COVID -19 ကာလအတွင်း ဆက်သွယ်မှုပိုမိုချောမွေ့စေရန် အူရီဒူးမှ အထူးPackage အစီအစဉ်များထုတ်ပြန်

အူရီဒူးမြန်မာအနေဖြင့် ယခုကဲ့သို့ COVID-19 ရောဂါကြောင့် ပြည်သူများအခက်အခဲတချို့ရှိနေချိန်တွင် အူရီဒူးမှ ယခင်ကထက် ဈေးနှုန်း ပိုမိုသက်သာသည့် ဒေတာ Pack များ၊ ဖုန်းခေါ်ဆိုရန် voice pack များနှင့် မိမိကြိုက်နှစ်သက်ရာ နည်းဖြင့်ဖုန်းငွေဖြည့်ပြီး ရရှိမည့် ဖုန်းငွေဖြည့်အပိုလက်ဆောင်များကို အူရီဒူးအသုံးပြုသူများအတွက် အထူးအစီအစဉ်များ အဖြစ် ဝန်ဆောင်မှုပေးအပ်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ဝန်ဆောင်မှုပေးအပ်လိုက်ခြင်းရည်ရွယ်ချက်မှာလည်း ပြည်သူများအနေဖြင့် ယခုလို ခက်ခဲနေသည့်အချိန်များတွင် မိတ်ဆွေများ၊ မိသားစုများနှင့် အဆက်အသွယ်မပြတ်ရှိနေမှာဖြစ်ပြီး အိမ်မှနေ၍လည်း လုပ်ငန်းများကို အကျိုးရှိရှိ ထိထိမိမိလုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အူရီဒူးဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် ပုံမှန် ငွေဖြည့်ကတ်များဖြင့် ဖြစ်စေ၊ E top-up ဖြင့်ဖြစ်စေ၊ My Ooredoo App ကနေဖြစ်စေ မိမိကြိုက်နှစ်သက်သည့်နည်းလမ်းဖြင့် ဖုန်းငွေဖြည့်လိုက်တိုင်းတွင် ပမာဏများပြားသော ဖုန်းငွေဖြည့်အပို လက်ဆောင် ၁၂၀ ရာခိုင်နှုန်းကို ရရှိနိုင်မည်ဖြစ်သည်။ ရရှိထားသော ဖုန်းငွေဖြည့်အပိုလက်ဆောင်ကို သုံးသလေက် ပေးနှုန်းထားဖြင့် ဒေတာအသုံးပြုခြင်း နှင့် အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုချင်းတို့ကို ၅ ရက်တာ အသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar 

အူရီဒူးအနေဖြင့် ၎င်း၏ 4G LTE ဝန်ဆောင်များအတွက် ကွန်ရက်၏ အရည်အသွေးကို ပြီးခဲ့သည့်လက 4G LTE TURBO နည်းပညာဖြင့် နိုင်ငံတစ်ဝန်းတွင် အဆင့်မြှင်တင်ပေးအပ်ခဲ့သည်။ 1GB ကို ၉၉၉ ကျပ်သာကျသင့်မည့် ယခုစတင်ဝန်ဆောင်မှုပေးလိုက်သည့် ဒေတာ Pack အသစ်ဖြင့် အူရီဒူး၏ ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် မြန်မာ့အမြန်ဆုံး နှင့် အကျယ်ပြန့်ဆုံး မိုဘိုင်းကွန်ရက်ကို အသုံးပြုပြီး အကောင်းဆုံးအင်တာနက်အစီအဉ်များကို အသုံးပြုနိုင် တော့မည်လည်းဖြစ်သည်။ ၇၅၀MB ကို ၇၉၉ကျပ်သာကျသင့်သည့် အစီအစဉ်မှစပြီး ၂၀GB ကို ၉,၉၉၉ သာကျသင့်မည့် အစီအစဉ်အထိ ဒေတာ Pack အမျိုးအစားသစ် (၆) မျိုးရှိပြီး အူရီဒူးဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် မိမိတို့၏ လိုအပ်ချက်အပေါ်မူတည်၍ ကြိုက်နှစ်သက်ရာ ဒေတာ Pack ကို *140# ကို ဖုန်းခေါ်၍ ဖြစ်စေ၊ My Ooredoo App မှတဆင့်ဖြစ်စေ ဝယ်ယူနိုင်ပါသည်။ အဆိုပါ ဒေတာ Packများသည် အသုံးပြုရန်ကျန်ရှိနေသော ဒေတာကို ယခင်ကကဲ့သို့ သက်တမ်းမကုန်ခင်တွင် အစီအစဉ်သစ်တစ်ခု ထပ်ဝယ်ခြင်းဖြင့် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။
အူရီဒူးမှ “မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုမှု အစီအစဉ်” ကို ၎င်း၏ ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် အူရီဒူးအချင်းချင်း အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်ရန် ၉၉၉ကျပ်ဖြင့် ဝန်ဆောင်မှုပေးအပထားပါသည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုအစီအစဉ် voice pack များမှာ အမျိုးအစား (၅)မျိုးရှိပြီး မိမိတို့ နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ၎င်းတို့အနေဖြင့် *150# ကို ဖုန်းခေါ်၍ဖြစ်စေ My Ooredoo App မှတဆင့်ဖြစ်စေ voice pack ကိုဝယ်ယူနိုင်မည်ဖြစ်သည်။
အူရီဒူး၏ အထူးအစီအစဉ်များကို ဝန်ဆောင်မှုပေးထားခြင်းအားဖြင့် အူရီဒူးအသုံးပြုသူများအနေဖြင့် အကောင်းဆုံးသော ဈေးနှုန်းများဖြင့် ချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ် ဆက်သွယ်ချိတ်ဆက်နိုင်မှာဖြစ်သလို၊ လုပ်ငန်းများလည်း လုပ်ကိုင်နိုင်ပြီး ဒစ်ဂျစ်တယ်အပန်းဖြေမှုများဖြင့်လည်း အပန်းဖြေနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar 

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန်၂၀၁၃ခုနှစ်ဇွန်လတွင်လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် ပြည်သူများ၏လူမှုဘဝကိုဒီဂျစ်တယ်လူနေမှုဖြင့်တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည် ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရာ၌ ဦးဆောင် လျှက်ရှိသည်။ အူရီဒူးမြန်မာသည်လက်ရှိတွင်တစ်ဦးချင်းအသုံးပြုသူများအတွက်သာမက စီးပွားရေးလုပ်ငန်းများ၊ အစိုးရ ဌာနများနှင့်အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက်လည်း လုပ်ငန်းများတိုးတက်ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာပေးအပ်လျက်ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘဝဖွံ့ဖြိုးရေးနှင့်လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကိုဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့်ပြည်သူများအားလုပ်ကိုင်စွမ်းအားများကိုမြှင့်တင်ပေးခြင်းနှင့် စီးပွားရေး လုပ်ငန်းများကိုပိုမိုချောမွေ့စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ အူရီဒူးမြန်မာသည်၎င်း၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့်ပြည်သူများ၏ ဘဝကိုတောက်ပကောင်းမွန်စေရန်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။