မော်တော်ကားနည်းပညာပိုင်းဝါသနာပါသူတွေအတွက် Automotive Online သင်တန်းစတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရပါ တယ်။ ယခုအချိန်မှာ မော်တော်ကားနည်းပညာအွန်လိုင်းသင်တန်းကို သင်တန်းသား (၁၈၀) ကျော် ဝင်ရောက်လေ့ လာနေပါပြီဖြစ်ပြီး မော်တော်ကားနည်းပညာကို အခြေခံမှစ၍ အမြင့်ပိုင်းအထိ သင်ကြားပေးနေခြင်းလည်းဖြစ်ပါတယ်။
သင်ခန်းစာများကို ဗွီဒီယိုဖိုင်ပြုလုပ်ပြီး ဖေ့ဘုတ်ဂရုမှာ တင်ပေးတာဖြစ်ပါတယ်။ Live သင်တာမဟုတ်တဲ့အတွက် မိမိအားတဲ့အချိန်မှာ ဝင်ရောက်လေ့လာနိူင်မှာဖြစ်ပါတယ်။ သင်ခန်းစာများနှင့်ပါတ်သက်ပြီး နားမလည်ပါက မက်ဆေ့ဘောက် (သို့) ဖုန်းဆက်၍လည်းမေးမြန်းနိုင်မှာလည်းဖြစ်ပါတယ်။ သင်တန်းပြီးဆုံးသွားပါက သင်တန်းဂရုကို ဖျက်မှာမဟုတ်ဘဲ ရာသက်ပန်လေ့လာလို့ရမှာဖြစ်ပါတယ်။ သင်တန်းကိုလည်း အချိန်မရွေးတက်ရောက်နိုင်မှာဖြစ်ပါတယ်။
Photo Source https://www.facebook.com/khayantharlay88born/posts/1229076064160660
မော်တော်ကားနည်းပညာကိုလေ့လာသင်ယူနေသော သူများအတွက် ယခုလို ကိုဗစ်ကာလ လေ့လာချိန်ပိုမိုရရှိ သောအချိန်မှာ မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိသောအချိန်များကို အကျိုးရှိရှိ အသုံးချနိူင်စေရန်၊ သင့်တင့်သော ဈေးနှုန်းဖြင့် ရာသက်ပန်လေ့လာသင်ယူနိူင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ မော်တော်ကားပြုပြင်ရန်အတွက် လက်တွေ့မှာ အရမ်းအရေးကြီးသော်လည်း စာတွေ့သင်ယူတတ်မြောက်ထားပါက ပြစ်ချက်ရှာဖွေပြုပြင်ရာမှာ ပိုမိုလွယ်ကူစေပါတယ်။ အသက်အရွယ်အပိုင်းအခြားအကန့်အသတ်မရှိ၊ ပညာအရည်အချင်းကန့်သတ်ထားခြင်းမရှိ၊ လူဦးရေ ကန့်သတ်ထားခြင်း မရှိဘဲ မြန်မာလို သင်ပေးထားသော သင်ခန်းစာများကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
ပါဝင်တဲ့သင်ခန်းစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) (အခြေခံ + အဆင့်မြင့်) ဓါတ်ဆီ၊ ဒီဇယ်အင်ဂျင်နှင့်ပါတ်သက်သော သင်ခန်းစာများ(ချောဆီစနစ်၊ အအေးပေးစနစ်၊ ဆီပေးစနစ်၊ မီးပေးစနစ် စသည်)
(၂) EFI စနစ်နှင့်ပါတ်သက်သော သင်ခန်းစာများ
(၃) ဆင်ဆာများနှင့် အက်ကျူရေတာ သင်ခန်းစာများ
(၄) ဟိုက်ဘရိတ်စနစ်နှင့်ပါတ်သက်သော သင်ခန်းစာများ
(၅) ဂီယာဘောက်နှင့်ပါတ်သက်သော သင်ခန်းစာများ
(၆) အောက်ပိုင်း၊ စတီယာရင်တို့နှင့်ပါတ်သက်သော သင်ခန်းစာများ
(၇) ဘရိတ်၊ တာယာတို့နှင့်ပါတ်သက်သော သင်ခန်းစာများ
(၈) ကားအဲယားကွန်းနှင့်ပါတ်သက်သော သင်ခန်းစာများ
(၉) ကားလျှပ်စစ်အခြေခံနှင့်ပါတ်သက်သော သင်ခန်းစာများ
(၁၀) ကားဝါယာရိန်းနှင့်ပါတ်သက်သော သင်ခန်းစာများ
(၁၁) ကားဘက်ထရီနှင့်ပါတ်သက်သော သင်ခန်းစာများ
(၁၂) G Scan ဖြင့် ပြစ်ချက်ကုဒ်များနှင့် အချက်အလက်များ စစ်ဆေးခြင်းအပြင် တခြားသော မော်တော်ကားနည်းပညာ သင်ခန်းစာများစွာပါဝင်မှာဖြစ်ပါတယ်။
Photo Source https://www.facebook.com/khayantharlay88born/posts/1229076064160660
တစ်နှစ်စာခန့် များပြားစွာသော သင်ခန်းစာများကို သင်တန်းကြေး တကြိမ်ပေးသွင်းရုံဖြင့် ဖေ့ဘုတ်ဂရုမှာ ရာသက်ပန် (Life Time) သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်သူများအနေဖြင့် မော်တော်ကားနည်းပညာစာ (၁၀၀၀) ကျော်နှင့် မော်တော်ကားနည်းပညာဗွီဒီယို (၂၀၀၀) ကျော်ပါဝင်သော တယ်လီဂရမ် (Telegram) ဂရုကိုလည်း အခမဲ့ ဝင်ရောက်နိူင်မှာဖြစ်ပါတယ်။
သင်တန်းကြေးကတော့ ကျပ် ၂၅၀၀၀ နဲ့အပြီးအစီးဖြစ်သလို သင်တန်းကြေး အထူးအခွင့်အရေးတရပ်အနေဖြင့် Level One သင်တန်းတက်ရောက်ထားသူများအတွက် ၁၅၀၀၀ ကျပ်၊ Level Two သင်တန်းတက်ရောက်ထားသူများအတွက် ၁၀၀၀ ကျပ်၊ Level One & Level Two သင်တန်းတက်ရောက်ထားသူများအတွက် အခမဲ့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
သင်တန်းကြေး ကိုတော့ Wave Money (အကောင့်) 09449913571 ကို ပေးသွင်းနိုင်သလို KBZ Pay, AYA Mobile Banking တို့ဖြင့်လည်း ပေးသွင်းနိုင်မှာဖြစ်ပါတယ်။ အောက်ပါ Link တွင် စာရင်းပေးသွင်းနိုင်ပါတယ်။
https://www.facebook.com/khayantharlay88born/posts/1229076064160660