အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ရောင်းအားတိုးမြှင့်ရေးလမ်းညွှန်ချက်များ Visa ထုတ်ပြန်

အားလပ်ရက်ဈေးဝယ်ရာသီ နီးကပ်လာခြင်းနှင့်အတူ အသေးစားစီးပွားရေး လုပ်ငန်းများသည်လည်း နှစ်တစ်နှစ်၏ အကြီးမား ဆုံး ဈေးဝယ်ရာသီဖြစ်သည့်အတွက် ရောင်းအားတိုးမြှင့်ရေးလမ်းညွှန်ချက်စစ်တမ်းများကို Visa မှထုတ်ပြန်ထားကြောင်း သိရသည်။
Visa မှ “Back to Business Study, Holiday Edition” စစ်တမ်းကောက်ယူခဲ့ရာတွင် ပါဝင်ဖြေကြားသူ ၈၈ ရာခိုင်နှုန်းသည် ကူးစက်ရောဂါဖြစ်ပွားနေသော ကာလဖြစ်သော်လည်း လက်ဆောင်ပစ္စည်းများ ဝယ်ယူရန်နှင့် လက်ဆောင်ပေးရန် စီစဉ် နေကြဆဲဖြစ်သည်ဟု ဖြေဆိုခဲ့ကြသောကြောင့် သုံးစွဲသူများအနေနဲ့ နှစ်ကုန် အားလပ်ရက် ကာလအတွက် ဈေးဝယ်ရန် အဆင်သင့် ဖြစ်နေကြောင်း တွေ့ရှိရသည်။ အသေးစား စီးပွားရေးလုပ်ငန်းအများစု (၆၀ ရာခိုင်နှုန်း) သည်လည်း ၎င်းတို့၏ လုပ်ငန်းအတွက် အခြေခံ လိုအပ်ချက်များ ပြောင်းလဲခြင်း၊ ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းခြင်းနှင့် အလုပ်ချိန်နာရီ တိုးမြှင့်ခြင်း စသဖြင့် အကြီးဆုံး ဈေးဝယ်ရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဟု ဖြေဆိုကြခဲ့သည်။
Visa ၏ လေ့လာတွေ့ရှိချက်အရ COVID-19 ကြောင့် အောက်ဖော်ပြပါ အချက် ၅ ချက်သည် အရှိန်အဟုန်ဖြင့် တိုးတတ် လာသည်။ အသေးစား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဤတွေ့ရှိချက်များကို ကိုးကား၍ ဒစ်ဂျစ်တယ်စနစ်ကို သေချာ အသုံးပြုခြင်းဖြင့် ဝယ်ယူသူ အသစ်များထံသို့ ပိုမိုလက်လှမ်းနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/VisaMM
(၁) E-commerce “In Real Life”
COVID-19 ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသွားအလာ ကန့်သတ် လိုက်ခြင်းက သမားရိုးကျ e-commerce လုပ်ငန်းများကို တဟုန်ထိုး မြှင့်တက်စေခဲ့ရုံသာမက (Click and Collect ဟူသော ကြိုတင်မှာယူထားပြီး ပစ္စည်းများကို ဆိုင်အတွင်းသို့ ဝင်ရန် မလိုဘဲ ကားပေါ်မှပင် ရယူနိုင်ခြင်း) ပုံစံကိုပါ မြှင့်တက်စေခဲ့သည့် အတွက် အွန်လိုင်း၊ မိုဘိုင်းနှင့် လူကိုယ်တိုင်ဝယ်ယူမှုများကြား မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ သည်။ Visa Back to Business Holiday လေ့လာမှုအရ COVID-19 အတွင်း e-commerce ကို ပိုမိုအသုံးပြုခဲ့ကြသော ဈေးဝယ်သူ ၅၉ ရာခိုင်နှုန်းက အားလပ်ရက်အတွက် ဈေးဝယ်တဲ့အခါလည်း အွန်လိုင်းမှ တစ်ဆင့် ဆက်လက်ဝယ်ယူကြမည်ဟု ဖြေကြားထားသော်လည်း ဈေးဝယ်သူအများစုအနေဖြင့် လူကိုယ်တိုင် ဝယ်ယူလိုကြသေးကြောင်း တွေ့ရှိရသည်။ ဤပြောင်းလဲမှုကို လုပ်ငန်းရှင်ကြီးများ သာမက ဘားများ၊ စားသောက်ဆိုင်များနှင့် လုပ်ငန်း ငယ်များ အားလုံး လျင်မြန်စွာ လက်ခံခဲ့ကြသည်။
