iOS 15 Update မှာပါဝင်တဲ့ အသုံးဝင်သော Feature များ

iOS အသုံးပြုသူတွေအတွက် အသစ်အသစ်သော Feature တွေပါဝင်တဲ့ iOS 15 ကို iPhone 6s, iPhone 6s Plus, iPhone SE (Original Model), iPod Touch (Seventh-generation), iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus, iPhone X, iPhone XR, iPhone Xs, iPhone Xs Max, iPhone 11, iPhone 11 Pro, iPhone 11 Pro Max, iPhone SE (2020), iPhone 12 Mini, iPhone 12, iPhone 12 Pro နဲ့ iPhone 12 Pro Max တွေမှာ Update ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ Update ပြုလုပ်ဖို့ အတွက် Setting >> General >> Software Update ထဲ ဝင်ပြီးတော့ Upgrade to iOS 15 ဆိုတာကို နှိပ်လိုက်ရုံနဲ့ Upgrade ပြုလုပ်ပေးမှာပါ။ Update ပြုလုပ်ပြီးရင်တော့ ဖုန်းကို restart ချဖို့ လိုအပ်ပါတယ်။ 

Photo Source https://www.apple.com/ios/ios-15/

iOS 15 Update တွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးတစ်ခုကတော့ FaceTime ဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့ သူတွေ ကိုယ့်သူငယ်ချင်းတွေနဲ့ ရုပ်ရှင်တွေ TV Shows တွေကိုတူတူကြည့်နိုင်သလို သီချင်းတွေလည်းတူတူ နားထောင်နိုင်ပါသေးတယ်။ FaceTime မှာကိုယ့်ရဲ့ Web Page တွေ၊ Apps တွေကိုလည်း Screen Share အနေနဲ့မျှဝေနိုင်ပါတယ်။ ကင်မရာကနေ Portrait Mode ကိုရိုက်ကူးသလိုပဲ FaceTime မှာလည်း နောက်ခံကိုဝါးပေးနိုင်တဲ့ Portrait Mode ကိုအသုံးပြုနိုင်မှာပါ။

Update မှာနောက်ထပ် ပါဝင်တဲ့လုပ်ဆောင်ချက်တစ်ခုကတော့ Focus Mode ဖြစ်ပါတယ်။ အလုပ်ချိန်တွေ၊ ကိုယ်အနားယူနေတဲ့အချိန်တွေ၊ အိပ်ချိန်၊ ဂိမ်းဆော့ချိန်၊ စာဖတ်ချိန်နဲ့ ကားမောင်းတဲ့ အချိန်တွေမျိုးမှာ သေသေချာချာ အာရုံစိုက်ထားနိုင်ဖို့အတွက် Do Not Disturb ကိုဖွင့်ထားလိုက်တာနဲ့ ကိုယ်လုပ်နေတဲ့ အရာတစ်ခုပေါ် မူတည်ပြီး ပေါ်လာမယ့် Notification တွေကိုကန့်သတ်ပေးမှာ ဖြစ်ပါတယ်။ Focus Mode အတွက် Custom Focus Mode ကိုလည်းပြုလုပ်နိုင်ပြီး Icon တွေရွေးချယ်တာ နာမည်ပြန်ပေးတာတွေ လုပ်နိုင်ပါတယ်။ iOS ရဲ့ Device တစ်ခုမှာ Focus Mode ကိုသုံးထားတာနဲ့ တစ်ခြား Device တွေမှာလည်း အသုံးပြုပြီးသား ဖြစ်နေမှာပါ။

iOS 15 မှာ Notification တွေကိုအသစ်ပြန်လည်ရေးဆွဲထားပါတယ်။ ကိုယ့်ဆီစာတွေရောက်လာတာမျိုးကိုလည်း ပေးပို့တဲ့သူကိုသိနိုင်အောင် နာမည်အပြင် သူတို့ရဲ့ပုံကိုပါ ဖော်ပြပေးမှာပါ။ App တွေက Notification ကိုလည်း နာရီအလိုက်ဖြစ်ဖြစ် ရက်အလိုက်ဖြစ်ဖြစ် Mute လုပ်ထားနိုင်ပါတယ်။ 

Photo Source https://www.apple.com/ios/ios-15/

Safari ကိုလည်း Tab Bar Function တွေထည့်သွင်းပေးထားပါတယ်။ Tab တစ်ခုနဲ့တစ်ခု ပြောင်းရလွယ်အောင် ပြုလုပ်ပေးထားသလို Tab တွေအားလုံးကို Group အနေနဲ့ဖွဲ့ထားနိုင်ပါသေးတယ်။ Tab Group ကို Across Device အနေနဲ့လည်း သုံးလို့ရတာဖြစ်တဲ့အတွက် ကိုယ်ဘယ်နေရာပဲရောက်ရောက် ဒီ Tab တွေကို ဝင်ကြည့်လို့ ရနေမှာပါ။ Search Bar က Microphone ပုံကိုနှိပ်ပြီးတော့ အသံနဲ့လည်း ရှာချင်တဲ့အရာကို ရှာနိုင်မှာဖြစ်ပါတယ်။ Mac တွေမှာလိုပဲ Safari Extension တွေကို iPhone မှာ Install ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

Live Text Feature ကိုလည်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံမှာ ပါဝင်တဲ့ အချက်အလက်တွေဖြစ်တဲ့ ဖုန်းနံပါတ်တွေ၊ အီးမေးလ်လိပ်စာတွေ၊ လမ်းညွှန်ချက်တွေကို တစ်ချက်နှိပ်လိုက်တာနဲ့ Highlight ဖြစ်သွားမှာ ဖြစ်ပါတယ်။ Highlight ဖြစ်သွားတာနဲ့ Copy ကူးလိုက်တာ၊ Translate လုပ်လိုက်တာတွေအပြင် Safari နဲ့တစ်ခြားနေရာတွေမှာ ရှာဖွေလိုက်တာ ဖုန်းခေါ်တာ၊ မေးလ်ပို့တာတွေကို ပြုလုပ်နိုင်ပါတယ်။