Pre-order စတင်နိုင်ပြီဖြစ်တဲ့ iPhone SE အသစ် နဲ့ Apple ကပြောင်းလဲဖို့ခွင့်ပြုလိုက်တဲ့ Myanmar Region

iPhone SE လို့ပြောလိုက်တာနဲ့ မသိတဲ့သူဆိုတာ တော်တော်လေးရှားပါတယ်။ အရွယ်အစားသေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ ဖုန်းတစ်လုံးဆိုရင်လည်း မမှားပါဘူး။ iPhone SE ကိုတော့ ၂၀၁၆ ခုနှစ် မတ်လမှာ စတင်ထုတ်လုပ်ခဲ့ပြီးတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ မှာတော့ ထုတ်လုပ်မှုကိုရပ်နားလိုက်တာ ဖြစ်ပါတယ်။ နောက်ပိုင်းထွက်ရှိလာတဲ့ iPhone အမျိုးအစားတွေ အရည်အသွေးတော်တော်ကောင်းမွန်ပါတယ်။ ဒီလိုကောင်းမွန်တဲ့အရည်အသွေးတွေနဲ့ အသစ်အသစ်တွေထုတ်လုပ်နေတဲ့ Apple ကတော့ ၂၀၂၀ ခုနှစ် ဧပြီလမှာ ထုတ်လုပ်မှုရပ်နားလိုက်တဲ့ iPhone SE ကို 2nd edition အဖြစ်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ နာမည်ကိုလည်းမပြောင်းလဲဘဲ iPhone SE လို့ပဲ သတ်မှတ်ထားပါတယ်။

Photo source https://www.apple.com/

iPhone SE ရဲ့ OS အနေနဲ့တော့  iOS 13 ကိုအသုံးပြုထားပြီးတော့ Display ပိုင်းမှာ Screen Size 4.7 inch LCD Display နဲ့ 65.4% screen-to-body ratio ကိုအသုံးပြုထားတာ ဖြစ်ပါတယ်။ Resolution အနေနဲ့ 750 x 1334 (326ppi) ပါဝင်မှာ ဖြစ်ပြီးတော့ အလေးချိန်အားဖြင့် 148g ရှိမှာ ဖြစ်ပါတယ်။ CPU အနေနဲ့ Hexa-core ကိုအသုံးပြုပေးထားပါတယ်။ SoC ကိုတော့ iPhone 11 Serie တွေမှာအသုံးပြုတဲ့ A13Bionic Chip ကိုအသုံးပြုပေးထားပြီး Water Resistance အတွက် IP67 ကိုအသုံးပြုထားပေးတဲ့အတွက် ရေအနက် ၁ မီတာမှာ မိနစ် ၃၀ လောက်အထိ ခံနိုင်မှာ ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ဖုန်းတိုင်းလိုလိုမှာ ကင်မရာ နှစ်လုံး၊ သုံးလုံး ကနေ လေးလုံးအထိပါနေပေမယ့် iPhone SE မှာတော့ 12MP Wide ပါဝင်တဲ့ Single Camera တစ်လုံးထဲကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ Single Camera တစ်လုံးပဲ ပါဝင်မှာ ဖြစ်ပေမယ့် iPhone XR အမျိုးအစားလို Portrait တွေနဲ့ Video Recording ကိုလည်း 4K 60fps အထိ ရိုက်ကူးနိုင်မှာဖြစ်ပြီးတော့ Face Detection, HDR, Panorama စတဲ့ feature တွေပါဝင်မှာ ဖြစ်ပါတယ်။ Front Camera အတွက်ကတော့ 7MP camera အသုံးပြုထားပြီး Portrait Selfie ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Photo source https://www.apple.com/

နောက်ပိုင်းထွက်ရှိတဲ့ iPhone အမျိုးအစားတွေထဲမှာ Home Button ပါဝင်တဲ့ နောက်ဆုံးပေါ်ဖုန်းအမျိုးအစားတစ်လုံးလည်း ဖြစ်ပါတယ်။ Face ID မပါဝင်တော့ဘဲ Touch ID ပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Sim Slot အနေနဲ့ Nano SIM ဒါမှမဟုတ် eSIM နဲ့ Dual SIM ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Battery ကတော့ 1821mAh ပါဝင်ပြီးတော့ Fast Charging စနစ်နဲ့ Wireless Charging စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရင်ကထွက်ရှိခဲ့တဲ့ iPhone SE မှာတော့ Space Grey, Silver, Gold နဲ့ Rose Gole စတဲ့အရောင်တွေရမှာ ဖြစ်ပေမယ့် အခု SE ၂၀၂၀ အတွက်ကတော့ While, Black နဲ့ Red သုံးရောင်ပဲ ရရှိမှာ ဖြစ်ပါတယ်။ ဈေးအနေကတော့ 64GB ကို $399, 128GB ကို $449 နဲ့ 256GB ကို $549 ကျသင့်မှာ ဖြစ်ပါတယ်။

Photo source https://www.apple.com/

Apple ID ကိုအသုံးပြုတဲ့အခါ မြန်မာနိုင်ငံမပါပါဘူး ဒါပေမယ့် အခုအချိန်မှာတော့ Myanmar Region ကို ပြောင်းလဲအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Apple အနေနဲ့ Apple ID နဲ့ App Store မှာ Myanmar Region ကို အသိအမှတ်ပြုပြီး ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိသုံးနေတဲ့ Apple ID ကနေ Myanmar Region ကိုပြောင်းလဲ အသုံးပြုမယ်ဆိုရင်တော့ ကိုယ်အသုံးပြုနေတဲ့ iPhone/iPad ရဲ့ App Store ထဲကို ဝင်ရမှာ ဖြစ်ပါတယ်။ Account Icon ကိုနှိပ်ပြီး Country/Region ကိုရွေးပေးရမှာပါ။ Change Country or Region ကိုနှိပ်ပြီး Myanmar ကိုရှာရမှာ ဖြစ်ပါတယ်။ ရွေးပြီးတာနဲ့ Agree ကိုနှပ်ရမှာြဖစ်ပါတယ်။ Payment Method ကိုတော့ None ရွေးပြီးတော့ Biling Address မှာ Street ကိုဖြည့်ပေးရမှာ ဖြစ်ပြီးတော့ နောက်ထပ်ဖြည့်ရတဲ့ Street နေရာမှာတော့ မဖြည့်လည်းရပါတယ်။ City မှာ မိမိနေထိုင်တဲ့ မြို့နာမည် State/Division မှာတော့ မိမိနေထိုင်တဲ့ တိုင်းနဲ့ ပြည်နယ်ကို Select လုပ်ပေးရမှာ ဖြစ်ပါတယ်။ Postcode မှာတော့ မိမိနေထိုင်တဲ့ မြို့/မြို့နယ်ရဲ့ စာပို့ကုဒ်ကို ထည့်ရမှာပါ။ ဖုန်းနံပါတ်ကိုဖြည့်သွင်းပြီးတော့ Next ကိုနှပ်ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ Apple ID ကို မူလ Region ကနေ Myanmar Regionကို ပြောင်းလဲပြီးသွားပြီ ဖြစ်ပါတယ်။ သတိထားရမယ့်အချက်အနေနဲ့ကတော့ လက်ရှိအသုံးပြုနေတဲ့ Apple ID ထဲမှာ လက်ကျန်ငွေမရှိတော့မှသာ အခြား Region ကိုပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။