Apple Event တွင်မိတ်ဆက်ခဲ့သော Apple Product များ

Apple အနေနဲ့ September 14 ရက်နေ့မှာ iPhone 13 နဲ့တစ်ခြား Apple Product အသစ်တွေကို Online Event နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ iPad နဲ့ iPad Mini ကိုမိတ်ဆက်ပေးထားပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ iPad 9th Gen မှာတော့ A13 Bionic Processor ကို အသုံးပြု ပေးထားတဲ့အတွက် အသုံးပြုရတာက CPU, GPU နဲ့ Machine Learning ပိုင်းတွေမှာ 20%  ပိုပြီး မြန်ဆန်နေမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းကိုလည်း Video Call တွေအတွက် ပိုကောင်းအောင် ပြုလုပ်ထားပေး ပါသေးတယ်။  Screen Content ကို အခန်းအပူချိန်အရောင်နဲ့ ချိန်ညှိပေးနိုင်တဲ့ True Tone Display Technology ကိုအသုံးပြုလို့ရမှာြဖစ်ပါတယ်။ Silver နဲ့ Space Grey ဆိုပြီး အရောင်နှစ်ရောင် မှာယူရရှိနိုင်မှာပါ။

Photo Source https://bit.ly/3Aoixfq

iPad Mini 6 ကိုတော့ All Screen Design နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Flat-edged sides တွေနဲ့ Power ခလုတ်မှာတော့ Touch ID အတွက် Built-in fingerprint scanner ထည့်သွင်းပေးထားပါတယ်။ USB-C ကို အသုံးပြုပေးထားပြီးတော့ 2nd Generation Apple Pencil နဲ့လည်း အသုံးပြုလို့ရမှာပါ။ A15 Bionic Processor ကိုအသုံးပြုပေးထားတဲ့အပြင် 6-core CPU က Performance ပိုင်းမှာ 40% နဲ့ 5-core GPU က Graphics Performance မှာ 80% ပိုပြီး မြန်ဆန်စေမှာဖြစ်ပါတယ်။ Purple, Pink, Starlight နဲ့ Space Grey အရောင်တွေရရှိနိုင်ပါတယ်။ 

Photo Source https://bit.ly/3Aoixfq

Apple Watch Series 7 ကတော့ အထက်ကထပ်အရွယ်အစားကြီးသလိုဖြစ်ပြီးတော့ အနားဘောင်တွေကို 1.7mm ထိသေးထားတဲ့အတွက် အသုံးပြုရတာက 20% ပိုပြီးကျယ်နေမှာ ဖြစ်ပါတယ်။ အားသွင်းတဲ့နေရာမှာလည်း 33% ပိုပြီးမြန်ဆန်နေမှာပါ။ လုပ်ဆောင်ချက်တွေ ပိုပြီး မြန်ဆန်စေဖို့အတွက် S7 Chip ကိုထည့်သွင်းအသုံးပြုပေးထားပါတယ်။ IP6X ကို အသုံးပြုပေးထားတဲ့ အတွက် ပိုပြီးတော့ ရေစိုခံ ဖုန်ဒဏ်လည်းခံနိုင်မှာ ဖြစ်ပါတယ်။ 

Photo Source https://bit.ly/3Aoixfq

iPhone 13, iPhone 13 mini, iPhone 13 Pro, iPhone 13 Pro Max တွေပါဝင်တဲ့ iPhone 13 Lineup ကိုလည်းမိတ်ဆက်ပေးခဲ့ပါသေးတယ်။ Design ပိုင်းမှာသိပ်ပြီးပြောင်းလဲသွားတာမျိုးမရှိပေမယ့် Notch ကတော့ 20% ပိုပြီးသေးသွားပါတယ်။ iPhone 13 နဲ့ iPhone 13 mini မှာ Super Retina XDR OLED Display အသုံးပြုထားပါတယ်။ iPhone 13 နဲ့ 13 mini အတွက် Apple ရဲ့ A15 Bionic Processor အသစ်ကို မိတ်ဆက်ထားပါသေးတယ်။ အရောင်အနေနဲ့ Red, Starlight, Midnight, Pink, နဲ့ Blue ဆိုပြီးမှာယူရရှိနိုင်ပါတယ်။

Event နဲ့ပက်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုတော့ Apple ရဲ့ Official YouTube Channel မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။