Content Creators၊ Photo Creators နှင့် Designer များအတွက်အသုံးဝင်လွန်းတဲ့ Free Resources Website (8) ခု Part 2

Content Creators၊ Photo Creators နှင့် Designer များအတွက်အသုံးဝင်လွန်းတဲ့ Free Resources Website များကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://www.videvo.net/stock-video-footage/

(၁) Videvo
Videvo ကတော့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ အခြားသောအရာများစွာ အတွက် free stock video တွေကို အကောင်းဆုံးမျှဝေပေးထားတဲ့ site တစ်ခုပဲဖြစ်ပါတယ်။ ရုပ်ထွက်လဲကောင်းရမယ် Creative ဖြစ်တဲ့ content တွေကိုလည်း ရချင်တယ်ဆိုတဲ့ လူတွေအတွက်ကတော့ Videvo ကသုံးရတာလွယ်ကူစေပါတယ်။
https://www.videvo.net/stock-video-footage/
(၂) Crello
Crello ကတော့ Canva လိုမျိုး Photo editing tool တစ်ခုပါပဲ။ ဒါပေမဲ့ Canva လောက်တော့သုံးရတာ အဆင်မပြေလှပါဘူး။ သူ့မှာလည်း social media platform ပေါင်းစုံအတွက် size မျိုးစုံနဲ့ design ပေါင်းစုံပါဝင်ပါတယ်။ တစ်ခုပြဿနာရှိတာကတော့ Crello မှာပုံကိုစိတ်ကြိုက်ပြင်ပြီး download လုပ်လိုက်ရင် size ကပုံမှန်ထက်သေးသွားပြီး ဝါးတားတားပုံတွေ ထွက်လာတတ်ပါတယ်။ဒါကတော့ အားနည်းချက်ပါ။ဒါပေမဲ့ မိမိတို့ရဲ့စီးပွားရေးတွေအတွက် ပုံတွေဖန်တီး ချင်တယ်ဆိုရင်တော့ Crelloကိုလည်း စမ်းတော့သုံးကြည့်စေချင်ပါတယ်။
https://crello.com/
(၃) Pencil
Pencil ကတော့အထူးတလည်မိတ်ဆက်ပေးနေစရာ မလိုလောက်အောင်ကို လူတိုင်းသုံးစွဲတဲ့ toolတစ်ခုပါ။ Open-source ဖြစ်တဲ့ အပြင်ပါဝင်နေတဲ့ features တစ်ခုခြင်းစီဟာလည်း အရမ်းကောင်းတဲ့အတွက် powerful tool တစ်ခုလို့ ခေါ်ဆိုကြ တာမမှားပါဘူး။web designတွေမှာ show ပြဖို့အတွက် ဒီဇိုင်းငယ်ပုံစံလေးတွေ prototypes တွေပြသဖို့ဆိုရင်တော့ Pencilကတကယ်သုံးရတာ စိတ်ချမ်းသာစေမှာဖြစ်ပါတယ်။ web,mobile,desktop application အကုန် Pencil မှာရပါတယ်platformsတော်တော်များများအတွက် ပြည့်စုံတဲ့toolကတော့ Pencil ပဲဖြစ်ပါတယ်။
https://pencil.evolus.vn/
(၄) Canva
၂၀၁၂ ခုနှစ်လောက်ကစတင်ခဲ့တဲ့ Canva ဆိုတာကတော့ Marketing အတွက် creative designs တွေဖန်တီးလို့ရမယ့် Photo Editing Toolတစ်ခုပဲဖြစ်ပါတယ်။ Canva ကိုSocial Media Postတွေကိုအကောင်းဆုံးဖန်တီးနိုင်ဖို့ ရည်ရွယ်ချက် နဲ့ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Social Media Designတွေကို ကျွမ်းကျင်လျှင်ကျွမ်းကျင်သလောက် အကောင်းဆုံး ဖန်တီးနိုင်မှာဖြစ်ပြီး အခြားသောDesignတွေ ကိုလည်းဖန်တီးနိုင်ပါသေးတယ်။ Android IOS အတွက်လဲ Canva Software ကိုအလွယ်တကူ download ရယူအသုံးပြုနိုင်ပြီး Website ကနေလဲ Google,Facebook Account တို့နဲ့ချိတ်ဆက် အသုံးပြုနိုင်ပါသေးတယ်။ Canva ဟာအလွန်အသုံးဝင်တဲ့ Image Resource တစ်ခုဆိုလဲမမှားပါဘူး။ Social Media Marketing လုပ်ဆောင်နေသူတစ်ဦးဆိုလျှင်တော့ Canva ကိုအသုံးပြုပြီးအကောင်းဆုံးနဲ့အသပ်ရပ်ဆုံး Images တွေကို ဖန်တီးပြီး Engagementsတွေတိုးများလာအောင်လုပ်ဆောင်လိုက်ပါ။
https://www.canva.com/

