Web Development ကို အခြေခံမှ စပြီးလေ့လာချင်သူတွေအတွက် AB Programming Training Center မှ Web Development Course အတန်းသစ် စွင့်လှစ်

ယနေ့ ခေတ်နည်းပညာလောကထဲမှာ လူငယ်တွေအနေနဲ့ကတော့ အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုအဖြစ် နည်းပညာ နဲ့သက်ဆိုင်တဲ့ ပညာရပ်တစ်ခုခုကို သင်ယူလေ့လာလာကြတာများပါတယ်။ အဲ့ဒီအထဲမှာလည်း Web Development ကလည်း သင်ယူသူ လူငယ်တွေကြားမှာ ပိုမိုရေပန်းစားလာတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ အချိန်ပေးနိုင်တဲ့ လူငယ် တွေကတော့ လက်တွေ့သွားရောက်သင်ကြားကြသလို အချိန်မပေးနိုင်တဲ့လူငယ်တွေကလည်း အွန်လိုင်းကနေ ထိထိ ရောက် ရောက်လေ့လာလို့ရမယ့်နည်းလမ်းတွေနဲ့ လေ့လာနေကြပါပြီ။ ဒါပေမဲ့လည်း ပညာရပ်တစ်ခုကို ကျွမ်းကျင်စွာ ပိုင်နိုင်စွာ တက်မြောက်ဖို့အတွက် အခြေခံကောင်းဖို့က အင်မတန်အရေးကြီးပါတယ်။ အဲ့ဒီအတွက်ကြောင့် အခြေခံကို နည်းစနစ်ကျကျသင်ယူရမှာပါ။
Web Development ကို အခြေခံကနေစပြီး ကျွမ်းကျင်သည်အထိသင်ကြားပေးတဲ့သင်တန်းကျောင်းတွေထဲမှာ AB Programming Training Center ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခုဆိုရင် Web Development ကို အခြေခံမှ စပြီးလေ့လာချင်သူတွေအတွက် AB Programming Training Center က Web Development Course – Weekend Class အတန်းသစ်ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
အဲ့ဒီသင်တန်းဟာ ဂျပန် နည်းပညာ ITကုမ္ပဏီ Aluto Benli Company က ဖွင့်လှစ်သင်ကြားပေးတဲ့ AB Programming Training Center သင်တန်းကျောင်းမှ အခြေခံကနေစပြီး တတ်မြောက်သည်အထိ တာဝန်ယူသင်ကြားပေးနေတဲ့ သင်တန်း တစ်ခုဖြစ်ပါတယ်။

Photo Source https://web.facebook.com/1162853453750018/posts/4837739249594735/?_rdc=1&_rdr

Frontend Development ဖြစ်တဲ့ Web Foundation Course + Backend Development ဖြစ်တဲ့ PHP Web Development Course နှစ်မျိုးလုံးကို ပေါင်းပြီး Web Development Full Courseအနေနဲ့ သင်ရမယ့် အတန်းပါတစ်ခုလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ (သို့) နိုင်ငံခြားမှာ Web Developer အနေနဲ့ အလုပ်လုပ်ချင်သူများ၊ ပြည်တွင်းရှိ Outsourcing ရေးပေးတဲ့ ဂျပန်ကုမ္ပဏီများနဲ့ IT Companyများမှာ Web Developer ၊ Web Designer အနေနဲ့ လုပ်ငန်းခွင်ဝင်လိုသူများ၊ Web Development လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများ၊ Web Development ကိုအခြေခံမှစပြီး တတ်မြောက်လိုသူများ၊ Web Developer အဖြစ်ရပ်တည်လိုချင်သူများ၊ PHP web developmentအပိုင်းကို စနစ်တကျ သင်ယူချင်သူများ၊ PHP ကို အသုံးပြု၍ ကိုယ်ပိုင် Website, Online shopping websiteရေးဆွဲချင်သူများအနေနဲ့ မဖြစ်မနေ တက်ရောက်သင့်တဲ့ Web Development Course တစ်ခုပဲဖြစ်ပါတယ်။
သင်တန်းကိုတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက်(စနေနေ့) မှာစတင်မှာဖြစ်ပါတယ်။
Web Development Full Course မှာ သင်ကြားမည့်ဘာသာရပ်များမှာလည်း အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Web Foundation (HTML, CSS, Javascript, JQuery, Bootstrap)
(၂) Website တစ်ခုအတွက်အခြေခံအကျဆုံး ဖြစ်သော HTML
(၃) Website တစ်ခုကို ပိုပြီးလှပတင့်တယ်စေမဲ့ CSS
(၄) Website တစ်ခုရဲ့ action အလုပ်တွေကိုလုပ်ဆောင်ပေးတဲ့ Javascript
(၅) Responsive web design တွေကိုဖန်တီးပေးနိုင်မယ့် HTML5 and CSS3
(၆) Web design responsive frameworkဖြစ်တဲ့ bootstrap
(၇) World wide web အကြောင်း
(၈) Dynamic website အကြောင်း
(၉) PHP Web Development
(၁၀) PHP Environment & Operations & Syntax
(၁၁) Database Technology-MySQL (Real World တွင် မဖြစ်မနေ အသုံးဝင်မည့်ဘာသာရပ်)
(၁၂) OOP Concept (Programmerလု်ပမည့်သူများအတွက် မရှိမဖြစ်သိထားရမည့်ဘာသာရပ်)
(၁၃) SQL Query
(၁၄) JQuery
(၁၅) Laravel Framework (Framework introduction) စတာတွေပဲဖြစ်ပါတယ်။
ကွန်ပျူတာအခြေခံသုံးတတ်ရုံဖြင့် Programming အခြေခံမရှိသူများလဲ တက်ရောက်နိုင်တဲ့အတန်းတစ်ခုဖြစ်ပြီး Basic to Advance အခြေခံမှစ၍ လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ၊ ကိုယ်တိုင်Website၊ Design၊ Project တစ်ခုရေးဆွဲဖန်တီးနိုင်တဲ့အထိ Trainပေး သင်ကြားပေးမယ့် Web Development Course တစ်ခုဖြစ်ပါတယ်။ Frontend Development ဖြစ်ပြီး Web Foundation, Web Design အပါအဝင် backend Development ဖြစ်တဲ့ PHP ပါ သင်ယူရမယ့် WEB DEVELOPMENT Course အတန်းသစ်တစ်ခုဖြစ်ပါတယ်။
Overseas ထွက်ပြီး Developerအနေနဲ့ အလုပ်လုပ်ဖို့ရည်ရွယ်ထားသူများ၊ Web Developerအနေနဲ့ လုပ်ငန်းခွင်ဝင် လိုသူများ၊ Web Developingလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊ Web designer အဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊ ကိုယ်ပိုင်Websiteရေးဆွဲလိုသူများ၊ Website တစ်ခုကိုကိုယ်တိုင်designရေးဆွဲပြီး ကိုယ်တိုင်ဖန်တီးချင်သူများ၊ Website ကို design လှပသေသပ်စွာဖြင့်ဆွဲတတ်လိုသူများ ၊ PHP web development အပိုင်းကို စနစ်တကျ သင်ယူချင်သူများ၊ PHP ကို အသုံးပြု၍ ကိုယ်ပိုင် Website, Online shopping website ရေးဆွဲချင်သူများအတွက် မဖြစ်မနေ တက်ကို တက်ရောက်သင့်တဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။

