Apple ကအသစ်မိတ်ဆက်လိုက်တဲ့ Tracker ပစ္စည်းအသစ် Apple AirTag

Apple AirTag ဆိုတာကတော့ Apple ရဲ့ Fine My ecosystem ကို ကျယ်ကျယ်ပြန့်ပြန်အသုံးပြုစေချင်တဲ့အတွက် ထုတ်လုပ်လိုက်တဲ့ Product တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့အသုံးအဆောင်ပစ္စည်းတွေ ပျောက်တာပဲ ဖြစ်ဖြစ်၊ ရှာလို့မတွေ့တာပဲဖြစ်ဖြစ် ရှာရလွယ်ကူအောင် လက်ကိုင်အိတ်တွေ၊ ပိုက်ဆံအိတ်တွေ၊ သော့၊ လွယ်အိတ်နဲ့ တစ်ခြားအသုံးဆောင်တွေမှာ တပ်ဆင် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ end-to-end encryption ကိုအသုံးပြုထားတဲ့အတွက် လုံခြုံမှုရှိပြီး တည်နေရာကို Apple ရဲ့ Find My Network အသုံးပြုပြီး ကိုယ်တိုင်ပဲရှာလို့ရမှာပါ။ 

Photo source https://apple.co/3xhLxUR
AirTag ကိုစတင်အသုံးပြုတော့မယ်ဆိုရင်တော့ AirPods တွေကို ချိတ်ဆက်အသုံးပြုသလိုပါပဲ iPhone ရဲ့ အနီးအနားကို ယူလာပြီးတော့ ဖုန်းမှာပေါ်လာတာနဲ့ ကိုယ်တပ်ဆင်မယ့် ပစ္စည်းနာမည် ဒါမှမဟုတ် အသုံးပြုတဲ့သူရဲ့ နာမည်ကိုဖြစ်ဖြစ် သတ်မှတ်ပေးပြီး ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ Apple ရဲ့ တစ်ခြား Product တွေလို အရွယ်အစား ကြီးကြီးမားမား မဟုတ်ဘဲနဲ့ ပေါ့ပါးတဲ့အလေးချိန် stainless steel အသုံးပြုထားတဲ့ ကြယ်သီးပုံစံပစ္စည်းတစ်မျိုးပါ။ အချင်း ၁.၂၆ လက်မ အပြင့် ၀.၃၁ လက်မနဲ့ ၁၁ဂရမ် အလေးချိန်ပဲရှိပါတယ်။ IP67 ရေနဲ့ ဖုန်ဒဏ်ကာကွယ်မှုကို အသုံးပြုပေးထားပြီးတော့ AirTag ကိုရှာဖွေဖို့ အသံစနစ်တစ်ခုကိုလည်း တပ်ဆင် ထားပေးပါသေးတယ်။

AirTag တွေကိုတော့ Apple-designed U1 Chip တွေကို Ultra-Wideband နည်းပညာ အသုံးပြု တပ်ဆင် ပေးထားပြီးတော့ iPhone 11 နဲ့ iPhone 12 အသုံးပြုသူတွေအတွက် နေရာတိတိကျကျနဲ့ ရှာလို့လွယ်ကူစေမှာပါ။ Battery အနေနဲ့ကတော့ CR2032 Battery ကိုတပ်ဆင် အသုံးပြုထားပါတယ်။ ရှာဖွေတဲ့နေရာမှာတော့ Bluetooth ကိုအသုံးပြုမှာြဖစ်ပါတယ်။ Siri ကိုဖွင့်ပြီးတော့လည်း အသုံးပြုသူတွေအနေနဲ့ AirTag ကိုအသံပေးပြီး ရှာလို့ရပါသေးတယ်။

Photo Source https://apple.co/3xhLxUR
လက်ရှိမှာတော့ apple.com ကနေ AirTag ကိုမှာယူတော့မယ်ဆိုရင် စာလုံးတွေနဲ့ ရွေးချယ်စရာ emoji ၃၁ ခုကိုပါ စိတ်ကြိုက်ရွေးချယ်ထည့်သွင်းနိုင်ပါသေးတယ်။ AirTag ကိုအိတ်တွေထဲ ထည့်ပြီးတော့အသုံးပြုနိုင်သလို ပေါ့ပါးပြီး အသုံးခံတဲ့ AirTag accessories ဖြစ်တဲ့ AirTag Hermès တွေနဲ့လဲ တွဲဖက်အသုံးပြုနိုင်ပါသေးတယ်။ AirTag Hermès တွေနဲ့ဆိုရင်တော့ အိတ်အလှဆင်ပစ္စည်းလိုသုံးသုံး၊ သော့ချိတ်လိုပဲသုံးသုံး၊ ခရီးဆောင်အိတ်တွေ၊ လက်ဆွဲအိတ်တွေမှာပဲ သုံးသုံး အသုံးပြုရလွယ်ကူစေမှာပါ။ AirTag accessories တွေကိုတော့ သီးသန့်အနေနဲ့ ရောင်းချမှာယူရမှာ ဖြစ်ပါတယ်။
AirTag တစ်ခုကို ၂၉ ဒေါ်လာနဲ့ လေးခုမှာယူမယ်ဆိုရင်တော့ ၉၉ ဒေါ်လာနဲ့ မှာယူရရှိနိုင်မှာ ဖြစ်ပါတယ်။ April 30 ကစတင်ရောင်းချမှာလည်း ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် အောက်ပါလင့်ခ်ကနေ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

https://apple.co/3xhLxUR