လေးရက်အတွင်း KBZ Pay အသုံးပြုမှု အကြိမ်အရေအတွက် (၁) သန်းပြည့်မြောက်ခြင်း သမိုင်းစံချိန်သစ်တင်

မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်သည် ယခုရက်သတ္တပတ်တွင် ဘဏ်ဝန်ဆောင်မှု အသုံး ပြုသူများနှင့်အတူ လေးရက်တာကာလအတွင်း KBZ Pay အသုံးပြုမှု အကြိမ်အရေအတွက်ပေါင်း တစ်သန်းပြည့်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပြီး ဖြစ်ကြောင်းထုတ်ပြန်ထားကြောင်း သိရသည်။

Photo Source- https://bit.ly/2G3VLP3

၂၀၁၉ ခုနှစ်၊ မတ်လ ၂၈ ရက်မှ ၃၁ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းအင်အား (၁၈၀၀၀) ရှိ ကမ္ဘောဇဘဏ် အဖွဲ့သားများ၏ အားပေးတိုက်တွန်းမှုဖြင့် အသုံးပြုသူများမှာ KBZ Pay မိုဘိုင်းပိုက်ဆံအိတ် အက်ပလီကေးရှင်းကို ငွေသားမဲ့ အသုံးပြုမှု အကြိမ်ပေါင်းမြောက်မြားစွာအတွက် အသုံးပြုခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါ အသုံးပြုမှုအမျိုးမျိုးတွင် ဖုန်းငွေဖြည့်သွင်းနိုင်ခြင်းနှင့် အင်တာနက်ဒေတာများ ဝယ်ယူခြင်း၊ ငွေရှင်း၊ ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ် ပြုလုပ်ခြင်း၊ စားသောက်ဆိုင်ခန်းများတွင် QR code ဖြင့် ငွေပေးချေမှုပြုလုပ်ခြင်း၊ ဝန်ဆောင်မှုအသုံးပြုခြင်းအတွက် ဘဏ်ခွဲကောင်တာ (OTC) များတွင်သာမက Quick Pay အသုံး ပြု၍ ငွေပေးချေခြင်း စသည့်တို့ ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Photo Source- https://bit.ly/2G3VLP3

အဆိုပါသမိုင်းမှတ်တိုင်သည် ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံ၏ ငွေသားအဓိက အသုံးပြုလျက်ရှိသည့် လူမှုအသိုင်းအဝိုင်းအတွင်း တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ဘဏ်ခွဲပြတင်းတံခါး ပြင်ပအထိသွားရောက်ကာ နိုင်ငံတစ်ဝန်းရှိ အသုံးပြု သူများအား ငွေသားမဲ့လုပ်ဆောင်ချက်၏ အကျိုးကျေးဇူးများကို လက်တွေ့သိရှိစေရန် တိုက်တွန်းအားပေးခဲ့ခြင်းများကြောင့် ရရှိခဲ့ခြင်း ထုတ်ပြန်ထားသည်။
ယခု မှတ်တိုင်သစ်သည် အသုံးပြုသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကိုယ်ပိုင်အထောက်အထားများကို အသုံးပြုကာ ဒစ်ဂျစ် တယ်နည်းပညာဖြင့် အတည်ပြုပြီးသော KBZ Pay အသုံးပြုသူ တစ်သန်းပြည့်မြောက်ပြီးနှစ်လအကြာတွင် ရရှိခဲ့ခြင်းဖြစ်ပါသည်။ KBZ Pay ၏ လျင်မြန်စွာ ကြီးမားတိုးတက်နေသည့် ကွန်ရက်အတွင်း အသုံးပြုသူများမှာ KBZ Pay တွင် စာရင်းသွင်းအ ကောင့်ပြုလုပ်ထားသည့် ဈေးဆိုင်ပိုင်ရှင်နှင့် ကိုယ်စားလှယ်ပေါင်း (၆၅,၀၀၀) တို့အတွင်း မည်သည့်နေရာတွင်မဆို KBZ Pay ဖြင့် အသုံးပြုနိုင်ပြီဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Photo Source- https://bit.ly/2G3Vgo4

