Covid-19 ကာလ မြန်မာနိုင်ငံတွင် အွန်လိုင်းဂိမ်းကစားသူ နှစ်သောင်းကျော်ခန့်တိုးလာကြောင်း PUBG MOBILE မှထုတ်ပြန်

ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် Covid-19 ဖြစ်ပွားမှုကြောင့် Stay Homeကာလတွေအတွင်းဂိမ်းကစားခြင်းနှင့် Esports Industry အပေါ် ပိုမိုစိတ်ဝင်စားမှုများဖြစ်ပေါ်လာခဲ့ပြီးမြန်မာနိုင်ငံတွင်လည်း Covid-19 ကာလအတွင်း PUBG MOBILE၊ DOTA 2၊ League of Legends စသည့် PC Game များ၊ MobileGame များကိုဆော့ကစားသူများပိုမိုများပြားလာမှုနှင့် အတူ Esports Industry အပေါ် စိတ်ဝင်စားမှုမှာလည်းတရှိန်ထိုးမြင့်မားလာခဲ့သည်။
PUBG MOBILE ၏ စစ်တမ်းများအရ Covid-19 ကာလအတွင်း မြန်မာနိုင်ငံတွင်အွန်လိုင်းဂိမ်းကစားသူဦးရေမှာ နှစ်သောင်းကျော်ခန့်ထိတိုးလာခဲ့ကာ Esports Industry တွင်လည်း နှစ်စဉ်နှစ်တိုင်း ၁၀၀ ရာခိုင်နှုန်းအထိ ဂိမ်းကစားသူများ တိုးတက်လာကြောင်း PUBG က လေ့လာတွေ့ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ Esports တွင် နေရာတစ်ခုအခိုင်အမာရရှိထားသော PUBG MOBILE (PlayerUnknown’s BattlegroundsMobile ဂိမ်းကစားသူများတွင် ယောက်ျားလေးများသာမကမိန်းကလေးများလည်း ပိုမိုပါဝင်လာကြပြီး မိန်းကလေး ၂၀ ရာခိုင်နှုန်းနှင့်ယောက်ျားလေး ၈၀ ရာခိုင်နှုန်းဝင်ရောက် ကစားခဲ့ကြသည်။ ထို့ပြင် Esports အသင်းများ လည်းအများအပြားပေါ်ပေါက်လာခဲ့ပြီးနောက်ဆုံးကျင်းပခဲ့သော PUBG Mibile Myanmar Championship ပြိင်ပွဲတွင် အသင်းပေါင်း ၁,၂၀၀ ကျော် စာရင်းပေးသွင်းခဲ့ကာရန်ကုန်မှ ၃၅ ရာခိုင်နှုန်း၊ မန္တလေးမှ ၂၅ ရာခိုင်နှုန်းနှင့် ကျန်ရာခိုင်နှုန်းများမှာအခြားမြို့များမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

