“Small chip. Giant leap.” ဆိုတဲ့ Apple ရဲ့ M1 Chip

M1 Chip ဆိုတာကတော့ Apple ရဲ့ Mac တွေအတွက် သီးသန့်အနေနဲ့ ထုတ်လုပ်ထားတဲ့ ပထမဆုံး chip ပဲဖြစ်ပါတယ်။ Apple Silicon လို့ခေါ်တဲ့ Apple ရဲ့ Processor အသစ်တစ်ခုဖြစ်ပြီးတော့  MacBook Air, MacBook Pro 13″ နဲ့ Mac mini တို့မှာ စတင်ပါဝင်လာမှာ ဖြစ်ပါတယ်။ Mac တွေမှာ ပုံမှန်အသုံးပြုနေကျ Intel Processor တွေ အစား ကိုယ်ပိုင် Apple Silicon Processor တွေကို ပြောင်းလဲ အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။ ပထမ‌ဆုံး Apple Silicon ဖြစ်တဲ့ M1 Chip မှာ အလျင်မြန်ဆုံး Performance နဲ့ အကောင်းဆုံး Power Efficiency တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

Photo source https://www.apple.com/mac/m1/

အရင်ကဆိုရင် Mac တစ်လုံးအတွက် လုပ်ဆောင်ချက်ပေါင်းစုံလုပ်နိုင်ဖို့ Processor, I/O, Security နဲ့  Memory တွေအတွက် Chip  တွေ အများကြီး အသုံးပြုပေးရပါတယ်။ M1 Chip မှာတော့ ဒါတွေအားလုံးက System on a Chip (SoC) အနေနဲ့ တစ်စုတစ်စည်း တည်း ပါဝင်ပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေ၊ Performance တွေလည်း ရရှိဦးမှာ ဖြစ်ပါတယ်။ Unified Memory အပါအဝင် System တစ်ခုလုံးကို M1 Chip မှာ စုစည်း ထည့်သွင်းထားခြင်းက Performance နဲ့ Efficiency အထူး ကောင်းမွန် လာစေတဲ့ အကြောင်းရင်း တစ်ချက် ဖြစ်ပါတယ်။

(၃.၅) ဆ ပိုမြန်တဲ့ 8-core CPU မှာ စွမ်းဆောင်ရည်မြင့် High-performance Core (၄) ခုနဲ့ ပါဝါစားသက်သာပြီး ပါဝါ (၁၀) ပုံ (၁) ပုံသာ လိုအပ်တဲ့ High-efficiency Core (၄) ခု ပါဝင်ပါတယ်။ ကမ္ဘာ့အမြန်ဆုံး Integrated Graphics ဖြစ်သလို၊ (၆) ဆ အထိ ပိုမြန်တဲ့ Graphics Performance ကိုလည်း ရရှိနိုင်မှာပါ။ သာမန် ရုံးအလုပ်တွေက စလို့ Photo/Video Editing အထိ အမြင့်ဆုံး Performance ကို ပါဝါစား အသက်သာဆုံးနဲ့ လုပ်ဆောင်နိုင်တာကြောင့် Battery Life လည်း အများကြီး ပိုကောင်းလာပါတယ်။ Image Processing နဲ့ Multi-stream 4K Video Playback အပြင် 3D Scene တွေကိုပါ ချောမွေ့မြန်ဆန်စွာ Edit လုပ်နိုင်မယ့် Apple ရဲ့ အဆင့်အမြင့်ဆုံး GPU လည်း ဖြစ်ပါတယ်။ အရင်က CPU performance တွေနဲ့ ယှဉ်လိုက်တဲ့အခါမှာလည်း M1 Chip က 2x ပိုပြီး မြန်ဆန်နေဦးမှာ ဖြစ်ပါတယ်။

AI နဲ့ Machine Learning အတွက် 16-core Neural Engine, Machine Learning Accelerators နဲ့ စွမ်းဆောင်ရည်မြင့် GPU ပါဝင်တဲ့ M1 Chip မှာ ML Performance (၁၅) ဆ အထိ ပိုမြန်ပါတယ်။ တစ်စက္ကန့်မှာ တွက်ချက်မှုပေါင်း 11 Trillion အထိ ပြုလုပ်နိုင်တဲ့ 16-core Neural Engine နဲ့အတူ CPU နဲ့ GPU တို့ကိုလည်း Machine Learning အတွက် Optimize ပြုလုပ်ထားပါသေးတယ်။

Photo source https://www.apple.com/mac/m1/

Hardware နဲ့ Software ကို အကောင်းဆုံး ပေါင်းစပ်နိုင်တဲ့ Apple က macOS Big Sur ကိုလည်း M1 Chip ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနိုင်အောင် Optimize ပြုလုပ်ထားပါတယ်။ M1 အတွက် Optimize လုပ်ထားတဲ့ Apps တွေမှာ အကောင်းဆုံး Performance ရရှိမယ့်အပြင် Intel အတွက် ဖန်တီးထားတဲ့ Apps တွေကိုလည်း ချောချောမွေ့မွေ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

M1 Chip ရဲ့ ARM Architecture က iPhone / iPad တွေရဲ့ A-Series Chip တွေနဲ့ တူညီလို့ iPhone / iPad အတွက် ထုတ်ထားတဲ့ Apps / Games တွေကို Mac မှာလည်း တိုက်ရိုက် အသုံးပြုနိုင်မှာပါ။ နောက် (၂) နှစ် အတွင်း MacBook, iMac, Mac mini နဲ့ Mac Pro တို့ ပါဝင်တဲ့ Mac Lineup တစ်ခုလုံးမှာ Apple Silicon ကို ပြောင်းလဲ အသုံးပြုသွားမယ်လို့ Apple က ကြေညာထားပါတယ်။

ဒီလို ပြောင်းလဲမှုမှာ ပထမဆုံး ပွဲဦးထွက်လာခဲ့တဲ့ M1 Chip ကတော့ “Small chip. Giant leap.” ဆိုတဲ့ခေါင်းစဉ်အတိုင်း Performance နဲ့ Efficiency အတွက် နာမည်ကောင်းတွေ ရရှိနေပြီး လူစိတ်ဝင်စားမှုလည်း အရမ်းမြင့်တက်နေပါတယ်။