Photo Source https://www.remove.bg/

(၅) REMOVE.BG
ဒါကတော့ပုံတွေမှာ background ဖျောက်ချင်သူတွေအတွက် အလွန်ကိုမှ အသုံးတည့်လှတဲ့ toolတစ်ခုပဲဖြစ်ပါတယ်။ Web design tools တွေကို အသုံးပြုပြီး ဒီဇိုင်းတွေကို ရေးဆွဲဖန်တီး တဲ့အခါ background ဖျောက်မရတဲ့ ပြဿနာကို အဆိုပါ Remove.bg ဆိုတဲ့ tools လေးဟာအကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ Visual Contents တွေအတွက် နောက်ခံ background ကိုဖျောက်တဲ့ နေရာမှာအသုံးပြုရုံသာမက လိုအပ်တဲ့အပိုင်းကိုပဲဖျက်တာ restore ပြန်လုပ်တာစတာတွေကိုပါ အလွယ်တကူလုပ်ဆောင်နိုင်တဲ့ toolလေးတစ်ခုပဲဖြစ်ပါတယ်။
https://www.remove.bg/
(၆) Inkscape
Vector တွေဆွဲချင်လာပြီဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရ လွယ်ကူတာကို ညွှန်းပါဆိုရင် Inkscape ကို recommand ပေးပါတယ်။ Linux ကိုသုံးတဲ့သူဆိုရင်တော့ ပိုလို့တောင် မိုက်ပါသေးတယ်။ Software store ထဲဝင် search bar မှာ Inkscape လို့ရိုက်ရှာ install ဆိုတာကိုနှိပ် ပြီးရင် password ရိုက်ထည့်။ ဒါဆို Inkscape ကစက်ထဲရောက် လာမှာဖြစ်ပါတယ်။ quality ကောင်းတဲ့ vector graphics တွေlogo designတွေကို Inkscape နဲ့လေ့ကျင့်လို့ရပါတယ်။
https://inkscape.org/
(၇) Gravit Designer
full-featured ပါဝင်တဲ့ vector graphic design app တစ်ခုဖြစ်ပါတယ်။ platformsအစုံအတွက် run နိုင်တဲ့ အားသာချက်ရှိတဲ့ Gravit Designer ဟာ free version အသုံးပြုတဲ့သူတွေအတွက်တော့ 500MB သာ free ပေးထားပါတယ်။ 500MB ဆိုတာ တကယ်တမ်းဆို ခဏလေးနဲ့ပြည့်သွားနိုင်ပါတယ်။ ဒါပေမဲ့ vector တွေဟာ size နည်းတဲ့ အတွက် 500MB ဆိုတာ အချိန်အတော်ကြာအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
https://www.designer.io/
(၈) PIKTOCHART
လူတွေတော်တော်များများက စာတွေလိုက်ဖတ်နေရတာထက် တစ်ခါတည်းနဲ့မှတ်မိစေမယ့် အကြောင်းအရာလေးတွေကို ပိုမိုနှစ်သက်ကြပါတယ်။ ဥပမာ Infographics လိုဟာလေးတွေပေါ့။ ဒီလို Content လေးတွေကို မိမိတို့လုပ်ငန်းတွေအတွက် ဖန်တီးတင်ဆက်ပေးချင်တယ် ဆိုရင်တော့ Pikochart ဆိုတဲ့ tool လေးက တော်တော်လေး အဆင်ပြေစေပါ လိမ့်မယ်။ ဒါ့အပြင် လုပ်ငန်းအတွက် presentation ကောင်းကောင်းဖန်တီးချင်သူတွေ အတွက်လည်း အကြိုက်တွေ့စေမယ့် tool တစ်ခုပဲဖြစ်ပါတယ်။
https://piktochart.com/

Letter Source – APN Contents Creation