Photo Source https://web.facebook.com/PUBGMOBILE.MM.OFFICIAL/

PUBG သည် မြန်မာနိုင်ငံ Gamer များအတွက် ဒေသတွင်းပြိင်ပွဲများသာမကနိုင်ငံတကာအထိတက်ရောက်နိုင်မည့် ပြိုင်ပွဲများလည်းကျင်းပပေးလျက်ရှိရာအရှေ့တောင်အာရှဒေသအတွင်း PUBG MOBILE ၏ အကြီးမားဆုံးနိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးများဖြစ်သည့် PMCO (PUBG MOBILE Club Opens) SEA Final ၊ PMPL (PUBG Mobile Pro League) စသည့် ပြိုင်ပွဲများတွင် အခြားနိုင်ငံလက်ရွေးစင် အသင်းများနှင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲများကျင်းပြုလုပ်ပေးလျက်ရှိသည်။
“မြန်မာနိုင်ငံကအသင်းတွေကဒီနှစ်တွေအတွင်းအရမ်းတိုးတက်လာတာကိုအားရဖွယ် မြင်တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံလက်‌‌ရွေးစင်အသင်းအတွက် ဒီနှစ်ကစပြီး SEA Qualifiers မှာ Direct Spot ကိုပေးသွားမှာပါ။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ဖို့ကို Professional Tournaments တွေကို ပါဝင်တက်လှမ်းနိုင်စေမယ့် အခြေခံပြိုင်ပွဲတွေလည်းအများကြီးကျင်းပပေးဖို့ အစီအစဉ် ရှိပါတယ်။ နိုင်ငံတကာအဆင့် ပွဲတွေမှာလည်းအရင်နှစ်တွေကလိုကောင်းမွန်တဲ့ ရလဒ်တွေရယူလာနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew Manugian က ပြောကြားသည်။
မြန်မာနိုင်ငံတွင် Esports ပြိုင်ပွဲများမှာအခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးသော်လည်း ပြည်တွင်းပြိုင်ပွဲများ ပိုမိုကျင်းပပေးကာအရည်အသွေးမြှင့်တင် လေ့ကျင့်ရင်းနိုင်ငံတကာအဆင့်အထိရောက်ရှိသည့် ကစားသမားများအတွက် Esports ကိုအလုပ်အကိုင် Career တစ်ခုအဖြစ် ရပ်တည်နိုင်လာမည်ပင်ဖြစ်သည်။ ထိုအခါ Team များ၊ အဖွဲ့အစည်းများလည်း ပိုမိုများပြားလာမှာဖြစ်ကာ Full-time ကစားသမားကိုလည်းပိုမိုမြင်တွေ့လာရဖွယ်ရှိနေသည်။
နိုင်ငံတကာတွင် လူကြိုက်အများဆုံး Esports ဂိမ်းတစ်ခုအဖြစ် ဦးဆောင်နေသော PUBG MOBILE သည် မြန်မာနိုင်ငံ Esports ဂိမ်းကဏ္ဍ၏ အလားအလာကောင်းသောတိုးတက်မှုများနှင့်အတူမြန်မာလူငယ် ကစားသမားများ၏ အရည်အချင်းကိုတွေ့မြင်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ Esports ဂိမ်းကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာနိုင်ငံတွင် Esports အသိုက်အဝန်းတစ်ခုအခိုင်အမာဖြစ်တည်လာရန်၊ မြန်မာလူငယ်ကစားသမားများ၏ အရည်အသွေးကိုပိုမိုမြှင့်တင်ပေးပြီး နိုင်ငံတကာအဆင့် ပြိုင်ပွဲများအထိခေါ်ဆောင်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာမြန်မာနိုင်ငံတွင် Online/Offline ဂိမ်းပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့လျက်ရှိသည်။

Photo Source https://web.facebook.com/PUBGMOBILE.MM.OFFICIAL/

PUBG MOBILE သည် Original Battle Royale ဂိမ်းအမျိုးအစားဖြစ်သောPlayerUnknown’s Battlegrounds ဟူသည့် PC ဂိမ်း၏တရားဝင် မိုဘိုင်းဂိမ်း(Mobile Game) တစ်ခုဖြစ်ပါသည်။ လက်ရှိတွင် အာရှဒေသတွင်း၌ လူကြိုက်အများဆုံး ဂိမ်းတစ်ခုလည်းဖြစ်ပြီးပွဲစဉ်တစ်ခုအတွင်းကစားသမားအယောက် ၁၀၀ အထိတပြိုင်နက် ဝင်ရောက်ကစားနိုင် သောဂိမ်းတစ်ခုဖြစ်ပါသည်။ PUBG MOBILE ဂိမ်းပုံစံသည် အဆင့်တက်တိုင်းတဖြည်းဖြည်း ကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသောလက်နက်များနှင့် ယာဉ်များကိုအသုံးပြုကာနောက်ဆုံးအသက် ရှင်ကျန်ရစ်သော ကစားသမားဖြစ်အောင်ကြိုးစားရမည် ဖြစ်ပြီးထိုသို့နောက်ဆုံးကျန်ရစ်သူသို့မဟုတ် အဖွဲ့သည် အနိုင်ရရှိခြင်းဖြစ်သည်။ PUBG MOBILE ဂိမ်းအကြောင်းကို PUBG MOBILE ၏ Facebook Page, YouTube Channel နှင့် Twitter စာမျက်နှာများတွင် လေ့လာနိုင်သည်။