ရေပန်းစားလူကြိုက်များနေတဲ့ OPPO Reno13 Series ကို ဖေဖော်ဝါရီလအတွင်း ဝယ်ယူအားပေးမဲ့ အားပေးသူတွေအတွက် အထူး “February Surprise” အစီအစဉ်
ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ OPPO က ဇန်နဝါရီလ ၂၂ ရက်နေ့က Full-scene AI Imagine Master လို့ အမည်တွင်တဲ့ OPPO Reno13 Series မှ OPPO Reno13 5G ကို ၂,၂၉၉,၉၀၀ ကျပ်ဖြင့် သော်လည်းကောင်း ၊ OPPO Reno13 F ကို ၁,၃၉၉,၉၀၀ ကျပ်ဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ တရားဝင်စတင်မိတ်ဆက်ခဲ့ပါတယ်။ IP69 Dust and Water Resistance ပါဝင်မှုကြောင့် ရေစိုရေစိမ်ခံနိုင်တဲ့ အပြင် ဈေးနှုန်းတူ စမတ်ဖုန်းများအကြား ပထမဦးဆုံး Underwater Photography Mode ပါရှိလာတဲ့ OPPO Reno13 Series ဟာ လက်ရှိမှာ ဝယ်ယူသူတွေအကြား ရေပန်းစားနေသလို ဝယ်ယူမှုအားကောင်းတဲ့ စမတ်ဖုန်းထုတ်ကုန် Series အဖြစ် တည်ရှိနေပြီဖြစ်ပါတယ်။ အားပေးသူတွေနဲ့ စိတ်ဝင်စားသူတွေ များပြားလာတဲ့ OPPO Reno13 Series ကို ဝယ်ယူဖို့ စိတ်ဝင်စားနေသူတွေနဲ့ ဝယ်ယူအားပေးမဲ့သူတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ OPPO Reno13 Series ကို ဝယ်ယူမယ်ဆိုပါက “February Surprise” ဆိုတဲ့ အစီအစဉ်အဖြစ် After Sales Service (VIP Card)၊ Karaoke Set အစရှိတဲ့ အထူးလက်ဆောင်တွေအပြင် OPPO ထုတ်ကုန်တွေကို ဝယ်ယူထားဖူးသူ Customer အဟောင်းများအနေနဲ့ OPPO Reno13 Series ကို ထပ်မံဝယ်ယူပါက သီးသန့်ခံစားခွင့် အနေနဲ့ မှန်ကွဲ လဲလှယ်နိုင်ခွင့် ၂ ဆ နဲ့အတူ အခြားသောအခွင့်အရေးများကို အထူးလက်ဆောင်တွေအနေနဲ့ ပေးအပ် သွားမှာဖြစ်ပါတယ်။
IP69 နဲ့အတူ ဈေးတန်တူ စမတ်ဖုန်း များအကြား တစ်ခုတည်းသော ရေအောက်ဓာတ်ပုံရိုက်ကူးနိုင်တဲ့ OPPO Reno13 Series
OPPO Reno13 Series မှာ Flagship Level အဆင့်ရှိတဲ့ ရေစိုရေစိမ်ခံနိုင်မှု IP66 ၊ IP68 ၊ IP69 Water and Dust Resistance အဆင့်သတ်မှတ်ချက် တစ်ဆင့်ချင်းစီ ပါဝင်လာတဲ့အတွက် ရေအောက် အနက် ၂ မီတာမှာ မိနစ် ၃၀ ခန့် ရေစိမ်ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်သာမက ဈေးတန်းတူ စမတ်ဖုန်းများအကြား ပထမဦးဆုံး Caseless ဖုန်းအဖြစ် ရေစိမ်ပြီး ရေအောက်မှာ ဓာတ်ပုံ နှင့် ဗီဒီယိုများ ရိုက်ကူးနိုင်မဲ့ Underwater Photography Mode နဲ့အတူ ရေစိမ်တဲ့အခါ ဝင်သွားတဲ့ ရေတွေကို တစ်ချက်တည်းနှိပ်လိုက်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း ပြန်လည် စစ်ထုတ်ပေးနိုင်မဲ့ Drainage Feature တို့ကလဲ OPPO Reno13 Series ကို Full-scene AI Imaging Master လို့ ခေါ်တွင်နိုင်လောက်အောင် ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ OPPO Reno13 Series မှာ ပါရှိလာတဲ့ Underwater Photography Mode ကြောင့် ပိုပြီးဆန်းသစ်တဲ့ ရေအောက်ဓာတ်ပုံရိုက်ကူးခြင်းနည်းပညာကို ပြင်ပက အသုံးပြုရတဲ့ ရေစိုခံအိတ်တွေ သို့မဟုတ် ဆက်စပ်ပစ္စည်းများ မလိုအပ်ဘဲ ဓာတ်ပုံ နဲ့ ဗီဒီယိုပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
