လှပသော 3D ဒီဇိုင်းချောမွေ့သောအသွင်နှင့် ချောမွတ်သောအထိအတွေ့များကြောင့် Oppo A54 စမတ်ဖုန်းက အသုံးပြုသူ များကြားရေပန်းစားလှသည်။ အဆင့်မြင့် အနက်ရောင်ကာဗာဒီဇိုင်းနှင့် 0.2mm ရှိသည့် ပါးလွှာသော အလယ်ဘောင်တို့ အတူပေါင်းစပ်ကာ လှပစွာထွင်းထုထားသော 3D ကိုယ်ထည်ရရှိအောင် ဖန်တီးထားသောကြောင့် လက်ဖဝါးပေါ်တွင် ချော မွေ့သော အထိအတွေ့ခံစားချက်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
OPPO A54 က နေ့စဉ်ဖုန်းအသုံးပြုသော အလေ့အထကို လေ့လာ၍ သဘာဝကျကျ လှုပ်ရှားမှုများအတိုင်း တုံ့ပြန်နိုင်အောင် ဆောင်ရွက်ပေးနိုင်သဖြင့် အားစိုက်စရာမလိုဘဲ ဖုန်းမျက်နှာပြင်ကို လော့ခ်ဖြည်ပေးနိုင်သည်။ မျက်နှာဖြင့် အသုံးပြုမှုအတွက် ဖုန်းအား တချက်ကြည့်ရုံနှင့် လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးသည်။
OPPO A54 တွင် အလွန်ကြီးမားသော 5000mAh ဘက်ထရီပါဝင်သောကြောင့် 19.9 နာရီကြာ အွန်လိုင်းဗီဒီယိုများကို အဆက်မပြတ် ကြည့်ရှုနိုင်ပြီး 41 နာရီကြာ သီချင်းများကို ခံစားနားဆင်နိုင်မည်ဖြစ်သည်။
Photo Source https://www.oppo.com/mm/
လုံလောက်သော ဘက်ထရီအားပမာဏက ဖုန်းပြောခြင်း၊ စာတိုပို့ခြင်း လုပ်ဆောင်မှုများကို စိတ်အေးချမ်းသာစွာဖြင့် လုပ် ဆောင်နိုင်စေမည်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းအထိ အားလျော့ကျသွားသည့်တိုင် ဘက်ထရီနည်းချိန်တွင် အသုံးပြုနိုင်သော Super Power Saving Mode က လုပ်ဆောင်ချက်များအားလုံးကို အဆက်ပြတ်မသွားစေရန် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ် သည်။
ညလုံးပေါက် အားသွင်းရာတွင် AI စနစ်သုံး ညဘက်အားသွင်းစနစ်ကြောင့် စိတ်အေးချမ်းသာစွာ အိပ်စက် အနားယူနိုင်မည်ဖြစ်သည်။ 80 ရာခိုင်နှုန်း အထိ ဖုန်းအားပြည့်ပါက ဖုန်းအားသွင်းခြင်းလုပ်ငန်းကို ခေတ္တရပ်တန့်ထားကာ အိပ်ယာမထမှီ အချိန်ကိုက်၍ ၁၀၀ ရာခိုင်နှုန်း အားပြည့်အောင် ပြန်လည်အားသွင်းပေးသည်။
App များ၊ ဗီဒီယိုများနှင့် ဓါတ်ပုံများကို အိတ်ကပ်ထဲထည့်ကာ သွားလေရာ သယ်ဆောင်သွားနိုင်စေရန် superb 128GB ROM ကို အသုံးပြုပေးထားသည်။ 2.3GHz octa-core processor ပါဝင်သည့်အတွက် ဂိမ်းကစားစဉ်အချိန်အတွင်း ဖုန်းပွင့်ချိန်၊ app တစ်ခုနှင့် တစ်ခု ပြောင်းလဲအသုံးပြုချိန်များ ပိုမိုမြန်ဆန်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ 16.55cm (6.51”) HD+ punch-hole မျက်နှာပြင်ပေါ်တွင် ဗီဒီယိုဇာတ်ကားကောင်းများအား ဖုန်းအနားစွန်းအထိ တောက်ပစိုပြေသော ရုပ်ထွက်နှင့်ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။
