အခုနောက်ပိုင်း Online Shopping လုပ်ငန်းတွေ များပြားလာတာနဲ့အမျှ မြန်မာပြည်အနှံ့ Delivery Service လုပ်ငန်းတွေ လည်းများစွာပေါ်ပေါက်လာပါတယ်။ အခြား ပို့ဆောင်ရေးလုပ်ငန်းပိုင်းတွေအတွက်လည်း Delivery Service လုပ်ငန်းတွေ ကများစွာအထောက်အကူဖြစ်စေပါတယ်။ အဲ့ဒီအတွက်ကြောင့် အခုနောက်ပိုင်းအသစ်ထွက်ပေါ်လာခဲ့တဲ့ Delivery Service လုပ်ငန်းတွေ ကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။
Photo Source https://web.facebook.com/ayoutport/?ref=page_internal
(၁) ayoutport Delivery Service
အရောက်ပို့ရဲ့ ဒယ်လီဗရီဆားဗစ်မှာဆိုရင်တော့ Zone A ,Zone B , Zone C ဆိုပြီးသတ်မှတ်ထားပါတယ်။ ဂိတ်တင်၊ ဂိတ်ချ သက်ဆိုင်ရာ လမ်းကြောင်းအလိုက် ဈေးနှုန်းလေးတွေသတ်မှတ်ထားပါတယ်။ Zone A မှာ ပါဝင်တဲ့ မြို့နယ်တွေကတော့ 24 နာရီအတွင်း 5 ways နှင့်အထက်ဆိုရင် အိမ်တိုင်ရာရောက် ပစ္စည်းအခမဲ့ လာယူပေးပါတယ်။ Zone B မှာ ပါဝင်တဲ့ မြို့နယ်တွေကတော့ 48 နာရီအတွင်း 5 ways နှင့်အထက်ဆိုရင် အိမ်တိုင်ရာရောက် ပစ္စည်းအခမဲ့ လာယူပေးပါတယ်။Zone C မှာ ပါဝင်တဲ့ မြို့နယ်တွေကတော့ 72 နာရီအတွင်း 5 ways နှင့်အထက်ဆိုရင် အိမ်တိုင်ရာရောက် ပစ္စည်းအခမဲ့ လာယူပေးပါတယ်။ အသေးစိတ်ကို အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://web.facebook.com/ayoutport/?ref=page_internal
Photo Source https://web.facebook.com/flashdliveryservice
(၂) Flash Delivery Service
Flash Delivery Service ကတော့ ငွေကြိုရှင်းဆိုရင်တော့၅သောင်းအောက်ဆိုရင် ငွေကြိုရှင်းပေးပါတယ်။ ၅ သောင်းအထက် ဆိုရင်လည်း ပစ္စည်းပို့ပေးတာနဲ့ ချက်ခြင်းငွေရှင်းပေးပါတယ်။ အသေးစိတ်ကို အောက်ပါ Link မှာဝင်ရောက် လေ့လာနိုင်ပါတယ်။
https://web.facebook.com/flashdliveryservice
Photo Source https://web.facebook.com/Mr-Speedy-Delivery-Service-103122145448391
(၃) Mr.Speedy Delivery Service
Mr.Speedy Delivery Service ကတော့ ရန်ကုန်တစ်မြို့လုံး ဘယ်နေရာပဲပို့ပို့ (၁၅၀၀) ကျပ်ဖြစ်ပါတယ်။ Riders တွေရဲ့ Efforts တွေကိုပဲရမယ်လို့ အာမခံပါတယ်။ PickUp ကိုတော့ 3 Ways နဲ့အထက်ဆိုရင် အိမ်တိုင်ရာရောက်လာယူပေးပါတယ် 1 Way ဆိုရင်တော့ ရုံးကို ပို့ဆောင်ပေးလို့ရပါတယ်။ ပို့ဆောင်ပေးမယ့်ရက်က ၂ရက် ၃ ရက်အတွင်းမလို့ အစားအသောက်တွေကိုတော့ မပို့ပေးပါဘူး။ Online Shopping တွေ အတွက်က Mr Speedy Delivery Service က များစွာအသုံးဝင်ပါတယ်။ လိပ်စာကတော့ No.75-77 , Corner of Botahtaung lane (4) and 54th Street(Lower Block ) , 3rd Floor ဖြစ်ပါတယ်။ အောက်ပါ Link မှာ အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://web.facebook.com/Mr-Speedy-Delivery-Service-103122145448391