မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲကြီးဖြစ်သည့် MYANMAR ROBOLEAGUE အား ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ မနက် (၁၀)နာရီမှ နေ့လည် (၂)နာရီအထိ ရန်ကုန်မြို့၊ သိမ်ဖြူမိုးလုံလေလုံကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထားသည်။

Photo Source – https://www.facebook.com/mmroboleague/?epa=SEARCH_BOX

အဆိုပါပွဲကို USID မှ အဓိကပံ့ပိုးပြီး “ဖန်တီးရာ” မှဦးစီးကာ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံပါမောက္ခအသင်းတို့နှင့်အတူ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိကျောင်းသူ၊ ကျောင်းသားများအကြား စက်ရုပ်တည်ဆောက်ခြင်းနှင့် STEM ပညာရပ် (သိပ္ပံပညာ၊ နည်းပညာ၊ အင်ဂျင်နီယာပညာ၊ သင်္ချာပညာရပ်များ တိုးတက်ပြန့်ပွားအောင်ရည်ရွယ်ထားခြင်းကြောင့်ဖြစ် ကြောင်း သိရသည်။
ထိုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကျောင်းသားရွေးချယ်ရာတွင် Math၊ Logic၊ Physics၊ Mechanics၊ Electronics၊ Programing၊ IQ Test နှင့် Situational Test အစရှိသော ဘာသာရပ်များပါဝင်သည့် မိနစ်ကိုးဆယ်စာ အွန်လိုင်းမေးခွန်းများမှတစ်ဆင့် စိ စစ်ရွေးချယ်ခဲ့ခြင်းလည်းဖြစ်ပြီး ချင်းပြည်နယ်ကိုယ်စားပြုအသင်းအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ တက္ကသိုလ်များတွင် တက်ရောက်နေသော ချင်းတိုင်းရင်းသားများပါဝင်သည့်အသင်းက ကိုယ်စားပြုပါဝင်သွားမည်လည်းဖြစ်သည်။

Photo Source – https://bit.ly/2P5qxLz

အဆိုပါပြိုင်ပွဲအား မနက် ၁၀နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး၊ အသင်း (၁၄) သင်း မှ ပွဲစဉ် (၇) ပွဲယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အနိုင်ရရှိသောအသင်းများမှ ပွဲစဉ် (၄) ခုထပ်မံယှဉ်ပြိုင်ရမည်ဖြစ်၍ စုစုပေါင်း အချိန် (၅)နာရီခန့် ကြာမြင့်မည်ဖြစ် သည်။ ပြိုင်ပွဲအား မည်သူမဆိုစာရင်းပေးကာ အခမဲ့လာရောက်ကြည့်ရှုနိုင်ပြီး အွန်လိုင်းလက်မှတ်များကို Myanmar RoboLeague နှင့် “ဖန်တီးရာ” Facebook Page တွင် သွားရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါပွဲသည့် ကျောင်းအဆင့်၊ ပြည်နယ်နှင့်တိုင်းအဆင့်အပါအဝင် အဆင့်ဆင့်ဖြတ်ကျော်ခဲ့ပြီး နောက်ဆုံးပြည်နယ်နှင့် တိုင်းကိုယ်စားပြု ကျောင်းသူ၊ ကျောင်းသားများပါဝင်သော အသင်း (၁၄) သင်းကနေ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ယခုပွဲမှတစ် ဆင့် ဒူဘိုင်းမြို့ရှိ နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲ FIRST Global Robotics Competition ကို ပါဝင်ရန် မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်သွားမည်လည်းဖြစ်သည်။

Photo Source – https://brandpa.com/name/roboleague

ယခုနှစ် Myanmar RoboLegaue ပွဲသည် (၆) မိနစ်ကြာ ပြိုင်ပွဲချိန် နှင့် ပြိုင်ပွဲစုစုပေါင်း ၁၁ ခုပါဝင်မှာဖြစ်ပြီး ပါဝင်တဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ကိုယ်တိုင်တည်ဆောက်ထားတဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးစက်ရုပ်များက ရေးကြီးခြင်းကယ်ဆယ်ရေးကို ကွင်းအတွင်းလုပ်ဆောင်ရမည်ဖြစ်ပြီး (၆) မိနစ်အတွင်း လုပ်ဆောက်ချက်များအပေါ်မူတည် ကာ အမှတ်ရရှိမည်လည်းဖြစ်သည်။
Myanmar RoboLeague တွင် ပါဝင်ယှဉ်ပြိုင်မည့် တိုင်း/ပြည်နယ်ကိုယ်စားပြု တက္ကသိုလ်များစာရင်းမှာ –
(၁) ဧရာဝတီ – ကွန်ပြူတာတက္ကသိုလ် (ပုသိမ်)
(၂) ပဲခူး – ပြည်နည်းပညာတက္ကသိုလ်
(၃)ချင်း – နည်းပညာတက္ကသိုလ်(သန်လျင်) နည်းပညာတက္ကသိုလ်(တောင်ကြီး) ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
(၄) ကချင် – ကွန်ပြူတာတက္ကသိုလ် (ဗန်းမော်)
(၅) ကယား – ကွန်ပြူတာတက္ကသိုလ် (လွိုင်ကော်)
(၆) ကရင် – ကွန်ပြူတာတက္ကသိုလ်(ဘားအံ)
(၇) မကွေး – နည်းပညာတက္ကသိုလ် (ပခုက္ကူ)
(၈) မန္တလေး – မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
(၉) မွန် – ကွန်ပျူတာတက္ကသိုလ် (သထုံ)
(၁၀) ရခိုင် – ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)
(၁၁) စစ်ကိုင်း – နည်းပညာတက္ကသိုလ်(မုံရွာ)
(၁၂) ရှမ်း – ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)
(၁၃) တနင်္သာရီ – နည်းပညာတက္ကသိုလ်(မြိတ်)
(၁၄) ရန်ကုန် – ရန်ကုန်နည်းပညာတက္ကသိုလ် တို့ဖြစ်ကြသည်။
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ Link တွင်စာရင်းပေးသွင်းပြီး အခမဲ့လာရောက်အားပေးနိုင်သည်။
https://www.eventnook.com/event/mmroboleague/home