သို့သော် ဈေးဝယ်သူများ၏ ထက်ဝက်နီးပါး (၄၈ ရာခိုင်နှုန်း) သည် ၎င်းတို့၏ ဈေးဝယ်ခြင်း အများစုကို လူကိုယ်တိုင်ပြုလုပ်ရန် စီစဉ်နေဆဲဖြစ်သည်။
(၂) ခေတ်စားလာသည့် လူမှုကွန်ရက် ရောင်းဝယ်မှုများ
လူမှုကွန်ရက် ရောင်းဝယ်မှုများနှင့် WeChat ကဲ့သို့သော အသေးစား အက်ပလီကေးရှင်းများသည် အာရှဈေးကွက်များတွင် နေရာယူနေပြီး အနောက်ပိုင်းနိုင်ငံ များသို့လည်း အလျင်အမြန် ထိုးဖောက်ဝင်ရောက်နေသည်။ ၎င်းတို့သည် လူမှုကွန်ယက် ဆက်သွယ်ပြောဆိုမှုများ ကို အဆင်ပြေချောမွေ့ စေသည့်အပြင် ဈေးဝယ်လို့ရအောင်လည်း ချိတ်ဆက်ပေးသည့်အတွက် သုံးစွဲသူများအနေဖြင့် အက်ပလီကေးရှင်းသုံးရင်း တစ်ပြိုင်နက် ပစ္စည်းများ ဝယ်ယူနိုင်မည်ဖြစ်သည်။
ခန့်မှန်းချက်များအရ ယခုအားလပ်ရက်ရာသီအတွင်း မိုဘိုင်းဖုန်းမှ တစ်ဆင့် မှာယူမှုများ၏ ၁၀ ရာခိုင်နှုန်းကျော်သည် လူမှုကွန်ရက်များမှ ဖြစ်နိုင်သည်။ ဖြေဆိုမှုတွင် Gen Z ၆၆ ရာခိုင်နှုန်းသည် ကူးစက်ရောဂါကာလအတွင်း အဆိုပါ ပုံစံဖြင့် ဈေးဝယ်ယူခဲ့ကြကြောင်း တွေ့ရသည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ သို့မဟုတ် “SMBs” လုပ်ငန်းများ၏ လေးပုံတစ်ပုံကျော် (၂၈ ရာခိုင်နှုန်း) သည် စားသုံသူအသစ်များသို့ ရောက်ရှိရန် ဆိုရှယ်မီဒီယာ ကြော်ငြာများ ပြုလုပ်ခဲ့ကြ သည်ဟု Visa Back to Business အစီရင်ခံစာအရ သိရသည်။

Photo Source https://web.facebook.com/VisaMM
(၃) ငွေပေးချေမှုနည်းလမ်းများအနက် Contactless စနစ်က ထူးခြားကွဲထွက်နေ
Visa Back to Business လေ့လာမှုတွင် သုံးစွဲသူ ၇၈ ရာခိုင်နှုန်းသည် COVID-19 ကာလအတွင်း ဒစ်ဂျစ်တယ် ကူးသန်းရောင်းဝယ်ရေးနှင့် Contactless ငွေပေးချေမှုများ ကဲ့သို့သော နည်းပညာများကို ပိုလုံခြုံစိတ်ချရစေရန် ပြောင်းလဲအသုံးပြုခဲ့ကြောင်း ဖြေကြားထားသည်။ ငွေပေးချေရန် အဆင်ပြေမှု၊ လျင်မြန်မှုနှင့် လုံခြုံမှုတို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် သမားရိုးကျ နည်းလမ်းများထက် Contactless ငွေပေးချေမှုကို ပို၍လူကြိုက်များကာ အသုံးပြုလာကြပြီဖြစ်သည်။ ထို့ကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေး (SMBs) လုပ်ငန်းများသည်လည်း အသုံးပြုရလွယ်ကူသော ဝယ်ယူမှုနှင့် ငွေပေးချေမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်ရန် အလေးထား ဆောင်ရွက်သင့်သည်။ ကမ္ဘာတစ်ဝှမ်းလုံးမှ ဈေးဝယ်သူများ၏ သုံးပုံနှစ်ပုံနီးပါးသည် Contactless နည်းလမ်းများဖြင့် ငွေပေးချေနိုင်သည့် စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှုများကို ပြောင်းလဲအသုံးပြုသွားလိမ့်မည်ဟု ခန့်မှန်းထားသည်။