Photo Source https://web.facebook.com/1162853453750018/posts/4837739249594735/?_rdc=1&_rdr

သင်တန်းကို ပထမဦးဆုံး စာရင်းသွင်းသူ (၃)ဦးက discount 20000 ကျပ် ထပ်ရမှာဖြစ်ပြီး သင်တန်းကြေး ၁၃၀,၀၀၀ ကျပ်နဲ့ပဲ တက်ရောက်နိုင်တဲ့ အခွင့်အရေးလည်း ရရှိမှာဖြစ်ပါတယ်။ ဇန်နဝါရီလ (29) ရက်နေ့ အတန်းသစ် စပါမည်။ သင်တန်းချိန် ၁ပတ်/၂ရက် (Saturday, Sunday)ဖြစ်ပြီး သင်တန်းချိန် – ( 6:00 PM ~ 8:00 PM ) ဖြစ်ပါတယ်။
သင်တန်းကာလကတော့ 4.5 months (80 Hrs) ကြာမြင့်မှာဖြစ်ပြီး ဆရာကိုယ်တိုင် Zoom နဲ့ Live Face to Face သင်ကြားပေးတဲ့အတန်းတစ်ခုဖြစ်ပါတယ်။ သင်တန်းကြေးကတော့150,000 ကျပ် ဖြစ်ပါတယ်။
ပုံမှန် inclass သင်တန်းကြေး 300,000 ကျပ်ကို အခုကာလ ခက်ခဲနေကြတဲ့အချိန်ဖြစ်တဲ့အတွက် နည်းပညာ ကိုလေ့လာလိုသူများ၊ အနာဂတ်မှာ လုပ်ငန်းခွင်ဝင်ကြမယ့်လူငယ်များအတွက် အဆင်ပြေလွယ်ကူစွာ တက်ရောက်နိုင် စေရန် သင်တန်းကြေးကို အသက်သာဆုံးဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။ online payment ဖြင့်လည်း လက်ခံပေးသွား မှာဖြစ်ပါတယ်။
Zoom Liveနဲ့ သင်ကြားတာဖြစ်လို့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့ လူဦးရေ အများကြီးလက်မခံထားပါဘူး။ လူဦးရေ အကန့်အသတ်နဲ့ပဲသင်မှာဖြစ်ပါတယ်။ online class ဖြစ်ပေမယ့်လည်း သတ်မှတ်ထားတဲ့ သင်ကြားချိန်ပြည့်မှီပါက AB Programming Training Centerရဲ့ Certificate ရရှိမှာဖြစ်ပါတယ်။ သင်တန်းသားအများအနေနဲ့ သင်ပြီးသားသင်ခန်းစာတွေကို ပြန်လည်ကြည့်ရှုနိုင်ဖို့လဲ Video Recording Fileတွေ စီစဉ်ထားပါတယ်။ သင်တန်းကို joinဖို့ Zoom software ကို မသုံးတတ်သူများအတွက်လည်း သင်တန်းက သုံးပုံသုံးနည်းပြောပြပေးပြီးမှ သင်တန်းစမှာဖြစ်ပါတယ်။
စုံစမ်းမေးမြန်းရန်နှင့် သင်တန်းအပ်နှံလိုပါက ဖုန်း 09- 759 646 802 သို့ ဖုန်းဆက်၍ဖြစ်စေ၊ Page Messengerမှ ဖြစ်စေ ဆက်သွယ်အကြောင်းကြား၍ Wave Pay, KBZ Pay, AYA, CB စသည့် payment များဖြင့် သင်တန်းအပ်နှံနိုင်ပါတယ်။
သင်တန်းလိပ်စာနှင့်ဖုန်းနံပါတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
No.77, Room 2B, Dhammazedi Road, Myaynigone,
Sanchaung Township
Phone : 09- 759 646 802