“KBZPay ရဲ့ အောင်မြင်မှုကို တွေ့ရတာဟာ အင်အား (၁၈,၀၀၀) ရှိတဲ့ ကျွန်တော်တို့ ကမ္ဘောဇဘဏ်အဖွဲ့သားတွေရဲ့ ဇွဲလုံ့လနဲ့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဦးစားပေး စီးပွားရေးစနစ်တစ်ခု အလျင်အမြန်ပေါ်ပေါက်လာနေတယ်ဆိုတာ ထင်ဟပ်ပြသနေပါတယ်။ မြန်မာနိုင်ငံမှာ အားလုံးအသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုတွေ ပေးအပ်သွားဖို့ ကြိုးပမ်းနေတဲ့ပြည်တွင်းရှေ့ဆောင် ကုမ္ပဏီတစ်ခုအနေနဲ့ လုံခြုံစိတ်ချရပြီး အလွယ်တကူအသုံးပြုနိုင်တဲ့ မိုဘိုင်းငွေပေးချေမှုစနစ်တစ်ခု ပေါ်ပေါက်လာအောင် ဦး ဆောင်သွားဖို့နဲ့ ဘဏ်ဝန်ဆောင်မှုကနေတစ်ဆင့် သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mike DeNoma က ပြောကြားသည်။

Photo Source- https://bit.ly/2Z2JenD

၂၀၁၉ ခုနှစ်၊ မတ်လ ၂၈ ရက်မှ ၃၁ ရက်နေ့အတွင်း KBZ Pay အသုံးပြုမှုအကြိမ်ရေတစ်သန်း ပြည့်မီစေရန် ဆောင်ရွက်ခဲ့သည့် မွန်ပြည်နယ်မှ မလင်းလင်းထိုက်အတွက် သူမ၏ KBZ Pay မိုဘိုင်းပိုက်ဆံအိတ်အတွင်း ဆုကြေးငွေကျပ် (၁,၀၀၀,၀၀၀) နှင့် ဝန်ဆောင်မှုပေးခဲ့သော ဦးညီညီလွင် စတိုးဆိုင်မှ ကိုယ်စားလှယ် ဆိုင်ရှင်ဦးညီညီလွင်ကိုလည်း KBZ Pay အသုံးပြုမှုအကြိမ်ရေ တစ်သန်းပြည့်မီစေရန် ဆောင်ရွက်ခဲ့သည့်အတွက် ဆုကြေးငွေကျပ် (၁,၀၀၀,၀၀၀) ဆုကို ချီးမြှင့်ခဲ့ပြီးဖြစ် ကြောင်းလည်းသိရသည်။

KBZPay အသုံးပြုမှု အကြိမ်အရေအတွက်ပေါင်း တစ်သန်းပြည့်မြောက်စေရန် အဓိကပါဝင်အားဖြည့်ခဲ့သည့်အဖွဲ့မှာ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သော 2019 Duwun Food Carnival သို့ လာရောက်ခဲ့သူများဖြစ်ပြီး ပွဲတော်အတွင်း KBZ Pay အသုံးပြုခဲ့သည့် အကြိမ်အရေအတွက် စုစုပေါင်း (၁၃,၀၀၀) ရှိခဲ့သည်။ မတ်လ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်ပွဲတော်ကြီးသည် ရန်ကုန်မြို့တွင် ပထမဦးဆုံးသော ငွေသားကိုင်ဆောင်ရန် မလိုအပ်သည့် အစားအသောက် ဈေးတန်းကြီးဖြစ်ပြီး စားသောက်ဆိုင်ပိုင်ရှင်ပေါင်း (၆၇) ဦးထံတွင် KBZ Pay ဖြင့် ဝယ်ယူစားသုံးခဲ့ကြသည်။

အစားအသောက်ပွဲတော်ကြီး မကျင်းပမီကပင် ကမ္ဘောဇဘဏ် အဖွဲ့သားများသည် စားသောက်ဆိုင်ခန်းများနှင့် စားသောက်ကုန် ထုတ်လုပ်ရောင်းချသူများကို နေ့စဉ်အရောင်းစာရင်းများ ပြန်လည်စစ်ဆေးနိုင်ရန်နှင့် ငွေအကြွေပြဿနာကို ဖြေရှင်းနိုင်ရန် KBZ Pay ကိုယ်စားလှယ် စားသောက်ဆိုင်ပိုင်ရှင်များအဖြစ် စာရင်းပေးသွင်းထားပြီး ဖြစ်ပါသည်။ ပွဲတော်သို့ လာရောက်သူများအတွင်း KBZ Pay အကောင့် မရှိသေးသူများမှာလည်း ပွဲတော်အတွင်း ၎င်းတို့၏ မှတ်ပုံတင်များဖြင့် အကောင့်ဖွင့်ခဲ့ကြပါသည်။