(၄) Gift Card များနှင့် Kits များကို လူကြိုက်များလာ
Back to Business Holiday Study အရ ဈေးဝယ်သူများသည် Digital Gift Card များကို အရင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၃၂ ရာခိုင်နှုန်း ပိုမိုလက်ဆောင်ပေးနိုင်ခြေရှိပြီး လက်မှတ်များ၊ လှုပ်ရှားမှုများနှင့် ခရီးသွားခြင်းများ ကဲ့သို့သော အတွေ့အကြုံများအတွက် ၁၉ ရာခိုင်နှုန်းနှင့် ဒစ်ဂျစ်တယ် ဖျော်ဖြေရေးများ အတွက် ၁၈ ရာခိုင်နှုန်း ပိုမိုပေးနိုင်ခြေ အသီးသီးရှိကြသည်။ လုပ်ငန်းချဲ့ထွင်ရန် စိတ်ကူးရှိသော လက်လီရောင်းချသူများသည် ကန့်သတ်ချက်များ ပိုမိုများလာမည့် ဆောင်းရာသီအတွက် ပိုမို ကောင်းမွန်စွာ ပြင်ဆင်နိုင်မည့် အခွင့်အရေးရမည်ဖြစ်သည်။

Photo Source https://web.facebook.com/VisaMM
(၅) လုံခြုံရေးကို သေချာဂရုစိုက်ဖို့ လိုအပ်
ကပ်ရောဂါမတိုင်ခင်က စီပွားရေးလုပ်ငန်းကြီးများနှင့် အဖွဲ့အစည်းကြီးများ ထံမှသာ မသမာသူများ လိမ်လည်ခိုးယူရန် ကြိုးစားနိုင်သည်ဟု လွယ်လွယ်ကူကူ ယူဆခဲ့ကြသည်။ တကယ်ကမူ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းအများစုသည် လုံခြုံစွာ ကာကွယ်ထားခြင်း မရှိကြောင်းကို မသမာသူများ သိရှိသွားကြပြီး Card Testing ကဲ့သို့သော ငွေကြေးလိမ်လည်မှုများအတွက် ပစ်မှတ်ထားလာကြသည်။ စီးပွားရေး လုပ်ငန်းများ အနေဖြင့် COVID-19 က ယူဆောင်လာသော အပြောင်းအလဲများအကြား ငွေကြေးဆိုင်ရာ ပြသာနာများကို ကိုင်တွယ် ဖြေရှင်းပုံကို ပြန်လည် ဆန်းစစ်ရန်လိုအပ်လာသည်။ လက်လီရောင်းချသူများအနေဖြင့် အထူးသဖြင့် Online မှဝယ်ယူမှုများ များပြားလာနိုင်သည့် အားလပ်ရက်ရာသီရောင်းချမှုများတွင် ဈေးဝယ်သူများကို ချောမွေ့သော ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ငွေကြေးလိမ်လည်မှုကို ဖြေရှင်းရန် မဟာဗျူဟာကိုလည်း ပြင်ဆင်ထားသင့်သည်။ စီးပွားရေးလုပ်ငန်းများအတွက် အလုပ် ဖြစ်နိုင်သော ဖြေရှင်းချက်တစ်ခုမှာ အသုံးပြုရလွယ်ကူသော ငွေကြေးလိမ်လည်မှုဖမ်းသည့်ကိရိယာများကို အသုံးပြုခြင်းပင် ဖြစ်သည်။ ငွေပေးချေ၍မရခြင်းများ (Decline) နှင့် ငွေကြေးလိမ်လည်ခိုးယူမှုများ (Fraudulent Transaction) ကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင်လုပ်ရန်နှင့် Authorization Rate အား တိုးမြှင့်ပုံကို နားလည်ရန် ငွေပေးချေ ဝန်ဆောင်မှု လုပ်ငန်းများနှင့်အတူ လုပ်ဆောင်သင့်သည်ဟူ၍ ထုတ်ပြန်ထားသည်။