OPPO A54 တွင် smart Sunlight Screen နှင့် Moonlight Screen တို့ကို တပ်ဆင်ပေးထားသည့်အတွက် အလင်းရောင်ကို ကြည့်ရှုရအဆင်ပြေဆုံးအနေအထားရရှိအောင် အလိုအလျောက်ချိန်ညှိပေးနိုင်သည်။ မျက်လုံးအား သက်သောင့်သက်သာ ဖြစ်စေသော Eye Comfort Mode က မျက်လုံးကျန်းမာရေးအတွက် အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်။
OPPO A54 တွင် စွမ်းရည်မြင့်မားသော 16MP ကို တပ်ဆင်ပေးထားသောကြောင့် အလှဆုံးပုံရိပ်များကို ဖမ်းယူရိုက် ကူးနိုင်စွမ်းရှိပါသည်။ AI နည်းပညာသုံး နောက်ကင်မရာ ၃ လုံးဖြင့် ဓါတ်ပုံပညာစွမ်းရည်ကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ AI စနစ် အသုံးပြု၍ အသားအရောင်နှင့် ပါတ်ဝန်းကျင်အရောင်ကို ညီညာလှပအောင် အလိုအလျောက် ချိန်ညှိပေးနိုင်သည်။
OPPO A54 တွင် ပါဝင်သော ကိုယ်တိုင်ချိန်ညှိရသည့် Selfie ရိုက်ကူးမှုတွင် သဘာဝဆန်ဆန် ရိုက်ကူးခြင်း၊ ချစ်စဖွယ်လှပစွာရိုက်ကူးခြင်း စသည့် လုပ်ဆောင်ချက်များကို ထည့်သွင်းပေးထားပြီး ဆွဲဆောင်မှုအရှိဆုံးဖြစ်အောင် ရိုက်ကူးမှတ်တမ်းတင်ပေးမည်ဖြစ်သည်။
Photo Source https://www.oppo.com/mm/
2MP မိုက်ခရို မှန်ဘီလူးကို အသုံးပြု၍ Zoom ဆွဲကာစင်တီမီတာ အကွာအဝေးအတွင်း ကြည့်မြင်ရသကဲ့သို့ ရွန်းစို တောက်ပသော ရုပ်ထွက်ကို ရရှိအောင် အံ့သြဖွယ် ရိုက်ကူးပေးနိုင်သည်။ 2MP Bokeh camera ဖြင့် ရိုက်ကူး၍ နောက်ခံများကို သေသေသပ်သပ် ဝါးပေးခြင်းဖြင့် ပိုမိုပေါ်လွင်ထင်ရှားစေမည်ဖြစ်သည်။ AI ဖြင့် အဆင့်မြှင့်တင်ထားသော ရှေ့ကြည် နောက်ဝါးလုပ်ဆောင်ချက်တွင် နေ့ညအချိန်မရွေး ဆွဲဆောင်မှုအရှိဆုံးဖြစ်အောင် ရိုက်ကူးပေးနိုင်သည်။
ရေစိုခံ IPX4 အပါအဝင် စမ်းသပ်ခန်းအတွင်း စမ်းသပ်ထားသော လွတ်ကျဒဏ်ခံနိုင်ခြင်း၊ အပူချိန်အပြောင်းအလဲ ဒဏ်ခံနိုင် ခြင်းနှင့် အခြားသော စမ်းသပ်ချက်များကိုပါ ယုံကြည့်စိတ်ချရမှုအပြည့်ရှိစေရန် ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်သည်။ ColorOS 7.2 တွင် စမ်းသစ်တီထွင်မှုမြောက်များစွာ ပါဝင်သည့်အပြင် OPPO A54 ကိုလွယ်ကူစွာ အသုံးပြုနိုင်ရန် လုပ်ဆောင်ချက်များစွာကို ထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူ၏ လိုအပ်ချက်အလိုက် အလိုအလျောက်လုပ် ဆောင်ပေးသော ထူးခြားသည့် အတွေ့အကြုံကိုရရှိစေမည်ဖြစ်သည်။