Realme C21Y စမတ်ဖုန်းသည် စွမ်းအားမြင့်မားပြီး ကြာရှည်ခံသောဘက်ထရီက ဖုန်းအသုံးပြုသူရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝရရှိစေမှာလည်းဖြစ်ပါတယ်။ တစ်နေ့တာကြာရှည်စေရန်အတွက် ကြီးမားသည့် 5000mAh ဘက်ထရီနှင့်အတူ စွမ်းအားတွေပေးအပ်ထားမှာဖြစ်သည်။
ဖုန်းက အားတွေစတင်လျော့နည်းလာပြီဆိုလျှင် စိုးရိမ်မှုမရှိစေရန်အတွက် တာရှည်ခံစနစ်တစ်ခုကိုဖွင့်ပြီး App တွေကို ဆက်ပြီးသုံးနေနိုင်စေဦးမှာဖြစ်သည်။ ဒါ့အပြင် စွမ်းအားမြင့် AI စနစ်သုံး 13MP ကင်မရာ ၃ လုံးစနစ်က တောက်ပနေသည့်ကမ္ဘာကြီး၏အနုစိပ်တွေကို ဖမ်းယူပေးမှာဖြစ်သည်။ ပင်မ 13MP ကင်မရာက ပိုမိုပြတ်သား၊ ပိုမိုတောက်ပသည့် ဓာတ်ပုံများကို ရယူပေးနိုင်သလို 2MP Macro lens ကလည်း အနုစိပ်ကျသည့်အနီးကပ်ရိုက်ချက်များအတွက်ပြီးပြည့်စုံစေမှာဖြစ်သည်။ Landscape (မြင်ကွင်းကျယ်ပုံများ)၊ Portrait (အလှပုံများ)၊ Macro shot (အနီးကပ်ရိုက်ချက်များ) အတွက် ဖန်တီးဖြစ်နိုင်စွမ်းအားတွေက အကန့်အသတ်မဲ့ဖြစ်ပါ လိမ့်မည်။
Photo Source https://www.realme.com/mm/
အလင်းရောင်နည်းပါးသည့်ပတ်ဝန်းကျင်အခြေအနေမျိုးမှာပင် ညအလှအပကို ဖမ်းယူနိုင်စေရန် Super Nightscape mode (အလွန်ကောင်းမွန်သောညအမှောင်ရိုက်ချက်) ကိုဖွင့်ပေးရန်သာလိုအပ်မည်ဖြစ်သည်။ AI စနစ်ထောက်ပံ့ပေးထားသည့် စိုပြေတောက်ပသောအရောင်အားဖြည့်မှုစနစ် (Chroma Boost) က ပိုမိုကြွတက်စိုပြေသောအရောင်များနှင့်အတူ ဟန်ချက်ညီပြည့်စုံသည့်ဓာတ်ပုံများကို ထုတ်ပေးနိုင်စေမည်ဖြစ်သည်။
ကြီးမားသော HD+ ရုပ်ထွက်အရည်အသွေးရှိမျက်နှာပြင်က realme C21Y ဖုန်းကိုနှစ်သက်သဘောကျသွားစေမည့် နောက်ထပ်အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။ ဂိမ်းကစားနေစဉ် သို့မဟုတ် ဗွီဒီယိုကြည့်နေစဉ်အချိန်မျိုးတွင် Mini-Drop မြင်ကွင်းပြည့်မျက်နှာပြင်က ပိုမိုကြီးမားကျယ်ပြန့်သည့်အတွေ့အကြုံမျိုးကိုပေးစွမ်းစေနိုင်မည်ဖြစ်သည်။
Photo Source https://www.realme.com/mm/
realme စမတ်ဖုန်းတိုင်းသည် သေချာကျနသည့် အရည်အသွေးစမ်းသပ်စစ်ဆေးမှုများကို ဖြတ်သန်းခံယူထားခြင်းဖြစ်သည်။ realme C21Y စမတ်ဖုန်းကလည်း realme အနေဖြင့် နောက်ထပ်ခြေလှမ်းသစ်တစ်ရပ်ကိုလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ မိုဘိုင်ဖုန်းနယ်ပယ်တွင် စမတ်ဖုန်းအရည်အသွေးမြင့်မားစိတ်ချရမှုအာမခံချက်ဖြစ်သော TÜV Rheinland ၏ အသိအမှတ်ပြ မှုကိုရရှိထားသည်နှင့်အညီ realme C21Y က သုံးစွဲသူများအတွက် ပိုမိုကြာရှည်ခံသော စမတ်ကျသည့်ဘဝကို လွတ်လပ်စွာနှစ်သက်ခံစားနိုင်စေရန်လုပ်ဆောင်ပေးစေမည်ဖြစ်သည်။
ယုံကြည်စိတ်ချရသော လက်ဗွေဖတ်စနစ်က လိုအပ်သည့်အချိန်တိုင်း ဖုန်းကို မြန်ဆန်လုံခြုံစွာဖြင့် ဖွင့်ပေးစေမည်ဖြစ်သည်။ SIM ကဒ် ၂ကဒ်ထိုးစနစ်နှင့်အတူ 256GB အထိသိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်စေမည့် MicroSD ကဒ်တစ်ကဒ်တို့ကို အသုံးပြုနိုင်စေမည်ဖြစ်သည်။ ကြီးမားသောလိုင်းဖြတ်မျဉ်းပုံစံဒီဇိုင်းက ဖတ်ရှင်ကျနကာလက်တွေ့ဆန်မှုရှိစေမှာဖြစ်ပြီး အထူးသဖြင့် လက်ဗွေရာထင်ခြင်းမှကာကွယ်ပေးစေသလို မြင်သာထင်သာရှိမှုကိုပါပေးစွမ်းစေမှာဖြစ်သည်။