Image: OPPO
သာမန်ထက် ပိုမိုအားကောင်းတဲ့ ထိပ်တန်း လိုင်းဆွဲအား ကွန်ရက်ကမ္ဘာကို ဖန်တီးပေးနိုင်မဲ့ OPPO Reno13 Series
သုံးစွဲသူတွေအနေနဲ့ သာမန်ဆိုရင် လိုင်းဆွဲအား ပြတ်တောက်မှုတွေအတွက် စိတ်ပူနေရပေမဲ့လဲ OPPO Reno13 Series နဲ့ဆိုရင် ကွန်ရက်ဆက်သွယ်မှု ပြတ်တောက်မှုတွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ OPPO Reno13 Series မှာ ယခင် က ရှိထားပြီးသား AI LinkBoost ကို AI LinkBoost 2.0 ဗားရှင်းအဖြစ် အဆင့်မြှင့်တင်ထားတာကြောင့် သုံးစွဲသူတွေအတွက် အကောင်းဆုံး လိုင်းဆွဲအားကွန်ယက်ကို OPPO Reno13 Series နဲ့အတူ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno13 မှာ ကိုယ်ပိုင် SignalBoost X1 Chipset နဲ့အတူ 360-degree Annular-Antenna ၁၁ ခု ပါရှိမှုကြောင့် လူရှုပ်တဲ့နေရာတွေနဲ့ လိုင်းဆွဲအား အဆမတန် ကျဆင်းနေတဲ့ နေရာ နဲ့ အခြေအနေတွေမှာတောင် လိုင်းဆွဲအားပြတ်တောက်မှု မဖြစ်ရလေအောင် အမြန်ဆုံးချိတ်ဆက်ပေးနိုင်တဲ့အတွက် တခြားသူတွေထက် ကွန်ရက်စွမ်းဆောင်ရည် ကောင်းမွန်နေမှာဖြစ်ပါတယ်။ OPPO Reno13 Series မှာ ပါရှိလာတဲ့ AI HyperBoost နဲ့ ထပ်မံ အဆင့်မြှင့်တင်ထားတဲ့ AI LinkBoost2.0 တွေပါရှိလာတဲ့အပြင် သုံးစွဲသူတွေအတွက် ခက်ခဲတဲ့နေရာနဲ့ အခြေအနေတွေမှာတောင် ခိုင်မာတဲ့ ချိတ်ဆက်မှု ရှိစေနိုင်ဖို့အတွက် မိမိတို့ရဲ့ ဖုန်းကို အကောင်းဆုံး ကွန်ရက်အနေအထားရောက်အောင် ဘယ်လိုထားရှိရမယ်ဆိုတာကို လမ်းညွှန်ပေးနိုင်တဲ့ Wi-Fi Positioning လုပ်ဆောင်ချက် ပါရှိပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ OPPO Reno13 Series နဲ့ဆိုရင် သာမန်ထက်ကို ပိုမိုကောင်းမွန်တဲ့ အွန်လိုင်းဂိမ်းကစားခြင်း၊ တိုက်ရိုက်ကြည့်ရှုခြင်းနှင့် ဖိုင်မျှဝေခြင်းတို့ကို ယခင်ထက် ပိုပြီး ပတ်ဝန်းကျင်မှာ အနှောင့်အယှက်မရှိဘဲ ချောမွေ့မြန်ဆန်စေမှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno13 Series တစ်ခုလုံးဟာ TÜV Rheinland High Network-Performance Certificate အသိအမှတ်ပြုလက်မှတ်ကိုပါ ထပ်မံ ရရှိထားတာဖြစ်ပါတယ်။
ရေအောက်မှာ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးမှုတွေအတွက် ပိုပြီး ထူးချွန်ပြောင်မြောက်တဲ့ လက်ရာတွေ ပေးစွမ်းနိုင်သလို ဆက်သွယ်ရေးအတွက် အထူးကောင်းမွန်စေနိုင်တဲ့ OPPO Reno13 Series ကို ဝယ်ယူမဲ့ Customer တွေအနေနဲ့ “February Surprise” အစီအစဉ် နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက OPPO Myanmar Official Facebook Page – https://tinyurl.com/bddusjp8 ၊ Website – https://shorturl.at/wpkL2 ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။