော အဆင့်များဖြင့် ဝယ်ယူနိုင်ရန်စီစဉ်ပေးထားသောကြောင့် ဂိမ်းကစားသူများ အနှောင့် အယှက် အနည်းဆုံးဖြင့် အဆင်ပြေလွယ်ကူစွာ ဂိမ်းဆက်လက် ကစားနိုင်မည် ဖြစ်ပါသည်။

Photo Source – https://www.facebook.com/KBZPay/

ယနေ့ ပြုလုပ်ကျင်းပသော MPL Season 2 နောက်ဆုံးအဆင့် ဗိုလ်လုပွဲကြီးတွင် ကမ္ဘောဇဘဏ် အဖွဲ့သားများက ပွဲလာပရိသတ်များနှင့် တွေ့ဆုံပြီး KBZPay အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်းပြသပေးခဲ့ကြောင်း လည်းသိရသည်။

Photo Source – https://www.facebook.com/KBZPay/

ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည့် Mobile Legends ပွဲစဉ်ပေါင်းများစွာ ယှဉ်ပြိုင်ကစားပြီးနောက် MPL Season 2 ချန်ပီယံဆုကြီးကို သိမ်းပိုက်နိုင်ရန် Team Resolution နှင့် Burmese Ghoulsတို့က နောက်ဆုံးဗိုလ်လုပွဲစဉ်ကို အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ကြသည်။ နောက်ဆုံးပွဲစဉ်အပြီးတွင် Team Resolution က အနိုင်ရဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲ၏အမြင့်ဆုံးဆုကြေးငွေ အမေရိကန်ဒေါ်လာ (၁၁၀၀၀) ကို ဆွတ်ခူးရရှိခဲ့ကြသည်။

Photo Source – https://www.facebook.com/KBZPay/

ကမ္ဘောဇဘဏ်၊ Transaction Banking ဌာန၏ Head of Business Solutions ဖြစ်သူ ဦးဟန်ဝင်းလှိုင်က ဆုရရှိသည့် အသင်းများအား ဆုကြေးငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
MPL Season 2 နောက်ဆုံးအဆင့် ဗိုလ်လုပွဲစဉ်များမှ ဆုရရှိသူများစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည် –
အဆင့်                                            အသင်းအမည်                      ဆုကြေးငွေ (USD)
Champion                                   Team Resolution                        ၁၁,၀၀၀
1st Runner Up                           Burmese Ghouls                          ၅,၀၀၀
2nd Runner Up                         Maven Esport ML                       ၃,၀၀၀
3rd Runner Up                          Team Illusions                            ၁,၀၀၀
4th Runner Up                          Seawolves Gaming                     ၆၀၀
5th Runner Up                          Team Terrible                              ၆၀၀