အသစ်ထွက်ရှိလာတဲ့ D-Mo Express Delivery ဝန်ဆောင်မှုအကြောင်း

Delivery လုပ်ငန်းနဲ့ မကင်းတဲ့အလုပ်ပိုင်ရှင်ဆိုရင် အကောင်းဆုံး Delivery Service တွေကို သိထားသင့်ပါတယ်။ အဲ့ဒီထဲမှာ D-Mo Express Delivery က အထူးဝန်ဆောင်မှုတွေနဲ့ တစ်သက်တာလည်ပတ်နေတဲ့ Delivery လုပ်ငန်းတစ်ခုမှာအပါအဝင်ပဲဖြစ်ပါတယ်။
မြို့တွင်း နေ့ချင်းပို့တဲ့နေရာမှာ D-Mo Express ဟာပိုနာမည်ကြီးပါတယ်။ D-Mo Delivery လုပ်ငန်းရဲ့ အဓိက အားသာချက်ကတော့ ပစ္စည်းအပ်ပြီးတာနဲ့ အိမ်တိုင်ရာရောက် ပစ္စည်းလာကောက်ပေးပြီး ၊ အထိအခိုက်မရှိ လှည့်ကြည့်စရာမလိုအောင် ဂရုတစိုက် တိကျသေချာစွာ ပို့ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။ အိမ်အရောက်၊ ရုံးအရောက် ပစ္စည်းလာယူပေးပြီး ၃ ခုအထက်ဆို (FREE) အခမဲ့ လာယူပေးပါတယ်။
အလေးချိန် 3kg ထိဆိုရင် FREE ဖြစ်ပါတယ်။ နောက်တိုး ၁ ကီလို ၅၀၀ ကျပ်ဖြစ်ပါတယ်။ ပစ္စည်းကောက်ယူခြင်း၊ ပစ္စည်းပို့ဆောင်ခြင်းကတော့ မနက် 9:00 မှ ညနေ 5:00PM အထိဖြစ်ပါတယ်။

Photo Source https://web.facebook.com/DMo2021Express

ပစ္စည်းပို့ဆောင်ပေးသောဈေးနှုန်းများကတော့ အောက်မှာဖော်ပြထားသည့်အတိုင်း မြို့နယ်အလိုက် လမ်းကြောင်းဈေးနှုန်း များကိုသက်မှတ်ထားသည့်အတိုင်းကောက်ခံပေးသွားမှာပါဖြစ်ပါတယ်။
မြို့ပြင်Way များဖြစ်တဲ့ မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြန့်၊ လှည်းကူး၊ သန်လျင် ပစ္စည်းများကိုတော့ ဗုဒ္ဓဟူးနေ့ နဲ့ စနေနေ့ များတွင် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ယခုဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် ပစ္စည်းပို့ဆောင်ချိန် အပြောင်းအလဲရှိနိုင်ပါတယ်။ ရန်ကုန်မြို့တွင်းဆို နေ့ချင်းအရောက်ပို့ပေးပါတယ်။
D-Mo Delivery Service မှ ဝန်ဆောင်မှုများကို ရန်ကုန်မြို့တွင်းသာမက တခြားသောနယ်မြို့နယ်များထိကို အိမ်အရောက် ဝန်ဆောင်မှုများရရှိနိုင်ပါတယ်။ ရရှိနိုင်သည့်မြို့နယ်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) မန္တလေး
(၂) နေပြည်တော်
(၃) လယ်ဝေး
(၄) ကလေး
(၅) ထားဝယ်
(၆) ကျိုက်လတ်
(၇) မြစ်ကြီးနား
(၈) ပြင်ဉီးလွင်
(၉) ဖျာပုံ
(၁၀) ပဲခူး
(၁၁) ရေး
(၁၂) ဟင်္သာတ
(၁၃) ပျဉ်းမနား
(၁၄) မုံရွာ
(၁၅) မကွေး
(၁၆) သထုံ
(၁၇) မိထီလာစသည့်မြို့နယ်များကို အိမ်အရောက်စနစ်ဖြင့်ပို့ဆောင်နိုင်ပါတယ်။ ပေးမို့မည့်လိပ်စာသည် ဖော်ပြထားသောမြို့ နယ်ဧရီယာပြင်ပဖစ်ပါက အိမ်အရောက်ဝန်ဆောင်မှုရရှိမှာမဟုတ်ပါဘူး။ ထိုမြို့နယ်များကို ပို့ဆောင်မည်ဆိုပါက ပစ္စည်းအလေးချိန်ကို 3kg ထိသတ်မှတ်ထားပီး 3kg ထက်ပိုသော ပစ္စည်းများကို ထပ်တိုး 1kg 1000ks ကျပ် ကောက်ခံမှာ ဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://web.facebook.com/DMo2021Express