ပွဲတော်ကြီးသို့ တက်ရောက်လာသူများမှာ KBZPay အသုံးပြု၍ ငွေအကြွေပြဿနာများအတွက် စိတ်ပူစရာမလိုခြင်း၊ လွယ် ကူရိုးရှင်းသည့် QR-code ငွေပေးချေနည်းစနစ်ကို အသုံးပြု၍ စက္ကန့်အနည်းငယ်အတွင်း ငွေပေးချေနိုင်ခြင်းနှင့် မိမိသုံးစွဲ လိုက်သည့်ငွေပမာဏကိုလည်း အချိန်မရွေး ပြန်စစ်ဆေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ခံစားရရှိခဲ့ကြပါသည်။ ပွဲတော် ကျင်းပသည့် နှစ်ရက်တာကာလအတွင်း KBZ Pay အသုံးပြု၍ ငွေပေးချေခဲ့သည့် ပမာဏ စုစုပေါင်း ငွေကျပ် (၃၃,၈၀၀,၀၀၀) ရှိခဲ့ပါသည်။

Photo Source- https://bit.ly/2X29vRm

“KBZ Pay နဲ့ ဒီပွဲမှာ စရောင်းကြည့်တော့ ဝယ်သူကို အကြွေအမ်းရတာနဲ့ ငွေသိမ်းရတဲ့ပြဿနာမရှိတော့လို့ အစ်မအရမ်း စိတ် ချမ်းသာရပါတယ်။ ငွေအမ်းဖို့ လက်အိတ်တွေချွတ်စရာမလိုတော့ဘဲ ဝယ်သူကိုကောင်းကောင်းဝန်ဆောင်မှု ပေးဖို့ပဲ အာရုံစိုက်နိုင် တဲ့အတွက် အချိန်ကုန်လည်း သက်သာသွားပါတယ်။ ဆိုင်သိမ်းတဲ့အချိန်မှာလည်း ဘယ်လောက် ရောင်းရလဲဆိုတာကို ရေတွက်စရာမလိုတော့ဘဲ အက်ပလီကေးရှင်းကို ကြည့်လိုက်ရုံနဲ့ ငွေပမာဏကို သိနိုင်တယ်။ အစ်မရဲ့ ပိုက်ဆံတွေလည်း ဘဏ်ထဲမှာ တစ်ခါတည်း သိမ်းထားပြီးသား ဖြစ်သွားတာပေါ့။ ဒီပွဲကို လာရောင်းကြတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေလည်း ငွေသား ကိုင်စရာမလိုတဲ့အတွက် ဝမ်းသာနေကြတယ်။ အနာဂတ်မှာ ပိုပြီး တွင်တွင်ကျယ်ကျယ် သုံးနိုင်တဲ့ လမ်းကြောင်းတစ်ခုပေါ့” ဟု MasterChef Myanmar ပြိုင်ပွဲတွင် ဆုရရှိခဲ့သူတစ်ဦးဖြစ်ပြီး T&G Salad Bar ဆိုင်တွင် ပွဲတော်လာရောက်သူများအတွက်လာ ရောက် ရောင်းချပေးခဲ့သူ မတင်တင်ဦးက ပြောသည်။
ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း (၅၀၀) ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကပိုင်ဘဏ်ဖြစ်ပြီး ရန်ကုန်မြို့တွင် အခြေစိုက်သည့် ကမ္ဘောဇဘဏ်သည် နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန်အတွက် အိမ်နီးချင်းဈေးကွက် များတွင် ရုံးခွဲများ ဖွင့်လှစ်နိုင်သည့် ပထမဆုံးသော မြန်မာဘဏ်လည်း ဖြစ်သည်။