Structure 3D Modelling ကို Revit Software အသုံးပြုရေးဆွဲလိုသူများအတွက် Online Class ကို Alpha X Training Center မှ ဖွင့်လှစ်

Structure 3D modelling ကို Revit software အသုံးပြုပြီး ရေးဆွဲလိုသူများအတွက် Revit [Structure] (Online Class) ကို Alpha X Training Center မှ ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။ Revit software ကို အသုံးပြု၍ Structural 3D modelling ရေးဆွဲပုံများကို အခြေ ခံမှစ၍သင်ကြားပေးမည်ဖြစ်ပြီး exercise models များဖြင့် လေ့ကျင့်ပေးမည်ဖြစ်သည်။
အဆိုပါ သင်တန်းကိုတက်ရောက်သင့်သောသူများမှာ-
– BIM ကိုစတင်လေ့လာလိုသူများ
– Revit Structural Modelling ကို အခြေခံမှစ၍လေ့လာလိုသူများ။
– 3D modelling software တစ်ခုခုကို တတ်မြောက်ထားလိုသူများ။
– Engineering ကျောင်းသားကျောင်းသူများ လေ့လာနိုင်မည်လည်းဖြစ်သည်။

Photo Source https://www.facebook.com/alphaXcenter

အဆိုပါ သင်တန်းတွင် လေ့လာရမည့်အရာများမှာလည်း အောက်ပါအတိုင်းဖြစ်သည်။
– Software User Interface
– Structural Modelling
– Portal Frame Modelling
– Two story House Modelling
– High Rise Building Modelling
– Reinforcement
– Steel Connections
– Views and Annotations
– Schedules
– Material and Quantity Takeoff တို့ဖြစ်သည်။

Photo Source https://www.facebook.com/alphaXcenter

Sample models များဖြင့်ရေးဆွဲ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားများအတွက် အထိရောက်ဆုံးသင်ရိုးများ ဖြစ်အောင် ပြင်ဆင်ပေးထားသည်။ လိုအပ်သော Revit Software ကို သင်တန်း group တွင် download link ချပေးမည်ဖြစ်ပြီး install လုပ်ပေးသွားမည်ဖြစ်သည်။
သင်ကြားမှုပုံစံများမှာလည်း သင်တန်းသားများ အားလပ်သည့် အချိန်တွင် အဆင်ပြေပြေဖြင့်လေ့လာနိုင်ရန် Facebook Private Group ဖြင့်အပတ်စဉ် Video Record ပြုလုပ်ကာအဓိကထားပြီး သင်ကြားပေးသွားမည်ဖြစ်သည်။ ထို့အပြင် အချိန်မရွေးစာမေးနိုင်အောင်လည်းစီစဉ်ပေးထားမည်ဖြစ်သည်။ Facebook Group ကိုလည်း lifetime ထားပေးသွားမှာဖြစ် သည့် အတွက် အချိန်မရွေး ပြန်လည်လေ့လာနိုင်မည်ဖြစ်သည်။ Offline လေ့လာလိုသူများအတွက် လည်း သင်တန်း group တွင် အပတ်စဉ် lecture video download အတွက် စီစဉ်ပေးထားမည်ဖြစ်သည်။ သင်တန်းကြေးကိုလည်း အများအတွက် အဆင်ပြေစေရန် အသက်သာဆုံးဖြစ်အောင်စီစဉ်ပေးသွားမည်လည်းဖြစ်သည်။ သင်တန်းစုံစမ်းလိုပါက အောက်ပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/alphaXcenter