မြန်မာနိုင်ငံရှိ (MSMEs) များနှင့် Startups များ အတွက် ၂၀၂၂ ခုနစ်အတွက် ဒုတိယအကြိမ်မြောက် Accelerate Regional Membership အား Impact Hub Yangon မှ ပြန်လည်ခေါ်ယူ

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်း (MSMEs) များနှင့် Startups များ အတွက် Impact Hub Asia Pacific နှင့် Bank of America မှစီစဉ်ပြုလုပ်တဲ့ ၂၀၂၂ ခုနစ်အတွက် ဒုတိယအကြိမ်မြောက် Accelerate Regional Membership အား Impact Hub Yangon မှ ပြန်လည်ခေါ်ယူနေပါပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် Covid-19 နဲ့ အခြေအနေမတည်ငြိမ်မှုများကြောင့် ကြပ်တည်းလျက်ရှိတဲ့ ကာလမှာ Accelerate Regional Membership သည် မြန်မာပြည်တွင်းမှာရှိတဲ့ လူမှုအကျိုးပြု စီးပွါးရေးလုပ်ငန်းများကို အခက်အခဲများကြားမှာ ဆက်လက်ရပ်တည်နိုင်ရန်နဲ့ လုပ်ငန်းများအားရေရှည်တည်တံ့နိုင်စေရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သောနှစ် ၂၀၂၁ တွင် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းပေါင်း (၁၀) ခုကိုရွေးချယ်ကာ ကျွမ်းကျင်ပညာရှင်များရဲ့ ပို့ချမှုများ၊ လမ်းပြအကြံပေးမှုများနဲ့အတူ အရည်အသွေးနှင့် နည်းပညာများ ပြန်လည်ဖြည့်တင်းပေးနိုင်ခဲ့ပါတယ်။

Photo Source https://web.facebook.com/497384413705846/posts/4741201305990781/?_rdc=1&_rdr

Accelerate Regional Membership သည် အာရှပစိဖိတ်ဒေသအတွင်းမှာ ရှိတဲ့ မြို့ကြီး (၁၁) မြို့မှ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား အတူတကွစုစည်းတွေ့ဆုံစေကာ ပူးပေါင်းဆောင်ရွက်ခြင်းကို အားပေးတဲ့ Impact Hub Global Network နှင့်ချိတ်ဆက်ပေးပြီး လုပ်ငန်းတိုးတက်ရေးနဲ့ ရေရှည်တည်တံ့ရေးအတွက် စနစ်တကျရွေးချယ် ပြုလုပ်ထားတဲ့ အရည်အသွေးနဲ့ နည်းပညာအကူအညီများ ပံ့ပိုးပေးမည့် Membership အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
Accelerate Regional Membership ရဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁)လုပ်ငန်းလိုအပ်ချက်နဲ့ကိုက်ညီပြီး လုပ်ငန်းအရည်အသွေးမြှင့်တင်နိုင်မဲ့ စနစ်တကျရွေးချယ်ထားတဲ့ စီပွားရေးနှင့် နည်းပ ညာဆိုင်ရာ အကူအညီများရရှိနိုင်ခြင်း။
(၂) ကျွမ်းကျင်ပညာရှင်များရဲ့ လမ်းညွန်အကြံပေးခြင်းများ၊ တစ်ဦးချင်းဆွေးနွေးပေးမှုများအားရရှိနိုင်ခြင်း။
(၃) လုပ်ငန်းရဲ့ရည်မှန်းချက်အား အထောက်အကူဖြစ်စေမဲ့ ဗဟုသုတများရရှိမဲ့အပြင် သက်ဆိုင်ရာ မိတ်ဖက်များနဲ့ ချိတ်ဆက်ခွင့်ရရှိနိုင်ခြင်း။
(၄) ဒေသတွင်းမှာရှိတဲ့ Impact Hub Community နှင့်ချိတ်ဆက်ခွင့်ရရှိခြင်း။
(၅) နိုင်ငံတကာမိတ်ဖက်များဖြစ်တဲ့ Bank of America အစရှိသည်တို့မှ စွမ်းဆောင်ရည်မြှင့်သင်တန်းများရရှိခြင်း။
(၆) အာရှပစိဖိတ်တစ်ဝှမ်းမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းများနှင့် ချိတ်ဆက်ခွင့်ရရှိခြင်း။
(၇) နိုင်ငံတကာမိတ်ဖက်များထံမှ လုပ်ငန်းအတွက်အသုံးဝင်မဲ့ Business Tools များအား လျော့ဈေးများဖြင့်ရရှိနိုင်ခြင်း အစရှိ တဲ့ အကျိုးကျေးဇူးများစွာ ရှိပါတယ်။
Accelerate Regional Membership ကိုအောက်ပါလုပ်ငန်းတွေ လျောက်ထားနိုင်ပါတယ်။
(၁) လုပ်ငန်းစတင်ခါစအဆင့် (သို့) တိုးတက်ခါစအဆင့်လုပ်ငန်းများ လျှောက်ထားနိုင်ပါသည်။
(၂) ကုလသမဂ္ဂမှချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များထဲမှ အနည်းဆုံးတစ်ခုအား ဖြေရှင်းပေး နေသော လုပ်ငန်းဖြစ်ရပါမယ်။
(၃) အခြားဒေသများမှလူများနှင့် ချိတ်ဆက်ပြီး တိုးတက်အောင်လုပ်ဆောင်လိုသော လုပ်ငန်းများအား လျှောက်ထားရန် တိုက်တွန်းပါသည်။
(၄) အာရှပစိဖိတ်ဒေသတွင်းရှိ Impact Hub များအခြေစိုက်ရာနိုင်ငံများမှ လုပ်ငန်းများလျှောက်ထားနိုင်ပါသည်။
(၅) ပရိုဂရမ်မှပြုလုပ်သော အစီအစဉ်များအားပါဝင်နိုင်သော လုပ်ငန်းများဖြစ်ရန်လိုပါသည်။
(၆) အမျိုးသမီးလုပ်ငန်းရှင်များနှင့် ထိလွယ်ရှလွယ်သော လူ့အသိုင်းအဝိုင်းများကို ကိုယ်စားပြုနေသော လုပ်ငန်းရှင်များအား လျှောက်ထားရန် အထူးတိုက်တွန်းပါသည်။
Impact Hub Yangon မှ ရွေးချယ်ခံရသူ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအား သင့်လျော်သော အကြံပေးဆွေးနွေးမှုများဖြင့် ပူးပေါင်းကူညီသွားမှာဖြစ်ပါတယ်။ Accelerate Regional Membership သည် အခကြေးငွေမယူသော Program ဖြစ်ပြီး အစီအစဉ်များအား အွန်လိုင်းမှတစ်ဆင့်သာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Impact Hub Yangon မှ အကြံပေးဆွေးနွေးသော အပိုင်းများမှ လွဲ၍ အစီအစဉ်များအား အင်္ဂလိပ်ဘာသာစကားဖြင့်သာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ယခု Program အား စိတ်ပါဝင်စားပါက ဧပြီလ (၃) ရက်၊ ၂၀၂၂ နောက်ဆုံးထားပြီး လျှောက်ထားနိုင် ပါတယ်။ အောက်ဖော်ပြပါလင့်ခ်တွင် အချက်အလက်များဖြည့်သွင်းပြီး Accelerate Regional Membership အားလျှောက် ထားနိုင်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSfBY5lUp0xBACVj18zDSAZ5dRR7Wpp4w-Fh_nwczmDoTCFV4g/viewform
အခြားသော အသေးစိတ် အချက်အလက်များကို http://www.acceleratemembership.net တွင်ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်။