PUBG MOBILE မှ Payload Mode 2.0 နှင့်အတူလက်နက်ကြီးများနှင့်အသစ်ထပ်မံပြင်ဆငမှုများကိုမိတ်ဆက်

PUBG Mobile မှ အမျိုးမျိုးသော အဆင့်မြှင့်တင်မှုများပြုလုပ်ပြီးနောက် ပြင်းပြင်းထန်ထန်တိုက်ခိုက်ရသည့် ဂိမ်းဆော့ခြင်းအတွေ့အကြုံကို မြှင့်တင်ပေးမည့် Payload 2.0 ဗားရှင်းကို အောက်တိုဘာလ ၉ရက်နေ့တွင် စတင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ဗားရှင်းသည် ဂိမ်းကစားသူ ပရိသတ်များအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံကောင်းများ ရရှိစေမည်ဖြစ်ပြီး ကမ္ဘာ့ရေပန်းအစားဆုံး မိုဘိုင်းဂိမ်းကို အဆင့်မြှင့်ထားခြင်းဖြစ်သည်။ အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ ဂိမ်းကစားသူများမှ ဂိမ်းထဲတွင် “Rock and Load” ကိုရွေးချယ်ပြီး Armored Vehicles, Super Weapon Crate နှင့် အခြားသော လက်နက်များကို ရယူနိုင်မည်ဖြစ်ကာ App Store နှင့် Google Play တို့တွင် Update ပြုလုပ်ကစားနိုင်မည်ဖြစ်သည်။
PUBG Mobile မှ လွန်ခဲ့သော တစ်နှစ်ခန့်က Payload Mode ကို စတင်မိတ်ဆက်ခဲ့ပြီး ယခင်က တစ်ခါမှ မပါဝင်ခဲ့ဖူးသော Features များကိုထည့်သွင်းထားကာ ကစားသူများကို တိုက်ခိုက်သည့်အခါ အသုံးပြုရန် နည်းလမ်းအသစ်များကို ထောက်ပံ့ပေးထားသည်။ ယခုအခါ အောက်တိုဘာလ ၉ ရက်နေ့က မိတ်ဆက်လိုက်သည့် Payload 2.0 တွင်မူ ကစားသူများအနေနှင့် ပိုမိုအားကောင်း၍ စွမ်းဆောင်ရည် မြင့်မားသော Vehicle များအပြင် ကြီးမားသော Firepower များကိုလည်းထည့်သွင်းပေးထားသည့်အတွက် ဂိမ်းကစားသူများအနေနှင့် စိတ်လှုပ်ရှားစရာကောင်းပြီး နည်းဗျူဟာကျစွာ ကစားနိုင်မည်ဖြစ်သည်။ ဂိမ်းထဲတွင် ပါဝင်သည့် လက်နက်များနှင့် Vehicals တို့မှာ−
လက်နက်တပ်ဆင်ထားသည့်ယာဉ်များ – PUBG MOBILE ၏ Classicမြေပုံများတွင် ပါဝင်သော ယာဉ်များဖြစ်သည့် UAZ၊ Dacia၊ Off-road Buggy နှင့် Pick-up truck များကို ကာကွယ်ပေးနိုင်သည့် လက်နက်များဖြင့် အင်အားဖြည့်ထားသည်။ ထိုနည်းတူ ကစားသမားများမှာ လက်နက်တပ်ဆင်ထားသော ဟယ်လီကော်ပတာနှင့် ကောင်းကင်ပေါ်တွင် မောင်းနှင် ပျံသန်းနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/PUBGMOBILE.MM.OFFICIAL

အင်အားကြီးလက်နက်များ – ကစားသမားများအတွက် ရန်သူများကို ထပ်ဆောင်းတိုက်ခိုက်စေနိုင်ရန် လေဆာပါဝင်သော ဒုံးကျည်အသစ်နှင့် သေနတ်ပြောင်း လေးခုပါဝင်သော လောင်ချာဒုံးကျည်တို့ကို အကောင်းဆုံးသော လက်နက်သေတ္တာ ထဲတွင် ထည့်သွင်းပေးထားသည်။
အထူး Tactical Gear – 30-second UAV Control Terminal ပါဝင်လာပြီး ဒုံးကျည်လက်နက်(၈) ခု ပါဝင်တပ်ဆင်ထား၍ အနီးနားရှိ ရန်သူများ၏ တည်နေရာကို ဖော်ပြပေးမည်ဖြစ်ကာ Man-Portable Radar မှ ရန်သူကားများ၏ တည်နေရာအချက်အလက်များကိုလည်း ပြသပေးမည်ဖြစ်သည်။
Bomb Suit – Lootable ဝတ်စုံအသစ်သည် ပေါက်ကွဲရာမှ ဖြစ်ပေါ်စေမည့် ထိခိုက်မှုများကိုသိသိသာသာလျှော့ချပေးရန် တပ်ဆင်နိုင်သည်။လျှို့ဝှက်အခန်းနှင့် အခြေစိုက်စခန်း – လျှို့ဝှက်အခန်းသည်  စစ်ပွဲအတွင်းနေရာအနှံ့တွင် ကျပန်း ပါဝင်လာမည် ဖြစ်ပြီး အထူးလက်နက်များ ပါဝင်သည်။ အခြေစိုက်စခန်းသည် ပွဲစဉ်တစ်ခု၏ အစတွင် ကစားသမားများမှ ကြီးမားလေးလံသော လက်နက်အမျိုးမျိုးနှင့်အင်အားကြီး ကိရိယာများ ရရှိပြီးမှသာ  အသက်ဝင်မည်ဖြစ်သည်။ ကစားသမားများအနေဖြင့် Advanced Communication Tower များမှ တစ်ဆင့် ကျရှုံးသွားသော အဖွဲ့ဝင်များကို တိုက်ပွဲထဲတွင်ပြန်လည်ရှင်သန်လာစေရန် ပြုလုပ်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/PUBGMOBILE.MM.OFFICIAL

PUBG MOBILE သည် Original Battle Royale ဂိမ်းအမျိုးအစားဖြစ်သော PlayerUnknown’s Battlegrounds ဟူသည့် PC ဂိမ်း၏ တရားဝင်မိုဘိုင်းဂိမ်း (MobileGame) တစ်ခုဖြစ်သည်။ လက်ရှိတွင် အာရှဒေသတွင်း၌  လူကြိုက်အများဆုံး ဂိမ်းတစ်ခုလည်းဖြစ်ပြီး ပွဲစဉ်တစ်ခုအတွင်း ကစားသမား အယောက်၁၀၀ အထိတစ်ပြိုင်နက် ဝင်ရောက်ကစားနိုင်သော ဂိမ်းတစ်ခုဖြစ်သည်။ PUBG MOBILE ဂိမ်းပုံစံသည် အဆင့်တက်တိုင်း တဖြည်းဖြည်း ကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသော လက်နက်များနှင့် ယာဉ်များကို အသုံးပြုကာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော ကစားသမားဖြစ်အောင် ကြိုး စားရမည်ဖြစ်ပြီး ထိုသို့နောက်ဆုံးကျန်ရစ်သူ သို့မဟုတ် အဖွဲ့သည် အနိုင်ရရှိခြင်းဖြစ်သည်။
PUBG MOBILE အကြောင်း ပိုမိုသိရှိလိုပါက Facebook, Twitter နှင့် YouTube တို့တွင်လေ့လာနိုင်သည်။