၂၀၂၄ ခုနှစ်မှာ ဘယ်လို AI အမျိုးအစားတွေပေါ်ပေါက်လာနိုင်မလဲ

ကုန်ဆုံးတော့မယ့် ၂၀၂၃ ခုနှစ်မှာ Artificial Intelligence (AI) တွေဟာ လူသားတွေရဲ့ နေ့စဉ်ဘဝထဲ အတော်လေးဝင်ရောက်လာတာကို သတိထားမိကြမယ်လို့ ထင်ပါတယ်။ Latest Data တွေအရ UK နိုင်ငံရဲ့ အသက် ၁၃ ကနေ ၁၇ နှစ်အရွယ် အင်တာနက်အသုံးပြုတဲ့ ကလေး (၅) ယောက်မှာ (၄) ယောက်က Generative AI Tools နဲ့ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။

AI တွေ ပုံစံအမျိုးမျိုးနဲ့စတင်ပေါ်ပေါက်လာချိန်တုန်းကတော့ လူတော်တော်များများက ဒီ Tools တွေနဲ့ ပက်သက်ပြီး စပ်စုချင်စိတ်၊ သိလိုစိတ်ကြောင့် အသုံးပြုကြပေမယ့် အခုအချိန်မှာတော့ စာလုပ်တာပဲ ဖြစ်ဖြစ်၊ အကြံဉာဏ် တောင်းတာပဲဖြစ်ဖြစ်၊ အချက်အလက်တွေရှာဖွေတာပဲဖြစ်ဖြစ် အကြောင်းအရာ အမျိုးမျိုး အတွက် အသုံးပြုနိုင်သလို Coding ရေးတာ၊ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အသံဖိုင်တွေပြုလုပ်တာမှာလည်း အသုံးပြုနိုင်တာကြောင့် နေ့စဉ်ဘဝထဲကို AI တွေက တစ်စတစ်စ ဝင်ရောက်လာနေတာလည်း ဖြစ်ပါတယ်။

An AI-generated image showing an underwater civilisation.

Including the prompt “Unreal” generates an image that looks like game concept art.(Supplied: PromptHero)

ဒါကြောင့် Prompt Whisperers ဒါမှမဟုတ် Prompt Engineer တွေဟာ အကောင်းဆုံး AI Prompt တွေကို ဖန်တီးရုံတင်မကပါဘူး၊ မတူညီတဲ့ AI Service တွေပေါ်မှာ ဘယ်လိုအံ့ဩစရာကောင်းတဲ့ Output တွေကို ဖန်တီးမလဲဆိုတဲ့ Guide တွေကိုမကြာမကြာ Sharing လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာတင် နည်းပညာကုမ္ပဏီကြီးတွေကနေ ChatGPT, Gemini, Copilot စတဲ့ AI တွေအပြင် တခြားကုမ္ပဏီတွေရဲ့ AI မျိုးစုံကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ AI နည်းပညာတွေဟာ ပုံစံတစ်မျိုးစီနဲ့ လိုက်မမှီနိုင်အောင််ရှုထောင့်မျိုးစုံကနေ တိုးတက်လာနေတဲ့အတွက် မကြာခင်ရောက်ရှိတော့မယ့် ၂၀၂၄ ခုနှစ်မှာ ဘယ်လို AI နည်းပညာတွေ ပေါ်ပေါက်ပြောင်းလဲလာမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

AI နည်းပညာတွေအလျင်အမြန်တိုးတက်လာနေတဲ့အတွက် AI ကျွမ်းကျင်သူနဲ့ နည်းပညာရှင်တွေဟာ ၂၀၂၄ ခုနှစ်ကို AI နည်းပညာအတွက် “အရမ်းအရေးပါတဲ့ကာလ” ဖြစ်မယ်လို့ ခန့်မှန်းထား ကြပါတယ်။ ဒါ့အပြင် AI နည်းပညာတွေဟာ အခုလောက်ထိ မြန်မြန်ဆန်ဆန် Adopt ဖြစ်ခဲ့တာမျိုးမရှိပေမယ့် Generative AI တွေဟာ Massive Revolution တစ်ခုအထိဖြစ်လာပြီး မြန်မြန်ဆန်ဆန် Develop ဖြစ်နေတယ် လို့လည်း ပြောကြထားပါသေးတယ်။

An AI-generated "space opera" scene

One of Jason Allen’s other entries at the Colorado State Fair Fine Arts Competition.(Supplied: Jason Allen)

၂၀၂၄ ခုနှစ်အတွက် အဓိကစိတ်ဝင်စားမှုအများဆုံး ရရှိထားတာကတော့ “၂၀၂၄ ခုနှစ်မှာ Emotionally Intelligent ဖြစ်တဲ့ Next Generation AI တစ်ခု ပေါ်လာမလား” ဆိုတဲ့ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီလို နည်းပညာတွေကလည်း ပညာရှင်တွေရဲ့ research, development funding, training programing တွေနဲ့ တခြား Investment တွေပေါ်မူတည်မှာ ဖြစ်သလို ထွက်ရှိပြီးသားဖြစ်တဲ့ Generative AI တွေကို အပျော်ပဲဖြစ်ဖြစ်၊ ကျောင်းအတွက်၊ အလုပ်အတွက် ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ပဲသုံးသုံး ဒီလိုနည်းပညာတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုတွေအပြင် ဂရုတစ်ိုက်နဲ့ သတိထားအသုံးပြုနေဖို့ကတော့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။